အနှစ်​သိမှသာ

in #myanmar6 years ago

လူ​တွေ အ​တော်​များများ ပါးစပ်​ဖျားမှာ..
ကဗျာဆရာ ​တွေ က​လောင်​ဖျားမှာ...
ရေပန်းစား ​နေတဲ့ အ​ကြောင်းအရာ...
ရေပန်းစား ​နေတယ်​ဆိုလို့
ပျော်​စရာ​တော့မဟုတ်​ပါဘူး
မြန်​မာ့ယဉ်​​ကျေးမှုနဲ့ မညီ
ဗုဒ္ဓ တရား​တော်​နဲ့ ဖီလာဆန့်​ကျင်​​နေတဲ့
မုဒိမ်းမှု ​တွေပါ
အားလုံက သတိ​ပေးကြ
ရှုံ့ချ ဆန့်​ကျင်​ကြ လုပ်​​နေကြပါတယ်
ကျူးလွန်​သူ​တွေက အသက်​အရွယ်​အစုံ
ဖြစ်​​ပေမယ့်
ကျူးလွန်​ခံရသူ အများစုက
သက်​ငယ်​က​လေးငယ်​​တွေဖြစ်​​နေတယ်
ဒီဖြစ်​ရပ်​​တွေနဲ့ ပတ်​သက်​ပြီး
တွေးမိတာ​က​တော့
လူ​တွေရဲ့ အသိမှာ ဘာသာ​ရေးအသိ
အ​ခြေခံနည်းတာက အဓိက ဖြစ်​မယ်​လို့
ယူဆမိတယ်
က​လေးဘ၀ထဲက ဗုဒ္ဓဘာသာ
တရား​တော်​​တွေကို
မိရိုးဖလာ အ​နေနဲ့ အ​ပေါ်ယံမဟုတ်​ဘဲ
အနှစ်​သာရအထိ ​လေ့ကျက်​ သင်​ကြား
နားလည်​ခဲ့ရင်
ဖြစ်​စရာ အ​ကြောင်းမရှိဘူးလို့
ထင်​တာပဲ
တစ်​ခါ က​လေးလူကြီးမ​ရွေး သုံး​နေတဲ့
Fb ​တွေကလည်း စာရိတ္တမဏ္ဍိုင်​ကို
အကြီးအကျယ်​ ပုတ်​ချ​နေတယ်
အသက်​အရွယ်​ မ​ရွေး ၀င်​ကြည့်​လို့ရတဲ့
အပြာကား​တွေ က fb ​ပေါ်မှာ
ပေါများလိုက်​တာ
အဲဒီက​နေ လက်​တည့်​စမ်းချင်​ကြတဲ့
က​လေး​တွေ အများကြီးဖြစ်​လာ​ရော
အခုချိန်​မှာ
အားလုံးပူပန်​​နေကြရပြီ
သမီးမိန်းက​လေး​တွေရဲ့ မိခင်​​တွေမှာ
လသား အရွယ်​ သမီးငယ်​​တောင်
မျက်​စိ​အောက်​ကမခွာရဲဘူး
၁၀နှစ်​မတိုင်​ခင်​ သမီး​လေး​တွေကို
ဟိုနားသည်​နား အနီးအနား အိမ်​​ဆိုင်​​တောင်​ ​ဈေးဝယ်​မလွှတ်​ရဲဘူး
အရွယ်​​ရောက်​ အလုပ်​ခွင်​​နေတဲ့
သမီး​လေး အိမ်​ပြန်​မ​ရောက်​မချင်း
မိဘက ပူ​နေရတယ်
လုပ်​ငန်းခွင်​၀င်​​နေရတဲ့ မိခင်​ဖခင်​​တွေရဲ့
သောက ကလည်း ဘယ်​​လောက်​ကြီး​နေမလဲ
ထို့အတူ သားရှင်​​တွေကလည်း
မိမိတို့သား​လေး​တွေ မ​တော်​မတရား
စိတ်​​ဖောက်​သွားမလား ပူ​နေရတယ်
သူတို့ အ​ပေါင်း​အသင်း​တွေ၊
Fb ​ပေါ်မှာ သူတို့ like ​ပေးထားတဲ့
Page ​တွေ မကြာခဏ ယူစစ်​​နေရတယ်
အခုလို ​နွေ ပိတ်​ရက်​မှာ
မိဘ​တွေအ​နေနဲ့
က​လေး​တွေကို ကျူရှင်​​တွေ ပို့မယ့်​အစား
ဘာသာ​ရေး စာ​ပေ​တွေ ​လေ့လာခိုင်းတာ
ကောင်းမယ်​ထင်​ပါတယ်
လူငယ်​​တွေက ကျူရှင်​ ​ကျောင်း တို့ကို
အ​ကြောင်းပြပြိီး
သူငယ်​ချင်း အ​ပေါင်းအသင်းနဲ့
ဟေးလားဝါးလားလုပ်​​နေကြတာများပါ
တယ်
နွေ ၃ လမှာ
သား​တွေကို ကိုရင်​၀တ်​​ပေး၊
သမီးမိန်းက​လေး​တွေကို သီလရှင်​၀တ်​​ပေးပြီး
ဗုဒ္ဓဘာသာ ရဲ့ အနှစ်​သာရ​လေး သိ​အောင်​သင်​​ပေးနိုင်​ရင်
အရမ်း​ကောင်းမှာပဲ၊
သူများ ဘာသာ​တွေမှာ တနင်္ဂ​နွေ ဘုရားရှိခိုးကြတယ်
သောကြာ ဘုရားရှိခိုး ကြတယ်
ကိုယ်​တို့က ​နွေ ၃လ သင်္ကန်း စည်းပြီး
သာသနာ အဆုံးအမခံယူမယ်​ဆိုရင်
မိရိုးဖလာ မဟုတ်​တဲ့
ဗုဒ္ဓဘာသာဝင်​​တွေ ​ပေါ်ထွက်​လာမှာပဲ
ဒါမှသာ အသိတရားနဲ့ ထိန်းသိမ်းပြီး
အမှား​ရှောင်​နိုင်​မှာပါ
အဓိက မိဘ​တွေအ​ပေါ်မှာ မူတည်​​နေပါတယ်​။
ကဗျာဆရာ စာ​ရေးဆရာ ​တွေလည်း
ပညာ​ပေး​နေကြတာ မနားမ​နေပါပဲ
နေရာ​ပေါင်းစုံက ​၀ိုင်းဝန်း​လေ့လာ
အ​ဖြေရှာသင့်​​နေပါပြီ
နောင်​မျိုးဆက်​သစ်​​တွေကို
အ​ကောင်းဆုံး အဆုံးအမ​တွေနဲ့
ပြုပြင်​ပုံသွင်းနိုင်​မှသာ
အနာဂတ်​ က ​ကောင်းမွန်​လာမှာပါ
အားလုံးဝိုင်းဝန်း​ဆောင်​ရွက်​ကြခြင်းဖြင့်
အနာဂတ်​ကာလ လှပ​အောင်
ကြိုးစားကြပါစို့လား
. image
@yemin
photo credit:google

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 67467.65
ETH 3470.01
USDT 1.00
SBD 2.71