နွေရင့်နှင်းစက်(၉)
Credit image
" မင်း ဘယ်သူ့ကို ဒီလောက်အသည်းအသန် စုံစမ်းနေတာလဲ နေရောင်"
နေရောင် ဝရန်မှာရပ်ရင်း ဖုန်းကို လက်မှာ ဆုပ်ကိုင်ကာ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေရာသို့ ထင်မင်း ရောက်ရှိလာကာ လှောင်ပြုံးနှင့် မေးလိုက်ခြင်းဖြစ်သည်။နေရောင် သက်ပြင်းချရင်း ထင်မင်းကို မနှစ်မြို့သလို ကြည့်လိုက်သည်။
ထင်မင်းဒီကိုပြန်ရောက်လာတာ တစ်ပတ်ပင်မပြည့်သေးပါ။နေရောင် ဘယ်လောက်ပဲ မျက်နှာသာ မပေးပါစေ အဖေ့ အရးစေိုက်မှုတွေနှင့်ပင် ထင်မင်း ဒီအိမ်ကို ဝင်ထွက်သွားလာဖို့ လုံလောက်ပါသည်။
" ငါ မင်းကို ဝန်ခံစရာရှိတယ်။"
"ဘာလဲ"
"မင်း စိတ်မဆိုးဖို့တော့ ငါမျှော်လင့်တာပဲ။"
နေရောင် စိတ်မရှည်စွာ အိမ်ထဲလှည့်ဝင်ဖို့ ခြေလှမ်းပြင်တော့ ထင်မင်းက သူ့ကို့ လှမ်းဆွဲထားလိုက်ပြီး
"ယုယအကြောင်းဆို မင်း စိတ်ဝင်စားမှာလား.."
"ဘာ..."
နေရောင် မျက်လုံးအစုံ ပြူးကျယ်သွား၏
"မင်း မင်း ဘာပြောလိုက်တယ် ထင်မင်း။ မင်း ယုယဘယ်မှာ ရှိသလဲ သိနေတာလား.."
ထင်မင်းမျက်နှာက တည်ငြိမ်နေ၏။ပြီးတော့ သက်ပြင်းသဲ့သဲ့ချရင်း
"ငါ မင်းကိုပဲ ဝန်ခံမှာ.."
တခဏမျှ စကားသံတို့ တိတ်ဆိတ်သွားပြီး ထင်မင်း စိတ်ကို လျှော့ချလိုက်ပုံဖြင့် ဆက်ပြော၏။
" ငါ့ဘဝမှာ မိန်းကလေးတွေ အများကြီးကို တွေ့ဖူးခဲ့ပါတယ်။ဒါပေမယ့် ယုယလောက် ငါ့အပေါ်လွှမ်းမိုးနိုင်တဲ့ မိန်းကလေး မရှိသေးဘူး။ယုယလောက်လည်း ငါ့မာနတွေကို ထိပ်ခေါက်နိုင်တဲ့ မိန်းကလေး မရှိသေးဘူး။ရှင်းရှင်း ပြောရရင် ယုယက ငါ့ကို အဲ့ဒီလို ပြတ်ပြတ်သားသား လုပ်ချသွားတာကို ငါ ခံပြင်းတာကွာ.."
ထင်မင်း၏လေသံတွေကို နားထောင်ပေးရုံနဲ့တင် သူ့ခံစားချက်တွေကို နေရောင် မြင်နိုင်ပါသည်။
"ငါ ယုယအပေါ် အဲ့ဒီလိုတွေ လုပ်နေတာ အခြားတစ်ယောက်နဲ့ သူတွဲသွားမှာကို ငါ မမြင်ချင်လို့ မခံစားနိုင်လို့ပဲ ..အဲ့ဒီခံစားချက်ကို မင်းနားလည်ရဲ့လား နေရောင်"
သူ့လည်ချောင်းထဲ ဆို့တက်လာခဲ့မိသည်။ စကားလုံးတို့သည် ထိုဆို့နေသောနေရာမှ အပြင်သို့ တိုးထွက်မလာနိုင်ခဲ့ကြပေ။
Credit image
သူ ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေသော ထင်မင်းကို တိုးတိုက်ကာ ထိုင်ခုံလက်ရန်းပေါ်မှ အပေါ်ဝတ် အင်္ကျီကို ဆွဲချပြီး ထွက်လာခဲ့မိသည်။
သို့သော် ခြေလှမ်းတို့၏ ဦးတည်ရာသည် သတ်သတ်မှတ်မှတ်မရှိ..။
မင်း ရက်စက်လွန်းတယ် ထင်မင်းရာ..ယုယအပေါ်မှာ မင်းအနိုင်ယူတယ်။ငါမသိလိုက်ခင်မှာပဲ ငါ့အပေါ်ကိုလည်း မင်းရက်စက်တယ်ကွာ..
