အီလက်​ထ​ရောနစ်​ကမ္ဘာ

in #myanmar7 years ago

အီလက်​ထ​ရောနစ်​စက်​ပြားများသည်​အများအာဖြင့်​ AC တိုက်​ရိုက်​လျှပ်​စစ်​ဖြင့်​မတည်​​ဆောက်​ကြ​ပေ၊တည်​​ဆောက်​လို့လဲမရ​ပေ။ACမှDCအဖြစ်​​ပြောင်းပြီးအလုပ်​လုပ်​ကြသည်​၊စက်​ပြားမှာ တပ်​ဆင်​ထား​သောအိုင်​စီနှင့်​ထရန်​စစ္စတာတို့ရဲ့လိုအပ်​​သော ဗို့အား ကြိမ်​နူန်း အင်​ပီယာတိုကို DCအဖြစ်​​ပြောင်​ထား​သောလျှပ်​စစ်​ကိုကွန်​ဗာတာဖြင့်​ထုတ်​၍ ယူရ​လေ၏၊။

diode-symbol-direction.png

ကွန်​ဗာတာဖြင့်​ထုပ်​ယူ၍ရ​သောဗို့အားအမျိုးမျိုးကို DCအဖြစ်​တဖန်​ပြန်​​ပြောင်းကာသက်​ဆိုင်​ရာအိုင်​စီနှင့်​ ထရန်​စစ္စတာတိုဆီသို့ ပို့​ပေးရ၏။ဤကဲ့သို့ပြုလုပ်​​ပေး​သောအပိုင်းကို ပါဝါဆပ်​ပလိုင်းပိုင်းဟု​ခေါ်၏ ။ မီးအားအနဲအများ​ကြောင့်​ပြက်​ခြင်းများသည်​ အများအာဖြင့်​ပါဝါဆပ်​ပလိုင်းမှာသာအပြက်​များ၏။
အကယ်​၍ပါဝါဆပ်​ပလိုင်းမှမပြက်​ဘဲ တင်းခံ​နေမှသာ အိုင်​စီနှင့်​တခြားပစ္စည်းများကိုပြက်​တပ်​၏။ ရှိ​စေ​တော့ဒီ​နေရာမှာ ACမှာDCသို့​ပြောင်းလဲရာတွင်​အသုံပြု​သောပစ္စည်းသည်​အ​ရေးပါလာ၏။

220px-Dioden2.jpg

ACမှDCသို့​ပြောင်းလဲရာမှာအသုံးပြု​သောပစ္စည်းကိုဒိုင်​အုပ်​ဟု​ခေါ်၏။ ထိုဒိုင်​အုပ်​ရဲ့သ​ဘောတရားမှာ +တလှည့်​-တလှည့်​ဖြင့်​​ရော၍ဝင်​​ရောက်​လာ​သောACကြိမ်​နူန်းကို +ဆိုအ​ပေါင်းခြည်းသီးသန့်​-ဆိုအနုပ်​ခြည်းသီးသန့်​ခွဲထုပ်​​ပေး၏။ ဒိုင်​အုပ်​ဖြင့်​ခံ၍ခွဲထုပ်​ပြီး​သောလျှပ်​စစ်​ဓာပ်​သည်​ ဘက်​ထရီးအိုးမှရ​သော DCလျှပ်​စစ်​ဓာပ်​နှင့်​တူ၏။ ထို​ကြောင့်​ချာချင်​ဘယ်​ထရီအားသွင်းပုံးများသည်​ စတပ်​​ဒေါင်းမိန်းထုပ်​နှင့်​ဒိုင်​အုပ်​တို့ကိုအဓိကထားပြီးတည်​​ဆောက်​ကြ​၏။

