RE: ကျွန်တော် နှင့် I2wan အပိုင်း-(၃ ) ( Henry Aung )
လောကကြီးမှာ လူသားတိုင်းဟာ တစ်ချိန်ထည်းမှာ အစွန်းနှစ်ဖက်၌ မရပ်နိုင်ပါ။
စေတနာကောင်းသောဖက်၌ရပ်တည်ချိန်တွင် ဆိုးသောစေတနာတို့သည် အနားသို့မကပ်နိုင်ပါ။
စိတ်ဆိုသည်မှာ တစ်ခုတည်းသာရှိပါသည်။ တစ်ခုပြီးမှတစ်ခုဖြစ်ပါသည်။
မိမိသည် အမြဲကောင်းစိတ်ထားနေပါက အမြဲစိတ်ချမ်းသာနေရပါသည်။
မိမိကစေတနာကောင်းလျှက်နဲ့ သူကငါ့အပေါ်စော်ကားလေခြင်းဟူသော အမြင်မှာ လောဘစိတ်(ဆိုးစိတ်) သာဖြစ်ပါသည်။
ထိုစိတ်သည် စော်ကားသူကို မထိခိုက်စေပါ၊ ထိုစိတ်ပေါ်သူကိုသာ ဦးစွာပထမ ပူလောင်မှုပေးတတ်ပါသည်။
မိမိ စေတနာသည် မျှော်ကိုးချက်မရှိပဲပေးခဲ့သည်ဖြစ်ရာ သူ၏တန်ပြန်မှု သည်မိမိနှင့်မဆိုင်တော့ပါ။ သူနှင့်သာဆိုင်ပါသည်။
မိမိနှင့်ဆိုင်သည်၊ မိမိပိုင်သည်ဟု ထင်နေသမျှ ငြိမ်းချမ်းမှုမရနိုင်ပါ။
သို့ဖြစ်လျှင်မည်သို့ လုပ်ရမည်နည်းဟု မေးစရာရှိပါသည်။
ဥပေက္ခာပြုထားလိုက်ပါ။ ဥပေက္ခာထားခြင်းသည် အလောဘ စိတ်ဖြစ်ပါသည်။ အလောဘစိတ်သည် ချမ်းသာသုခကိုအပြည့်အဝပေးပါသည်။
ဥပေက္ခာမထားနိုင်က သံယောဇဉ်ကြောင့်ဟု စောဒကတက်နိုင်ပါသည်။
သံယောဇဉ်သည်ပင်လျှင် စကားအလှသုံးထားသော်လည်း ကိလေသာ စိတ်ဖြစ်ပါသည်။ ကိလေသာစိတ်သည် သန့်ရှင်းမှုကိုမပေးနိုင်ပါ။ ညစ်နွမ်းမှုကိုသာပေးပါသည်။ သို့ပါ၍ ကိလေသာစိတ်ကို အဝိဇ္ဇာခေါ် မသိမှုက ပိတ်ပင်တားဆီးကာ ကောင်းစိတ်ဟူ၍လူတိုင်းကိုမြင်စေပါသည်။ သို့ဖြစ်၍ လူတိုင်းသည် ဒုက္ခနွံအတွင်းမှမလွတ်နိုင်ဖြစ်ရပါသည်။
ဒုက္ခနွံအတွင်းမှ မလွတ်နိုင်သည့်အတူတူ ထပ်မံ၍ အပူမလောင်ရန် မိမိကိုယ်ကို ကာကွယ်လိုက ဥပက္ခာသည်မဖြစ်မနေ ကျင့်သူံးရမည်သာဖြစ်သည်။
အခုလို ရှင်းပြပေးတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်ဆရာ