သူ့စိတ်တွေ ဆို့နင့် တင်းကြပ်နေခဲ့လေသည်။
ည၏အမှောင်တို့ကြား လမ်းမီးတို့ တဖြည်းဖြည်း လင်းလာနေခဲ့ပြီ။သူ့အရိပ်တို့သည် လေးလံစွာလှုပ်ရှားနေလေသည်။ညမီးရောင်စုံတို့ဖြင့် အရက်ဘားတစ်ခုထဲ သူဝင်လိုက်မိသည်။ ထို့နောက် ဘားမှာပင် ခေါင်းငိုက်စိုက်ကျလျှက်က သူ့နှုတ်ဖျားက ဘာတွေကို မှာနေမိသည်တော့မသိ..လာချသမျှ ခွက်တိုင်းကို သူသောက်ပစ်နေမိသည်ကို မှတ်မိလိုက်သည်..ပြီးနောက် လောကကြီးနဲ့ သူ ဘယ်အတိုင်းအတာအထိ ဝေးခဲ့လေသည် မသိ..
သူ့မျက်လုံးတွေ ဖွင့်ဖို့ကြိုးစားလိုမှ ကျိန်းစပ်သွားသည့်အခါ သူ့နေရာသည် ခါတိုင်းလို ပုံမှန်တစ်ခု မဟုတ်မှန်း သူသိလိုက်သည်။မျက်လုံးတွေကို မရအရ အားယူပြီး ဖွင့်လိုက်မှ သူ ရောက်နေသည်မှာ ခုံတန်းလျားတစ်ခုမှန်း သိလိုက်သည်။ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့မှ သူအိပ်နေခဲ့သည်မှာ လမ်းဘေးကားမှတ်တိုင်တစ်ခု၏ ခုံတန်းပေါ်တွင်ဖြစ်သည်။
ကားစီးမည့်သူတို့ ရှိမနေသေးတာပင် ကံကောင်းသည်ဟု ဆိုရမည်။ ညက သူယူခဲ့သော အင်္ကျီကလည်း သူ့ခေါင်းအုံးနေရာဆွင်ရှိနေသည်မို့ စမ်းကြည့်လိုက်တော့ ဖုန်းရော ပိုက်ဆံအိတ်ရော ရှိနေသေးသည်မို့ သူတွေးလိုက်မိသည့်အရာတစ်ခုက ညက ဘားက တစ်ယောက်ယောက် လာချသွားခြင်း ဖြစ်မည်ဟု..။
သူ ခေါင်းကို ခါလိုက်ပြီး လေးလံနေသည့် ဇက်ကြောကို ထုလိုက်မိသည်..
ထိုစဉ်ခပ်လှမ်းလှမ်းမှ လူနာတင်ယာဉ်တစ်စီး၏ ခပ်ကြမ်းကြမ်း ဥသြဆွဲသံနဲ့ ဖြတ်မောင်းသွားသံသည် သူ့ကို မျက်မှောင်ကြုတ်စေမိသည်။မနက်ခင်းသည် ကျက်သရေယုတ်စေသလိုဟုပင် သူထင်လိုက်မိသည်။
သူနဲ့မသက်ဆိင်ုသောအရာမို့ အများကြီးတော့ မစဉ်းစားနိုင် ကားတစ်စီးစီးကို လှမ်းတားပြီး စီးဖို့ သူ့လက်ကျန်ငွေကို စစ်ကြည့်လိုက်သည်။
"တီး...တီး....တောင်...တောင်..."
အဝင်ဖုန်းcallမို့ သူသိပ်ပြီးအလေးမထားစွာ ကိုင်လိုက်မိသည်။
"ဟယ်လို အမိန့်ရှိပါဗျာ..နေရောင်ပြောနေပါတယ်"
တစ်ဖက်မှ ရေးကြီးသုတ်ပြာတုံ့ပြန်သံထက် အမည်နာမတစ်ခု၏ ခေါ်သံသည့် သူ့ခေါင်းနပန်းကို ဆယ်ဆမက ကြီးထွားသွားစေခဲ့လေသည်...
