electronics
အားလုံးမင်္ဂလာပါ ခင်ဗျာ့
ဒီနေလည်းမထူးပါဘူးဗျာ မနေ့ကလိုပါဘဲ အလုပ်ကမအားတော့ စာကသိပ်မရေးဖြစ် အချိန်ကပ်ပြီးမှရေးနေရတော့တာ၊ မနေက စက်ပြင်သမားတွေရဲ့အခက်အခဲလေးတွေဆက်ရေးပါအုံးမယ် ၊
စက်ပြင်သမားတွေမှာ တချို့အခက်အခဲတွေက စက်ပြင်သမားတွေသာနားလည်နိုင်တဲ့အခက်အခဲတွေဗျာ့ ၊သာမန်အပြင်လူတွေနားမလည်နိုင်ကြဘူး။ စက်တလုံးလာအပ်ပြီဆိုရင် စက်ပိုင်ရှင်ကဘယ်လောက်ကုန်ကျမလဲအရင်သိချင်တာ သူတို့ကလဲ ပြင်ခနဲ့အသစ်ဈေးနဲ့သိပ်မကွာရင်အသစ်ကိုဝယ်ခြင်ကြတာမို့ သူတိုကိုလည်းအပြစ်ပြောလို့မရပေ၊ ကျွန်တော်တို့စက်ပြင်သမားတွေကလည်း ခန့်မှန်းရုံလောက်ပြောနိုင်တာ မက္ကင်းနစ်လိုလောင်တဲ့ပစ္စည်းမြင်ရတာမဟုပ်တော့လေ၊ ဥပမာ တီဗွီတလုံးပါဝါဆပ်ပလိုင်းလောင်လာခဲ့ရင်ပါဝါဆပ်ပလိုင်းကောင်းဖို့ဘယ်လောက်ကုန်မယ်ဆိုတာလောက်ဘဲခန့်မှန်းနိုင်တာ၊ ပါဝါဆပ်ပလိုင်းရဲနောက်ပိုင်းလောင်တာတွေကြ ကျွန်တော်တိုပြောဖို့ခက်ပါတယ်၊ ပါဝါဆပ်ပလိုင်းရဲ့နောက်ပိုင်းပစ္စည်းတွေကြ ပါဝါဆပ်ပလိုင်းကောင်းပြီးမှ ဗို့ထွက်ပြီးမှ ကောင်းတယ်မကောင်းဘူး ခွဲခြားနိုင်တာ၊ အစ လာကတဲ့က ပါဝါဆပ်ပလိုင်မကောင်းဗို့မထွက်တော့ မပြောနိုင်ဘူးလေ၊ ဒီလို အကောင်းအဆိုးမခွဲနိုင်တော့ ပါဝါဆပ်ပလိုင်းကောင်းရင်ကောင်းသွားမှာပါလေဆိုပြီး ပါဝါဆပ်ပလိုင်းမှာထည့်ရမဲ့ပစ္စည်းနဲ့ လက်ခလောက်ကိုဘဲ ကိုယ်ကဈေးပြောမိလိုက်တယ်၊ အဲ့ဒီမှာ တခြားအပိုင်းတွေရောပျက်နေတာဆက်တွေတော့ ကိုယ်ကဆက်ပြင်ရတာပေါ့ အဲ့ဒီတော့ရှူံးပြီပေါ့ဗျာ။
ဆက်မပြင်လဲ ပါဝါဆပ်ပလိုင်းမှာထည့်ပေးထားတဲ့ပစ္စည်းဘိုးကရမှာမဟုပ်၊ အဲ့ဒီပြဿ်နာက စက်ပြင်သမားတွေ့အဖို့တော်တော်လေးအခံရခက်ပါတယ်၊ နောက်ဆက်ပြီးတော့ အဲ့ဒီအခက်အခဲအတွေ့အကြုံလေးဆက်ရေးပါအုံးမယ်ဗျာ ။စာလာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Post writer=@yuzana(shineshine)
MSC=146
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here