1463710432.jpg

ဒိုင်​အုပ်​တခု၏အစွန်​နှစ်​ဖက်​တွင်​ အဖြူရစ်​ (သိုမဟုပ်​)အမှတ်​အသားတခုခု ပါ​သောဖက်​ကို ကက်​သုပ်​ဟု​ခေါ်ပါသည်​။ အဲ့နုပ်​ဖက်​မှ အ​ပေါင်းဗို့​ပေးသွင်းလျှင်​ကက်​သုပ်​ဖက်သို့အ​ပေါင်းဗို့စီးဆင်း​စေ၏။ အကယ်​၍အနုပ်​ဗို့​ပေးသွင်းလျှင်​​တော့ကက်​သုပ်​ဖက်​သို့မစီးဆင်း​ပေ ။ တဖန်​ကက်​သုပ်​ဖက်​မှအနုပ်​ဗို့​ပေးလျှင်​ အဲနုပ်​ဖက်​သို့အနှုပ်​ဗို့စီးဆင်း​စေ၏၊ကက်​သုပ်​ဖက်​မှအ​ပေါင်းဖို့​ပေးလျှင်​ မစီးဆင်းနိုင်​​ပေ ၊ထို​ကြောင့်​ဘက်​ထရီနှင့်​အသုံပြုရ​သောအီလက်​ထ​ရောနစ်​များတွင်​ဘက်​ထရီမှားချိတ်​မိလျှင်​ ​လောင်​မသွား​စေရန်​ ဒိုင်​အုပ်​ခံထား​လေ၏။ထိုသို့ပြုလုပ်​ခြင်းကို အမှားခံတပ်​သည်​ အမှားခံပါသည်​ဟု​ပြောကြပါသည်​ ။အမှန်​မှာဒိုက်​အုပ်​တပ်​ထားခြင်းဖြစ်​ပါသည်​။ထို​ကြောင့်​ မာလတီမီတာကို 1အုန်း သို့မဟုပ်​ 1xမှာထားပြီးဒိုင်​အုပ်​ကိုခွ၍ အပြန်​အလှန်​တိုင်းကြည့်​ရ၏။ ထိုသို့တိုင်းရာတွင်​ အဲ့နုပ်​ဖက်​ကို မီတာအနုပ်​တံကိုထား ကက်​သုပ်​ဖက်​ကိုမီတာအ​ပေါင်းတံထားတိုင်းလျှင်​မီတာမတက်​​ပေ၊အဲနုပ်​ဖက်​ကိုမီတာအ​ပေါင်းတံထား ကက်​သုပ်​ဖက်​ကိုမီတာအနုပ်​တံထားတိုင်းလျှင်​မီတာတံတက်​လျင်​ ထိုဒိုင်​အုပ်​သည်​​ကောင်းသည်​ဟု အကြမ်းဖြင်းတွက်​လို့ရ၏။ဒိုင်​အုပ်​များသည်​ ပုံစံအမျိုးမျိုးရှိကြ​လေ၏။သူတို့တည်​​ဆောက်​​သောစက်​ပြားနှင့်​ကိုက်​ညီမည့်​ပုံစံကိုပြုလုပ်​ကြသဖြင့်​ပုံစံဘယ်​နှစ်​မျိုးရှိလဲ​တောင်​မသိ​တော့ပါ ။နီးစပ်​ရာပုံစံအမျိုးအစားများကို​ဖော်​ပြလိုက်​ပါ၏။

untitleda.jpg

အေစီမှ ဒီစီိသို့​ပြောင်းလဲရာတွင်​​ပြောင်းပုံ​ပြောင်​နညှ်း​မြောက်​များစွာရှိ​သောလည်းအများသုံတဲ့နည်းသုံးနည်းမျှသာ​ဖော်​ပြပါမည်​ ။
Half wave (လှိုင်းဝက်​)၊ Bridgeတည်​​ဆောက်​နည်း( ဒိုင်​အုပ်​​လေးလုံး) Full wave (လိုင်းပြည့်​ ) သုံးမျိုးရှိပါသည်​ ၊လှိုင်းဝက်​သည်​ ကြိမ်​နူန်းရဲ့သက်​​ရောက်​မှူလိုအပ်​​သောအိုင်​စီများနှင့်​တခြားပစ္စည်းများလိုအပ်​​သောအခါတွင်​လှိုင်းဝက်​ကိုသုံး၏။ လှို်​င်းဝက်​ထုပ်​ရာတွင်​လွယ်​ကူစွာတပ်​ဆင်​နိက်​၏။( ပုံ1ကိုကြည့်​ပါ)၊ ဒို​အုပ်​တလုံးကိုသာ ACလမ်း​ကြောင်းတခု​ပေါ်တွင်​အဲနုပ်​ဘက်​ကအဝင်​တပ်​ဆင်​ပြီး ကက်​သုပ်​ဖက်​အ​ပေါင်းဖို့ထွက်​သွား​လေ၏။ကျန်​​သောACလမ်း​ကြောင်းကို အနုပ်​ဖို့ယူ၍ DCအဖြစ်​ဖန်​တီးယူ၏။ယခင်​ ဘက်​ထရီအားသွင်းပုံးများတွင်​ဤကဲသို့တပ်​ဆင်​ကြတာ​တွေ့ရ​လေသည်​ ။ဤတပ်​ဆင်​နည်းသည်​ဘက်​ထရီအိုးအမြန်​အားပြည့်​ပြီးဘက်​ထရီအိုးအနည်းနှင့်​အများနာတာကို​တွေ့ရ​လေသည်​ အရပ်​အ​ခေါ်အရအပူသွင်းဟု​ခေါ်ကြ​လေ၏။

