ဥပမာ များ နဲ့ သာတဲ့ လ
ကျနော်တို့တွေသည် အရာတခုခုကို အမြဲတစေ လုပ်ကိုင်နေကြဖို့ ခက်ခဲပါတ
ယ်
ဘယ်လိုပင်ဖြစ်စေ ကိစ္စ တခုခုကို အတော်ပင် မကြိုးစားချင်ကြပေ၊
ဒီနေရာမှာ ဥပမာလေး တစ်ခုနဲ့ ရေးသားပါရစေ
နယ်မြို့လေး ဖြစ်တဲ့ အလာမ်ဘားမား ဆိုတဲ့ နေရာမှာ သူငယ်ချင်း နှစ်ယောက် နေထိုင်တယ်၊ ထိုနှစ်ယောက်က အရမ်းပဲ ခင်တယ်၊ ငယ်သူငယ်ချင်းဖြစ်နေလို့ပေါ့၊...
ဒီလိုနဲ့ သူတို့က ပူပြင်းတဲ့နေ့တနေ့မှာ အလွန်ပင်ရေ ဆာနေကြသည်၊
သူငယ်ချင်းနှစ်ဦးမှာ တယ်ရီ နဲ့ ဂျွန် ဖြစ်သည်၊ တယ်ရီက ရေအရမ်းဆာနေသည်၊ဒါကြောင့် တယ်ရီသည် လက်ဆွဲငုတ် ရေစက်လေးကို ဆွဲနေသည်၊ အလွန်ပူပြင်းတော့ ရေသည် အလွယ်မရနိုင်ပေ၊ဒီလို ပဲ အကြာကြီး တယ်ရီ ဆွဲနေပေမယ့် ရေက ပါမလာ၊ဒီတော့ တယ်ရီက ဒီနေ့ဟာ အရမ်းပူပြင်းတဲ့နေ့ ဖြစ်လို့ ပိုဆာနေတယ်၊ ရေကလဲ မ ရသေး၊ဒီလိုနဲ့ ရေတွင်းငုတ်လေးမှာ ဆွဲနေသည်၊
ထိုသို့ဆွဲနေသည်မှာ အလွန်ပင် ကြာနေပြီ..တယ်ရီ မနားပဲ ဆွဲသည် ရေမပါသေးပေ၊တယ်ရီစိတ်တိုသွားကာ ရေ မရှိပါဘူးကွာ ဆိုပြီး လက်လျော့အရှူံးပေးလိုက်သည်၊သို့ပေမယ့်
ဂျွန်က တားတယ်၊ အိုးမိုင်ဂေါ့ တယ်ရီ မလွှတ်လိုက်နဲ့ ၊မင်းဆွဲတဲ့ ရေတွေ ပြန် ကျကုန်လိမ့်မယ်၊ ဆက်ဆွဲဖို့ပြောခဲ့တယ်၊ဒီလို ဆွဲရင်း ဆွဲရင်း တယ်ရီ တွေးသည်၊ အဝေးဆုံးက ရေ ပိုကြည်တယ်၊ ပိုချိုသည်၊ ပိုအရသာရှိသည်၊
ထိုနည်းတူစွာ အပြင်မှာ ရိုးသားစွာ ရှာဖွေနေ၍ ရသောငွေသည် ၊ ကြိုးစားမှူသည် အလွန်ပင် အဖိုးတန် ချိုမြိန်လှပါသည်၊ထို့အပြင် ရေတုံငင် ဆွဲထားသည်ကို မလွှတ်ပဲ ဆက်တိုက်ဆွဲ ပြီး ကြည်လင်တဲ့ ရေ ထွက်ပေါ်တဲ့အထိ ကြိုးစားသင့်ပါတယ်၊ အခုထိ လျှောက်လှမ်းနေတဲ့ steemit လမ်းကြောင်းမှာ ပင်ပန်းလို့ မနားခဲ့ပါနက်...အရှိန်သေ သွားရင် ပိုဆိုးပါတယ်၊
လူတွေ အရင်က ကြိုးစားခဲ့ရသည်ကို ဆှုးရှူံးကြသည်မှာ အခြားမဟုတ် ၊ဆက်လက် မကြိုးစားကြတော့ခြင်း ဖြစ်ပေသည်၊ ဒါကြောင့် လုပ်ဆောင်ချက်များ ဇွဲ ရှိ ရှိ လုပ်ဆောင်လိုက်ပါ ၊ ချိုမြိန်သော အရာတွေက စောင့်ကြိုနေမှာပါ
Steemit myanmar အတွက် စာသားတစု
ကျနော်တို့ STEEMIT
ရှိခဲ့ဖူးတဲ့ အတိတ်ကို ထားခဲ့ကာ ပိုမိုကောင်းမွန်အောင် ရည်ရွယ်ရင်း အစွန်းနှစ်ဖက်က လူတွေကြောင့် ငါတို့ Steemit Pro နဲ့ ပြတ်တောက်နေပြီ၊
သူများတွေလို ကဲ ဖို့အချိန်မရ ၊
