ကဆုန်​လရဲ့ရာသီပန်း

in #myanmar6 years ago

ကဆုန်​လရဲ့ပွဲ​တော်

စကားဝါပန်းသည်​ ကဆုန်​လရဲ့ရာသီပန်းသတ်​မှတ်​​ပေမဲ့ တံခူးလမှစ၍ပွင့်​ကြ​လေသည်​၊ စကားဝါပန်းသည်​​ရွှေဝါ​ရောင်​ရှိပြီး အနံ့ကအလွန်​တရာ​မွှေးကြိုင်​ပါသည်​၊ ပွင့်​ဖတ်​အသားမှာတခြားပန်းများနှင့်​မတူပဲ သူကနဲနဲပိုထူပါတယ်​၊စကားဝါပန်းများ အဓိက​ပေါများ​ပေါက်​​ရောက်​တဲ့​ဒေသက​တော့ မြန်​မာနိုင်​ငံပုပ္ပား​တောင်​ပင်​ဖြစ်​သည်​၊

sagarwar-8.jpg

https://goo.gl/images/bKX9Go

ထို​ကြောင့်​ စကားဝါးပန်းဟု​ပြောလိုက်​လျှင်​ပုပ္ပား​တောင်​ကိုတန်းပြီးမျက်​စိထဲမြင်​လာသလို ပုပ္ပား​တောင်​ဟု​ပြောလိုက်​လျှင်​ စကားဝါပန်းကိုမျက်​စိထဲ မြင်​လာပါသည်​၊ ထို​ကြောင့်​ စကားဝါပန်းနဲ့ပုပ္ပား​တောင်​ခွဲ ခြားမရနိုင်​​ပေ၊ ပုပ္ပား​တောင်​ကို နတ်​တို​ပျော်​စံရာ​တောင်​ဟုလူသိများသလို စကားဝါပန်းကိုလည်းနတ်​တို့ရဲ့ပန်းဟုတင်​စားကြ​လေသည်​၊ စကားဝါပန်းပွင့်​သည့်​ရာသီချိန်​တွင်​ပုပ္ပား​တောင်​တခုလုံးဝါထိန်​​နေ​အောင်​ပွင့်​ကြသဖြင့်​ ပုပ္ပား​တောင်​ကို ​တောင်​​တော်​​ရွှေပုပ္ပားဟုတင်​စားကြ​လေသည်​၊ ပုပ္ပား​တောင်​သို့အလည်​အပတ်​သွား​ရောက်​လျှင်​ စကဝါပန်းများ ဆယ့်​နှစ်​လရာသီမ​ရွေး​တွေ့ရမှာဖြစ်​ပါတယ်​၊ စကားဝါပန်းပင်​များမှဆယ့်​နှစ်​လလုံးပွင့်​ကြသည်​မဟုပ်​ပဲ စကဝါပန်းများကို ဆယ့်​နှစ်​လလုံး မညှိုးမနွမ်း​စေရန်​ ပုလင်းများနှင့်​​ဆေး​ရေစိန်​ထား​သော​ကြောင့်​ဖြစ်​​လေသည်​၊ ထိုစကားဝါပန်းများကို ပုပ္ပား​တောင်​​ရောက်​အမှတ်​တရအဖြစ်​ အနယ်​နယ်​အရပ်​ရပ်​မှ ဝယ်​ယူကြ​လေသည်​၊

FB_IMG_1545008255328.jpg

https://goo.gl/images/mz33YM

စကားဝါပန်းများကို မိုး​ရေ သိုမဟုပ်​ ​ရေသန့်​ကို ​ကျောက်​ချဉ်​အနည်းငယ်​ထည့်​၍ မညှိုးမနွမ်း​စေရန်​ ပုလင်းထဲတွင်​စိန်​ထား​လေသည်​၊ ​​ထို​နောက်​ပုလင်းကို​လေလုံ​အောင်​ပိတ်​၍ထားခြင်းဖြင့်​ စကားဝါပန်းများသည်​ အ​ရောင်​မ​ပြောင်းဘဲ ​ရွှေဝါရောင်လေးအဖြစ်နှစ်ရှည်လများအထားခံပါသည်​၊ စကားဝါပန်းတို့နဲ့ ​ရွှေဝါ​ရောင်​​တောက်​​နေ​သော​တောင်​​တော်​​ရွှေပုပ္ပားသို့သွားလိုလျှင်​ မန္တ​လေးတိုင်း မြင်းခြံခရိုင်​ ​ကျောက်​ပန်း​တောင်းနယ်​မှာတည်​ရှိပါတယ်​၊

Sdc11722.jpg

https://goo.gl/images/bfN86g

မြန်​မာတို့ရဲ့အ​မွေအနှစ်​ ပုဂံဘုရားများနှင့်​နီးသဖြင့်​ ပုဂံသို့ အလည်​အပတ်​လာရင်းနှင့်​ တဆက်​တည်းပုပ္ပား​​တောင်​ သို့လည်​ကြတာများပါသည်​၊ ပုပ္ပား​တောင်​သည်​ တခြား​ဒေသများကဲ့သို့​စေတီပုထိုးများ​ကြောင့်​နံမယ်​ကြီးခြင်းမဟုပ်​ဘဲ ​တောင်​ကလပ်​​ကြောင့်​ နံမယ်​ကြီးခြင်းဖြစ်​​လေသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ပုပ္ပားတောင်ကို ဘယ်နှစ်ကြိမ်ရောက်ရောက် မရိုးနိုင်ဘူးဗျာ။

You got a 50.00% upvote from @sleeplesswhale courtesy of @yuzana!

လှလိုက်​တာ...စကားဝါပန်းပွင့်​​လေး​တွေ....😊

Posted using Partiko Android

ပုဂံကနေပုပ္ပါးသွားရင် နီးတာပေါ့နော့

Posted using Partiko Android

မရောက်ဖြစ်တာတောင် ကြာပြီ။အညာရဲ့အိုအေစစ်လေးပါ။

စံကားဝါပန်းနဲ့ ပုပ္ပါးတောင်ကတော့ ခွဲခြားမရပါဘူး

Posted using Partiko Android

ဗျတ္တပန်းခူးတဲ့ပုပ္ပား ပန်းဆက်သမားနဲ့  ပုပ္ပား

ဒေသသင်္ကေတပေါ့နော်

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.24
JST 0.034
BTC 95696.21
ETH 2793.14
SBD 0.67