untitledb.jpg

Bridge တည်​​ဆောက်​ပုံမှာဤကဲ့သိ့မဟုပ်​ဘဲ DC စစ်​စစ်​ရ​အောင်​​ဆောက်​ရသဖြင့်​ ဒိုင်​အုပ်​​လေးလုံးကုန်​၏။ (ပုံ2ကိုကြည့်​ပါ) ACလမ်း​ကြောင်းတ​ကြောင်း​ပေါ်တွင်​ ဒိုင်​အုပ်​နှစ်​လုံးအား အဲနုပ်​တဖက်​ကဝင်​ ​နောက်​တလုံးကိုကက်​သုပ်​တဖက်​မှဝင်​ခိုင်းလိုက်​၏။နောက်​AC လမ်း​ကြောင်းတ​ကြောက်​ကိုလဲဤကဲ့သို့ဝင်​ခိုင်းကာဒိုင်​အုပ်​နှစ်​လုံးကိုတပ်​ဆင်ေ၏။ ထို​နောက်​ဒိုင်​အုပ်​မှအထွက်​ ကက်​သုပ်​ကက်​သုပ်​ခြင်း​ပေါင်း ၊အဲ့နုပ်​အဲနုပ်​ချင်း​ပေါင်းကာ အဖိုအမ အ​ပေါင်းအနုပ်​ကိုယူ​စေ၏။ ဤကဲ့သို့Bridge တည်​​ဆောက်​ခြင်းဖြင့်​ DC စစ်​စစ်​ရရှိက ဘယ်​ထရီအိုးများကိုသက်​သာ​စေ၏။အရပ်​အ​ခေါ်အရအ​အေးသွင်းဟု​ခေါ်​လေသည်​။

untitledc.jpg

Full wave တည်​​ဆောက်​နည်းမှာ ထရန်​စ​ဖော်​မှာမိန်းထုပ်​မှ အလယ်​စကို အနုပ်​ (ground)ယူ၍
ကျန်​နှစ်​စကို ဒိုင်​အုပ်​နှစ်​လုံးရဲ့အဲနုပ်​ဖက်​မှဝင်​၍ ကက်​သုပ်​ဖက်​အထွက်​နှစ်​စ​ပေါင်းကာ + အ​ပေါင်းဗို့ကိုရယူ​လေ၏ ၊ (ပုံ3 ကိုကြည့်​ပါ) ဤတည်​​ဆောက်​နည်းသည်​ မည်​သည့်​လိုင်းမှမပါဘဲ အငြိမ်​ဆုံးDC ဗို့ကိုရရှိ​စေ၏

