ခရီးစဉ်မှတ်တမ်း
အားလုံးမင်္ဂလာပါခင်ဗျာ့
ကျွန်တော်ဒီနေ့ ပရိုကိုမတင်ဖြစ်တော့ဘူးလားလို့ဗျာ့ ဆိုင်ကယ်နဲ့ခရီးသွားနေတာဆိုတော့ မရေးဖြစ်ဘူး ၊ ကျွန်တော်ပခုက္ကူကရွာရောက်တော့ နားမနေနိုင်ဘူးဗျာ့ ဘာဖြစ်လို့လဲဆို နောက်ရက်ဥပုတ်နေ့ ဆိုင်တွေပိတ်မှာ နောက်ရက်ကြတခါ သင်္ကြန်အကြိုနေ့ အဲ့ဒီတော့ သင်္ကြန်ပီးထိမစောင့်နိုင်ဘူး ကျွန်တော့ပစ္စည်းသွင်းဖို့က အဲ့ဒါကြောင့်ချက်ချင်းပြေးပို့လိုက်ရတယ်၊
အဲ့နေ့ညကပင်ပန်းတော့အိပ်ကောင်းလိုက်တာဗျာ စောစောအိပ်လိုက်တော့နောက်ရက်အစောကြီးအိပ်ရာကနိုးတော့တာဘဲ အိပ်ရာနိုးတော့ ပြင်းပါတယ်ကွာကလေးမြို့တက်အုံးမယ်ဆိုပြီး ပေါက် လမ်းဖက်အတိုင်းဆိုင်ကယ်မီးဖွင့်ပြီးစီးလာခဲ့ပါတယ်၊ ပေါက် မြို့ရောက်တော့ ကျွန်တော်နဲ့ညီအကိုတော် ငယ်သူငယ်ချင်း သူရဲ့ကုန်စုံဆိုင်စဖွင့်တုန်းရှိပါသေးတယ်၊ သူတိုကသူဌေးဗျာ့ ကားနှစ်စီးနဲ့ဈေးထဲမှာကုန်စုံဆိုင်နဲ့ သူ့အိမ်ကလဲတိုက်နဲ့ ကျွန်တော့ကိုရုပ်တရက်တွေ့တော့ အားရဝမ်းသာ ဟာ မင်းဘယ်ကဘယ်လိုရောက်လာတာလဲငါ့ဆီကို ဆိုပြီးဝမ်းသာအားရ ခရီးဆောင်အိပ်ကိုဖြုတ်ပါတော့တယ်၊ သူ့ဆီအလည်လာသူ့ဆီအိပ်မယ်ထင်ပြီးပေါ့၊ ဟာ ဟေ့ကောင်ငါကလေးမြို့သွားမလို့ မင့်ဆီငါအိပ်လို့မဖြစ်ဘူးလို့ပြောလိုက်တော့ သိပါဘူးကွာငါ့ဆီအလည်လာတယ်မှတ်လို့ အိပ်သွားပါကွ မတွေ့ရတာကြာပြီဘဲ အပြန်အိပ်မယ်ကွာခုတော့အသွားမအိပ်တော့ဘူးလို့ သူကျေနပ်အောင်ပြောလိုက်ရပါတယ်၊
ဒါနဲ့သူကလ္ဘက်ရည်ဆိုင်ခေါ်ပြီး လ္ဘက်ရည်သောက်ရင်းစကားပြော နောက်ခနနေတော့ ကျွန်တော်လည်းခရီးဆက်ထွက်လာခဲ့ပါတယ်၊ အဟီးးး ဘာရယ်မဟုပ်ဖူးရေးစရာမရှိလို့ရှောက်ရေးတာ လာဖတ်တဲ့သူတွေကို အားတော့နာပါတယ်ဗျာ နောက်ကျမှ ကျွန်တော်အချိန်ရတဲ့အချိန်မှ စာကိုများများရေးပါမယ်၊ အခုတာ့သီးခံဖတ်ပေးကြပါလို့ပြောကြားရင်း..တော်သေးပြီ၊
Post writer=@yuzana(shineshine)
MSC=146
ဒီလိုလေး ငယ်သူငယ်ချင်းနဲ့ဆုံတာလေးလည်း အမှတ်တရ ဖြစ်တာပါပဲအစ်ကို။
Posted using Partiko Android
ဘာဖြစ်ဖြစ်ခရီးသွားအကြောင်းဖတ်ရတာပါပဲ....
Posted using Partiko Android