"ရှိုင်းနဲ့ ပြောချင်လို့ပါ .."တဲ့
" ဗျာ...ဘယ်..ဘယ်သူလဲ"
" ကျွန်မ ရှိုင်းဆိုတဲ့လူနဲ့ပဲပြောချင်ပါတယ်..အရေးကြီးကိစ္စဖြစ်နေလို့ပါ.."
" ဟုတ်ကဲ့ ကျွန်တော် ရှိုင်းပါပဲ။ အခုပြောနေတာ ဘယ်သူပါလဲ..ယုယနဲ့ ဘယ်လိုပတ်သက်နေပါသလဲ.."
Credit image
သူ့မေးခွန်းတို့သည် တရစပ်ထွက်သွားကုန်တော့သည်။
တစ်ဖက်မှ ပေးသော ဆေးရုံလိပ်စာကို သူ ကမန်းကတန်း မှတ်လိုက်မိသည်။တစ်ဖက်မှ ဖုန်းချသွားပြီးသည်အထိ သူ့အာရုံတို့ ရှုပ်ထွေးနှောက်ကျိနေဆဲ..
ဒီရောက်မှပဲ ပြောပြတော့မယ် ဆိုတဲ့ အမျိုးသမီးကို သူ ကျေးဇူးတွေတင်နေမိသည်။
ကားတွေကို ကမန်းကတန်း လိုက်တားနေမိပေမယ့် တစ်စီးမှ မလွတ်..။
သူ့စိတ်ဇော၏ စေ့ဆော်မှုသည် ဘယ်အရာကိုမှ သူဂရုမစိုက်နိုင်တော့..
သူ အားကုန်သုံးပြီး ပြေးလွှားနေမိသည်။ ဘယ်သူ့အကြည့်ကိုမှ ဂရုမစိုက်နိုင်..သူ့ကိုယ်သူလည်း မထိန်းချုပ်လိုက်နိုင်..
စိတ်အစဉ်သည် ယုယ နေကောင်းပါစေ ဟူသော ဆုတောင်းအပေါ်တွင်သာ အပ်နှံလျှက်...
လမ်းတွင် ကားတစ်စီးကို တားလို့ရခဲ့ပြီး ဆေးရုံကို ရောက်တော့ သူအတော်ကြီး မောပန်းနေလေပြီ။ သို့သော် သူမရှိရာအခန်းသို့ သူ ကရှူးမူးထိုး ပြေးတက်လာခဲ့မိသည်။
စောစောက အမျိုးသမီးပြောထားသည့် အခန်းရှေ့တွင် ရပ်လျှက် စိတ်တို့ကို တည်ငြိမ်အောင်ထိန်းပြီး တံခါးလက်ကိုင်ကို အံကြိတ်ပြီး လှည့်လိုက်မိသည်...
အပိုင်း ၁၀ သို့
Writter>>>>@yekungsatthone
Msc 213
ဒီလိုအချစ်ဝထ္ထုလေးတွေလဲ ပါအူးမှ
ဒို့စတီးမစ်ကဝေဆာတာုဂုဏ်ယူပါတယ်ဗျာ
Upvote this: https://steemit.com/free/@bible.com/4qcr2i
ဇာတ်ရှိန်က မြင်လြာပြီနော် bro
ဟုတ်ဗျ..ပြီးခါနီးပြီလေ
ကွိးယားကားကြည်ရသလိုပဲ ဇတ်ရှိန်တက်နေရင် လုပ်ပီ 😆😆
ဟီး..ဆက်ဖတ်ပေးအောင်လို့ပါဗျာ
ဝတ္ထုတိုလေးတွေ စုထားညီ။နောက်စာအုပ်ထုတ်လို့ရတာပေါ့။
ဟုတ် အစ်ကို.ကြိုးစားကြည့်ပါ့မယ်
ယုယနဲ့တွေ့ဆုံချိန်လေးသိချင်နေမိ
ဆက်လက်ဖတ်ရှု့ပါဗျာ
ဆက်လက်ပြီး ဖတ်ချင်ပါသေးတယ်
ဟုတ်ဗျ..အပိုင်း၁၀ဆက်အားပေးပါဗျ
good
Thanks
အားပေးနေပါသည်။
ကျေးဇူးပါ
ဒီအပိုင်းကပိုပြီးတော့ ဇာတ်ရုပ်ကိုပေါ်လွင်ထင်ရှားလာပြီး ဇာတ်ရှိန်တက်လာပါပြီ။စိတ်ဝင်စားစရာကောင်းပြီး ပိုထိမိလာပါပြီ။ဆက်အားပေးမယ်ဗျာ
ကျေးဇူးအထူး တင်မိတယ်ဗျ