images (13).jpeg

ဒီ​လောက်​ဆိုရင်​ဒိုင်​အုပ်​အလုပ်​လုပ်​ပုံကိုနဲနဲသ​ဘော​ပေါက်​လိမ့်​မည်​ထ်​ပါသည်​။ ကျွန်​​တောသည်​ သင်​ရိုးညွှန်းတန်းစာအုပ်​ဘာမှမရှိသဖြင့်​ကျွန်​​တော်​နားလည်​သလိုအ​တွေ့အကြုံအရ​ရေးရသဖြင့်​အခက်​အခဲရှိပါသည်​ ထို​ကြောက့်​ဗဟုသုတရရန်​​လောက်​သာ​ရေးသားပါသည်​ဟုဝန်​ခံပါသည်​။ ပြည်​ပြည့်​စုံစုံကြီးမဟုပ်​ပါ လိုအပ်​ချက်​များ မ​ရေးမိ​သောအ​ကြောင်းအရာများ​မြောက်​များစွာကျန်​ပါ​သေးသည်​။
နောက်​အပတ်​မှာဘက်​ထရီအားသွင်းချာဂျင်​ပုံးထိုင်​ပုံထိုင်​နည်း​ရေးသားပါအုန်းမည်​ အားလုံးကို​ကျေးဇူးတင်​ပါသည်​။

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

နည်းပညာဗဟုသုတရလို့ ကျေးဇူးပါဗျ

post တင်တိုင်းလေ့လာမှတ်သားနေပါတယ် အကိုယုဇနရေ ကျေးဇူးပါ

ကျေးဇူးပါဗျာ

Electronicနှင့်​ပတ်​သက်​ပြီး​ပြောပြ​ပေးတာမသိတာသိရပြီးဗဟုသုတရ​ပါတယ်​....diode,anode,cathodeအ​ခေါ်အ​ဝေါ်​တွေ​တော့ရင်းနှီး​နေတယ်​....physicsမှာ

ကျောင်းစာ​တွေ ​ကျောင်းပြန်​ကုန်​ပြီ

အသိပညာရရှိတဲ့ electronic postလေးပါ။နောက်လည်းများများတင်ပေးပါ

ဆက်​​ရေးမှာပါဗျာ ဒါဘဲ ရင်​ထဲ​ရေးစာရှိတာ

အားပေးပီဗျာကိုယုဇန

ကျေးဇူးပါ

ကျွန်တော်နိုင်ငံကအင်ဂျင်နီယာတွေက
electronic အရမ်းအားနည်းကြတယ်ဒီpostလေးက
သေချာဖတ်တဲ့သူတွေအတွက်အထောက်ကူပြုမှာပါ

ဆရာ​ရေ့ပြည့်​စုံ​အောင်​​ရေးဘို့မလွယ်​ဘူးအ ကြမ်းဖြင်း​လောက်​ပဲ

ဘာပဲဖြစ်ဖြစ်ပါ ဗဟုသုတရအောင်ပြောပြပေးလို့ကျေးဇူးပါဗျာ😊😊

ကျေးဇူးပါဗျာ

နင်လဲ ခုထိ photo google အာ့လိုမရတော့ဘူးနော့ ချစ်ဆုံးတောင် crd ပေးတတ်နေပြီ @uthantzin ထဲ ဝင်ကြည့် ငါ နေ့ခင်းကမှ ပြောပြပေးတာ အာ့လိုပေးဟ ဒိုးခဖဲ😎😎မသိလာမေးဟာ

အင်းးးငါလဲ ပြင်​မလို ခုအပတ်​ကအ​လောကြီတင်​လိုက်​ရလို့
နောက်​အပတ်​​ပေါ့ဟာ

အေစီမှဒီစီ သို့ ပြောင်းလဲရာတွင် အသုံးပြုသောအခြေခံ အချက်လေးတွေကို ပြန်လည်ရှင်းလင်းတင်ပြပေးထားတာကျေးဇူးတင်ပါတယ်အစ်ကို။ဆက်ပြီးလေ့လာဖတ်ရှု့ပါအုံးမည်။

ဟုပ်​တယ်​ ဒိုင်​အုပ်​က ​အေစီက​နေဒီ​ပြောင်းတာမှာမိန်းဘဲသူက

အကိုသိတာလေးတွေ ကညီတို့မသိတာလေးတွေဆိုတော့ ဗဟုသုတရပါတယိဗျာ။
နောက်ပိုစ့်တွေကိုလည်းမျှော်နေပါတယ်အကိုရေ။

ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.25
JST 0.034
BTC 94343.80
ETH 2658.47
USDT 1.00
SBD 0.67