တော်သလင်းလလှေပြိုင်ပွဲ
တော်သလင်းလလှေပြိုင်ပွဲ
တော်သလင်းလရဲ့ အဓိကပွဲတော်ကတော့ လှေလှော်ပြိုင်ပွဲဖြစ်ပါသည်၊ တော်သလင်းလသည် မိုးဦးလ မိုးလယ်လတွေမှာရွာသွန်းခဲ့သဖြင့် မိုးသက်လေပြင်းတွေ မိုးချိန်သံတွေသိပ်မရှိတော့ပါဘူး ၊ထိုကြောင့်မိုးပြတ်သွားသဖြင့် မြစ်ချောင်းများလည်းလှိုင်းတွေဘာတွေမရှိတောဘဲ ရေအလျှင်သည်ညိမ်သက်စွာစီးဆင်းနေပါသည်။ထိုကြောင့်ရှေးလူကြီးများမှ လတော်သလင်းသင်ဖြူးခင်ဟုဆိုစမှတ်ပြုကြပါသည်၊ ဤကဲ့သို့ငြိမ်သက်စွာစီးဆင်းသဖြင့် လှေလှော်ပြိုင်ပွဲများကျင်းပလို့အကောင်းဆုံးအချိန်အခါဖြစ်ပါသည်၊
ဤလှေပြိုင်ပွဲသည်ုမြန်လူမျိုးများအတွက်အတော်လေးအကျိုးရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် ဘောလုံးပွဲ့သို့တဦးတယောက်ကောင်းရုံနှင့် အောင်မြင်သောပွဲမဟုပ်သလို အားလုံးကောင်းသော်လည်း စည်လုံးမှူမရှိရင် အောင်မြင်သောပွမဟုပ်ပေ၊ အဓိက ကတော့ စည်းစည်းလုံးလုံးတက်ညီလက်ညီ ပြိုင်ပွဲဝင်ရသော ပွဲအမျိုးအစားဖြစ်လေသည်၊ ထိုရည်ရွယ်ချက်ဖြင့်ရှေးလူကြီးများမှလှေလှော်ပြိုင်ပွဲကို အဓိကထားကျင်းပကြလေသည်၊ တော်သလင်းလတွင် မိုးရေများစီးဆင်းသွားပြီး အင်များ အိုင်များ လယ်ကွယ်များတွင်ရေများတင်ကျန်ရစ်ခဲ့ပါသည်၊ မိုးများလဲပြတ်နေလဲပူသဖြင့် လယ်ကွင်းများနှင့် အိုင်အတွင်းကျန်ရစ်သောရေများသည် အပူရှိန်ကြောင့် အလွန်တရာပူပါသည်၊ ထိုကြောင့် တော်သလင်းနေ ပုဇွန်သေဟု ဆိုစမှတ်ရှိပါသည်၊ ဒါပေမဲ့တခါတရံအပူရှိန်တအားပြင်းသည့်နှစ်များတွင် အငွေ့ပျံသောရေငွေ့များကြောင့် မိုးကလဲဗြုန်းစားကြီးသဲသဲမဲမဲရွာနိုင်ပါသေးသည်၊ ထိုကြောင့်တော်သလင်မိုး ကသင်းကျိုး ဆိုတဲ့စကားပုံကိုလည်ကြားဘူးပါသေးသည်၊
မိုးနဲ့နွားသိုး မှန်းလို့မရဆိုသလို မိုးတွင်းဖြစ်နေသောကြောင့်ရာသီဥတုကို မှန်း၍မရနိုင်ပေ၊ တော်သလင်းလရဲ့ရာသီပန်းကိုတော့ ယင်းမာပန်းဟုသတ်မှတ်ကြလေသည်၊ ယင်းမာပန်းကိုတော့ တချို့ကြားဖူးပြီး မမြင်ဖူးကြပေ ယင်းမာပန်းသည် တချို့အရပ်များတွင်တောထဲမှာအလွန်ပေါပါသည် ၊ အနံ့လေးကသင်းသင်းလေးမွှေးပြီး အလွန်လှပသောပန်းဖြစ်ပါသည်၊ အညာဒေသ စစ်ကိုင်းတောင်ရိုးဖက်မှာပေါသည်ဟုကြားဖူးပါသည်။
Post writer=@yuzana(shineshine)
MSC=146
လှေလှော်ယောင်္ကျား ဝါးလားလေလေ😁😁😁
Posted using Partiko Android
TV တွေမှာကြည့်ရတာတော့ပျော်စရာကြီးနော်
You got a 24.51% upvote from @sleeplesswhale courtesy of @yuzana!