ကျနော်အတွေးတချို့ ......
ကျနော် စာဖတ်အားနည်းပါတယ် သို့ပေမယ့် ဖတ်ဖူးတဲ့အကြောင်းအရာများထဲမှာ နိုင်ငံကျော် အဆိုတွေ ရှိပါတယ် ၊ အားလုံးလဲ သိကြမှာပါ ကျနော်အကြိုက်ဆုံး စကားတစ်ခွန်းကတော့
" မင်း လဲကျ မှာ ကို ငါ စိတ်မပူဘူး
မင်း ပြန်မထ မှာကိုပဲ စိတ်ပူတယ် "
အာ့စကားလေးက အရမ်းအဓိပါယ်ရှိတယ်၊
လူတစ်ယောက် ပြိုလဲခြင်းသည် အထူးအဆန်းမဟုတ်၊ အနိုင်လိုချင်ရင် အရှုံးဆိုတာ ကြုံတွေ့စမြဲပါ ၊ ကျနော်တို့လူသားတိုင်းသည် အနိုင် ၊ ချမ်းသာ၊ လောဘ အလွန်များသည်၊
သို့ပေမယ့် အခက်အခဲကို တွေ့ကြုံ တဲ့အခါ မှာ အမြန်လမ်းကို အသုံးပြု ကြသည် ။ လူပျင်း ပေါ့ဗျာ ။ အားထုတ်ဖို့ အလွန် လေးလံနေကြသည်။ စိတ်ကောင်းရှိသူ များသော်လည်း ကိုယ်တိုင်တာဝန်ယူသူ ရှားသည် ။
ပြသာနာ တစ်ခု ကြုံ တွေ့ရင် တခြားသူကို လွှဲချ တတ်သော သူများသည်။ ကျနော်ဖတ်ခဲ့ဖူးသော စာအုပ်များမှ တစ်ဆင့် ပြန်လည် မျှ ဝေ ခြင်းသက်သက်သာ ဖြစ်ပေသည်။ ထို့ကြောင့် ဆရာလုပ်သည် မထင်စေခြင်ပါ။
အားလုံးကို အမြင်တစ်ခုတည်းဖြင့်သာ ကျနော် ကြည့်ရင်း အသက်ဆက်ပါသည်။ ကျနော်သည် အလွန်အင်မတန် အားနည်းသော လူငယ်တစ်ဦးပင် ဖြစ်သည်။ သှိုသော် စာအုပ်များစွာဖတ်ရှု ပြီးနောက်ပိုင်းတွင် ခွန်အား ၊ တနည်းအားဖြင့် ပြောရရင် ပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းလိုစိတ် ပေါ်ပေါက်လာအောင် ဖြစ်လာခဲ့သည် ။
Steemit ပေါ်က မြန်မာတွေသည် အလွန်ပင် ဇွဲရှိကြသည်။
ထိုအချက်သည် တခြားနိုင်ငံသားတွေနှင့် မတူ တမူထူးခြားသော အရာ ဖြစ်ပေသည် ။ ထိုအရာကို ကောင်းစွာအသုံးချ ကာ မိမိတို့တွင်လိုအပ်နေသောအရာများကို ဖြည့်ဆည်းရင်း နောင်တချိန်မှာ ခွန်အားကြီးသူများ ဖြစ်လာအောင် ကြိုးစားကြရပေမည် ဖြစ်သည်။
ကျနော် ဒီစာကို အလုပ်ချိန်တွင်စိတ်ကူးပေါ်လာသောကြောင့် တခဏတာ အတွေးများကို Keyboard ပေါ်က စာလုံးများနှင့် သီကုံး ရေးသားထားပါကြောင်း ပြောရင်း ဒီစာကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါသည်။
အားလုံးကို လေးစားလျက်...............
နောက်ထပ် တခု
တိုးတက်အောင်ကြိုးစားဖို့အတွက် အားအင် အမေအဖေ ပေးစွမ်းခဲ့ပြီ၊
ကျနော် နောက်ထပ် သဘောကျတဲ့ အဆို တခု
"သင် ဆင်းဆင်းရဲရဲမွေးလာတာ သင့်အပြစ် မဟုတ်ဘူး
သင် ဆင်းဆင်းရဲရဲသေ သွားရင် တော့ သင့်အပြစ်ပဲ "
အရမ်းမှန်တယ်ဗျာ၊ လူတစ်ယောက်ဟာ မွေးကတည်းက ဆင်းရဲပေမယ့် သက်ရှိ နေစဉ်အတွင်းမှာ တိုးတက်အောင် မပြုလုပ်နိုင်ရင်တော့ ထိုသူသည် လူညံ့ ဖြစ်သွားပြီ၊ ဆိုတော့ကာ မိတ်ဆွေတို့လည်း တနေ့ တနေ့ ဘယ်လို ဘာတွေ တိုးတက်လာသလဲ စဉ်းစားဆုံးဖြတ်ကြပါလို့ အကြံပြုလိုက်ပါတယ်နော်
writer - @yairthiha
photo by @yairthiha
MSC 003
HEY, here are some funny posts and some wallpapers and cryptocurrency news, follow me ! Support each others !😼😼
Oki , Thanks
လဲပီးပြန်ထနိုင်ရမယ်
ကျေးဇူးပါ . . . လဲကျတိုင်းပြန်ထနိုင်အောင်ကြိုးစားနေပါတယ် . .
by the way, Steemit အင်္ကျီနဲ့လန်း
Thanks
Good post.
Thanks
စာတွေဖတ်ရင်းနဲ့ပဲ စာတွေရေးနိုင်လာပါတယ်။
ဒါနဲ့ post အောက်က MSC logo ပုံလေးတကယ်ကောင်းပါတယ်။
ကောင်းပါတယ်ဗျာ...plz v and c me back https://steemit.com/myanmar/@mgtoetat/yoyyngenetha-yamnmathbaaw-ptwnetngko-tainthim-yap-yapngyaeaang
ပြောင်နက် bro
ကဲ MSC တွေအားကောင်းဖို့ ပို့စ်တွေမှန်မှန်တင်ကြစို့
Yeah..
ဆရာလုပ်တယ် မထင်ပါဘူးကွယ်
Hote kae pr kwal
ကောင်းတယ် ဘဒို 👏👏
ဘာကိုပြောချင်တာလဲ ဘဒို
ဟုဆ်ပပါတယ် bro ပြန်ထရမှာပါ ဘဝမှာတော့ မကြာခဏလဲကြမှာပါပဲ good bro
Thanks