ဆဲ ခံရဖို့ နဲ့အချိန် စတေးနေတဲ့ ငါတို့Admin တွေ
အများက ပြောပေမယ့် စိတ်ဒေါသတချက် ထွက်သော်လည်း ငါတို့မရှိ ၊ Pro ပျက်မည်စိုး၍ ကြောင့်ကြနေသော သူများ
ငါ့အလုပ်၊ သူ့အလုပ် ၊ မခွဲ ခြားပဲ ရှိခဲ့ဖူးတဲ့ မြန်မာ ဆိုတဲ့ နာမည် Steemit မှာ ခွင့်ပြုလာရမယ် ဟု ပြောသူ ကျနော်၊
စေတနာထက် ဝေဒနာ ခက်တဲ့ လူတချို့ကြောင့် ငါတို့ရဲ့ ချစ်လှစွာသော တိုင်းရင်းသား၊@kachinhenry
အရက်မူး၊ မူး မမှောက်ပဲ၊ ညီတွေ ညီမ တွေ လိုအပ်တာမေး၊ ပိုတာ ပေး နေတဲ့ ကျနော့်ဆရာ @thatkozaw
ရွာတစ်ရွာမှာ ရွာသူပျက်ပြားစေ၊
မြို့တစ်မြို့မှာ မြို့သူရှားစေ၊
Steemit မှ MSC ပျက်စေ၊
ဟူသော ဟူသော ဟူသော
ဖြစ်မှာစိုး၍ မှာကြားနေသူ....
နိုင်ငံတကာ၊ မြန်မာနိုင်ငံသား
အောက်တန်းကျမယ့်အလုပ် မဖြစ်ရအောင် အမြဲပြောဆို၊ ဆုံးမ တတ်သူ
ဆဲဆို ကျိန်းမောင်းခြင်းမရှိ၊
အနု နည်းဖြင့်သာ သား၊သမီးသဖွယ်
အမြဲသင်သူ
တခြားနိုင်ငံသား၊ သွားဆဲဆို၍
ဒေါသထွက်ကာ၊ ပြုပြင်ဖို့ ပြောပြခဲ့သူ
ဆရာ @tinhlaingoo
နိုင်ငံခြားစကား၊ English အား
မြန်မာ ဖြစ်သူ ကျွမ်းတတ်စေရန်
သင်ကြားခဲ့သူ ၊
ခရီးသွားဆက်ကြား၊ မနားအားပဲ
Admin တစ်ဦး ပြုလုပ်နေသူ
အကို Don
ငယ်သူပီပီ ၊ တက်တက်ကြွကြွ
ပါဝင်ခဲ့သူ ၊ မမ ပြည့်စုံ
နေရာဒေသ ဝေးကွာသော်လည်း
နီးစပ်စေသော လမ်းကြောင်းဖောက်ကာ
လျှောက်ဖြစ်ကြသည် ငါတို့ တွေကို
Copy လုပ်သူ သောက်ဖောင်းထု၍ ထုံးစံအလား စိတ်ထဲမထားကာ ဆက်လျှောက်ကြမည် MSC.....
စိတ်ကူးပုံဖော် ရေးသားသည်
written by yairthiha
MSC 003
WE ARE ONE
အရမ်းကောင်းမွန်တဲ့ဆောင်းပါး ပါ
ပေးချင်တဲ့ message သိရင် ကျေနပ်ပါတယ်ဗျာ
ဆက်လျှောက်ကြမည် MSC
ဒါပေါ့ဗျာ ....
ဖိုက်တင်းနော…
fighting
လုပ်ငန်းတခုဟာ ညီညွတ်မှုရှိမှတိုးတက်ပါတယ်
msc only ညီညွတ်စွာလက်တွဲပြီး ဆက်ကြိုးစားကြတာပေါ့
ဟုတ်ပါတယ် ဘဒို
Good ပါ့အရေးအသားများကောင်းပါ့တော်။ရှေ့သို့လှမ်းချီMSCပေါ့အေ။
ဒန် ဒန် ဒန် ...ဒန် ဆက်လျှောက်ကြစို့
ဆက်ပြီးအတူတူချီတက်ကြတာပေါ့
ဒီလိုပဲလေ ဒါအမှန်ပဲလေ ....
ဖြစ်အောင်လုပ်ရမှာပါ
လုပ်ကိုလုပ်ရမှာပါ
မိသားစုတွေဖြစ်လာကြပြီ
ဒါပေါ့ဗျာ
fighting bro
ကျေးဇူး bro
ဆက်လျှောက်ကြမည် fighting
ဒါပဲလေ....နောက်ဆုံးလည်း တားတို့ပဲ ကျန်တာပါ...