ပြောင်းလဲလာသောအခြေအနေ နှင့် စာသင်ကျောင်း...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီနေ့မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ မနက်မိုးလင်းကတည်းက ကလေးတွေ အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေနဲ့ တွေ့နေရပါပြီ။
schools.jpg
Crd-org-source
အဲဒါနဲ့ မိမိတို့ငယ်ငယ်တုန်းကကျောင်းတက်တဲ့ ပုံစံနဲ့ အခုခေတ်ကျောင်းတက်တဲ့ပုံစံလေးကို စိတ်ထဲသတိရသွားပါတယ်။ဟိုးအရင်  မိမိတို့ငယ်ငယ်တုန်းကဆို ကျောင်းသွားရင်... ကျောင်းနှင့်အရမ်းဝေးလွန်းသောကျောင်းသား/ကျောင်းသူများလောက်သာ တစ်ခုခုစီးပြီးသွားကြတာပါ။တော်ရုံဆို ခြေလျင်လျှောက်ပြီးကျောင်းကိုသွားကြရပါတယ်။တစ်ချို့လည်း စက်ဘီး  ဆိုင်ကယ်စသည်ဖြင့် တစ်ဦးဦးလိုက်ပို့ပြီးကျောင်းတက်ကြရတာပါ။
အခုခေတ်မှာတော့ ဒီလိုတွေမဟုတ်ကြတော့ပဲ ကျောင်းကားကိုပဲ အသုံးပြုကြတာတော်တော်များများတွေ့နေရပါပြီ။ကျောင်းအကြို/ အပို့ဝန်ဆောင်မှုပေးတဲ့ကားတွေပေါ့။ဒီကားတွေဟာ မနက်ပိုင်း ကလေးများကိုကျောင်းပို့ရန်အတွက် အိမ်ရှေ့အထိရောက်လာပြီးကလေးများကိုခေါ်သွားကာကျောင်းသို့ပို့ဆောင်ပေးခြင်း... ညနေပိုင်းတွင် မိမိတို့အိမ်အထိ ကလေးများကို ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးပါသည်။နောက်ပြီး ကားနောက်ခန်းတွင်လည်း လူကြီးတစ်ယောက်မှ ကလေးတွေကို ကားတက်ကားဆင်းမှအစ ကြည့်ရှု့၍ဂရုတစိုက် ဝန်ဆောင်မှုပေးလေ့ရှိပါသည်။
img_3873.jpg
Crd-org-source
များသောအားဖြင့် အလုပ်မအားကြသော မိဘများအတွက်တော့ အတော်အသင့် အသုံးဝင်တဲ့ဝန်ဆောင်မှုလေးဖြစ်လို့နေပါပြီ။တစ်ချို့ကလေးအတွက် အချိန်ပေးပြီး လိုက်ပို့နိုင်သောမိဘများအတွက် မသိသာပေမဲ့ တစ်ချို့မအားလပ်၍အချိန်မပေးနိုင်သောမိဘများအတွက်တော့ ဒီဝန်ဆောင်မှုလေးဟာ ပိုမိုသင့်တော်အဆင်ပြေသော ခေတ်အလိုက်ဝန်ဆောင်မှုလေးဖြစ်နေပါကြောင်း... မိမိတို့ငယ်ငယ်တုန်းကကျောင်းတက်ရသောအခြေအနေ နှင့် အခုခေတ်ကျောင်းတက်ရသောအခြေအနေ ကွာခြားပုံလေးအား စိတ်ထဲတွင် နိုင်းယှဉ်မိနေပါတော့သည်။နောက်ပြီးအခုခေတ်တွင် အစိုးရစာသင်ကျောင်းများအပြင် သီးသန့် private school များလည်းပေါများလာတဲ့ ပြောင်းလဲမှုတွေကို တွေ့မြင်နေရပါသည်။ဘာပဲဖြစ်ဖြစ် ယနေ့ခေတ်သည် နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူ လေးများအတွက် ပညာရှာရာတွင် ပိုမိုအဆင်ပြေလွယ်ကူသော ပြောင်းလဲတိုးတက်မှုအခြေအနေများ ရရှိနေပြီဖြစ်ပါသဖြင့် မိမိ၏စိတ်ထဲတွင် ကလေးများအတွက် ဝမ်းသာပီတိဖြစ်နေရပါကြောင်း ရေးသားမျှဝေလိုက်ရပါတော့သည်။
1396029_274300929414103_295759698_n.jpg
Crd-org-source
**အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူလေးများ ပျော်ရွှင်ချမ်းမြေ့စွာ ပညာများသင်ယူတတ်မြောက်ကြပါစေလို့ဆုတောင်းရင်း...
**မြန်မာစတီးမစ်မိသားစုအားလုံးလည်း ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်...
@uthantzin
MSC-211

Sort:  

ဟုတ်​တယ်
အ​ခြေ​နေ​တွေကအရင်​ထက်​ပို​ပြောင်းလဲလာပါပြီ....

အပြောင်းအလဲလေးတွေကို စနစ်တကျ မှန်ကန်စွာအသုံးချပြီး တိုးတက်အောင်မြင်ဖို့ကြိုးစားကြရမှာပေါ့အစ်မရေ။

စိတ်လေ အာ့ robotနဲ့တော့😒😒

မမရေ cheetah...

ပျော်ရွင်စွာ ပညာသင်ကြားနိင်ကြပါစေဗျာ

ဟုတ်ပါတယ် ဆုတောင်းပေးကြရမှာပေါ့

ချီးတက်ကို ဆရာမိုးတိုက်လိုက် ကွာ။ မင်းနောက်ကို တောက်လျှောက်လိုက်နေတယ်၊ နောက်တစ်ခါ ပုံမပါပဲတင်ကြည့်။

ဟုတ်ပါ့ဆရာရယ်။သူက ချောင်းနေတာနဲ့တူတယ်။

ကျောင်းဖွင့်ချိန်ဆိုတော့လည်း အရင်ကလေးဘဝကို သတိရမိတယ်ဗျာ

ဟုတ်တယ်အစ်ကို ငယ်ဘဝလေးသတိရမိတယ်ဗျာ

you received an up vote from danlupi with voting power of 42.00%. Estimated dollar amount of $1.79

Thank you.But I lose.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 53921.46
ETH 2250.39
USDT 1.00
SBD 2.30