ထားရှိရမည့် ဦးတည်ချက်(၁)

in #myanmar7 years ago (edited)

image
ဒီမှာ…သူငယ်ချင်း ငါ မင်းကို အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓါတ်ခွန်အားတွေ ရှိလာစေနိုင်မယ့် အကြောင်းအရာတွေကို ငါအလုပ်အားရင် အားသလို မင်းသိအောင် ပြောပြပေးခဲ့တယ်နော်။အခုလည်း ဦးတည်ချက်ကို ဘယ်လိုထားရှိ ရမှာလည်း ဆိုသာကို မင်းမေးလာခဲ့ပြန်ပြီ။ငါ့အလုပ်တွေ သိပ့်များနေတဲ့ကြားက မင်းမေးထားသာလေးကို ငါသိသလောက် မှတ်သလောက် ငါ့ရဲ့အတွေ့အကြုံ ငါ့ရဲ့စိတ်ကူးတွေကို အရင်းတည်ပြီး မင်းသိအောင် ဖြေပေးလိုက်ပါ့မယ်နော်။
(ဦးတည်ချက် ဦးတည်ချက် ဦးတည်ချက်)
ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အများသားကွ။
ဒီမှာ သူငယ်ချင်း နေ့စဉ်နှင့်အမျှ လူတွေဟာ အသက်ရှင်သန် နိုင်ဖို့အတွက် အလုပ်ကို ကြိုးစားပြီးတော့ လှုပ်ရှားရုန်းကန်ပြီး လုပ်ကိုင်နေကြရတယ်…လေ။အလုပ် လုပ်သာချင်း တူနေပေမယ့် သူငယ်ချင်းရယ်……လူနှစ်မျိုးနှစ်စား ရှိကြတယ်…ကွ။အချို့က အလုပ်လုပ်တဲ့ အချိန်မှာ လုပ်ကိုင်စရာ ကိစ္စများကို ကြည်လင်သော စိတ်ထားလေးနဲ့ ပျော်ရွှင်စွာဖြင့် လုပ်ကိုင်တက်ကြသလို အချို့သောသူတွေက စိတ်ကို ပင်ပန်းကြီးစွာ ထားပြီးတော့ အလုပ်မှ သတ်မှတ်ထားသော အလုပ်ဆင်းချိန် ရောက်ရင် အိမ်ပြန်ရမယ်ဆိုသော အတွေးများနဲ့အချောင်ခိုစိတ်ထားပြီး ကြိုးစားအားထုတ်ခြင်း မပြုပဲနဲ့ တာဝန်ကို ဝတ်ကျေတမ်းကျေဖြင့် ပြီးစလွယ် လုပ်ကိုင်တက်ကြတယ်……သူငယ်ချင်း။
image
လူတွေဟာ နေ့စဉ်အလုပ် လုပ်နေကြတယ်ဆိုပေမယ့် သူငယ်ချင်းရယ်……အလုပ်ပေါ်မှာ ထားရှိတဲ့ စိတ်တွေက မတူညီကြဘူး…လေ။လူတွေ အလုပ် လုပ်ကိုင်ဆောင်ရွက်ရသည့် ရာထူး အဆင့်အတန်း မြင့်ခြင်းနိမ့်ခြင်းတွေကြောင့်လည်း မဟုတ်ဘူး…ကွ။ခန်းနားကြီးကျယ်လှသည့် အမိုးအောက် တိုက်ခန်းကြီးထဲမှာ လေအေးပေးစက်လေးနဲ့ အကောင်းဆုံး ထိုင်ပြီး လုပ်နေရသည့် အလုပ်နဲ့လည်း မဆိုင်သလို ပူပြင်းခြောက်သွေ့လွန်းသော နေရောင်ခြည်၏ အပူဒဏ်ကို ကြံကြံခံပြီး ပင်ပန်းကြီးစွာ အလုပ် လုပ်နေရသည့် အလုပ်ကြမ်းနဲ့လည်း ဘာမှ မသတ်ဆိုင်ပါဘူး…သူငယ်ချင်းရယ်။အဓိက အရေးကြီးဆုံးက ကိုယ်လုပ်နေရသော အလုပ်ပေါ်မှာ ဦးတည်ချက် ကောင်းကောင်းနဲ့ စိတ်ကိုပျော်ရွှင်အောင် ထားပြီး စေတနာလေးနဲ့ လုပ်ကိုင်တက်ရမယ်……သူငယ်ချင်း။မင်းကိုငါ ထက်ပြောမယ်နော်……အလုပ် လုပ်ရင် ဘယ်အလုပ်ပဲ လုပ်လုပ်ပါ…ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ စေတနာထားကာ ရည်ရွယ်ချက် မှန်မှန်နဲ့ လုပ်ကိုင်ဆောင်ရွက် သွားပါလို့ ငါ သတိပေးလိုက်ပါတယ်…ကွာ။အလုပ် လုပ်နေတဲ့ အချိန်မှာ ဦးတည်ချက်တွေ မဲ့နေမယ်ဆိုရင် လမ်းလျှောက်သူတွေ လမ်းပျောက်နေသလို ဖြစ်နေလိမ့်မယ်…သူငယ်ချင်း။ကြိုးစားသာချင်း တူပေမယ့် ရည်ရွယ်ချက် မျှော်လင့်ချက် ဦးတည်ချက်တွေ မှားယွင်းစွာ ထားမိမယ်ဆိုရင် လမ်းပျောက်နေတဲ့ ခရီးသည် တစ်ဦးနဲ့ ဘာခြားနားမှာလည်း…ကွာ။အတူတူပဲပေါ့…သူငယ်ချင်းရယ်။
image
အလုပ် လုပ်နေသာပဲ ……အလုပ်ကို ကြိုးစားပြီး လုပ်နေပါတယ်……ဒါပေမယ့် အခုချိန်ထိ ဘာမှဖြစ်မလာ သေးဘူးလို့……ငါ့ကိုမင်း ပြောခဲ့ဖူးတယ်…နော်။အလုပ် လုပ်ရင် လုပ်တိုင်းလည်း မဖြစ်နိုင်သလို ကြိုးစားတိုင်းလည်း အောင်မြင်မှုမရနိုင်ဘူး……သူငယ်ချင်း။အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ရည်ရွယ် ဦးတည်ချက် မျှော်လင့်မှုတွေထားပြီး လုပ်ကိုင်တက်ရမယ်……သူငယ်ချင်းရဲ့။မင်းရည်မှန်းထားတဲ့ အိမ်မက်…မင်းရည်ရွယ်ထားတဲ့ ဦးတည်ချက်တွေကို မင်းလုပ်နေတဲ့အလုပ်က မည်မျှလောက် အထောက်အပံ့ပြုပြီး မျှော်လင့်လို့ ရနိုင်ပါသလဲ…သူငယ်ချင်း။မင်းဖြစ်ချင်နေသာနဲ့ …မင်းလုပ်နေရတဲ့ အလုပ်ဟာ တူညီနေတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာလို့ သတ်မှတ်ထားပြီး ယုံကြည်မှုတွေ ရှိနေမယ်ဆိုရင်…အမိုးမပါတဲ့ ပူပြင်းလှတဲ့ လေဟာပြင် နေရောင်ခြည်အောက်မှာ မင်းလုပ်နေရလို့ မင်းကိုယ်မင်း စိတ်ပျက်အားငယ်သည့် ခံစားချက်တွေ မထားမိပါစေနဲ့…သူငယ်ချင်းရယ်။မင်းဖြစ်ချင်သာတွေ မဖြစ်လာသေးခင်မှာ…မင်းကိုယ်မင်း အားတက်စရာ ကိစ္စတို့နှင့် မင်းစိတ်ကို ပြောင်းလဲယူထား နိုင်ရမယ်……သူငယ်ချင်း။နေပူကြီးထဲမှာ…မင်းတစ်ယောက် အလုပ် လုပ်နေရသော်လည်း မင်းရဲ့ ရည်ရွယ် ဦးတည် မျှော်လင့်ချက်တွေအတွက် ဇွဲ လုံးလ ဝီရိယထားပြီး ထက်သန်သောစိတ်တို့နှင့် မင်းကိုယ်မင်း အားပေးကာ ပန်းတိုင်နဲ့ နီးနေပြီလို့ စိတ်ကိုပြောင်းလဲယူ၍ အလုပ်လုပ်မယ်ဆိုရင် မောပန်းနွှမ်းနယ် နေပါသော်လည်း (ကိုထီးဆိုင်)သီဆို ရေးဖွဲ့ထားတဲ့ သီချင်းထဲကလို…မောတော့မောသာပေါ့#ဒါပေမယ့် မမောဘူးပေါ့…သူငယ်ချင်းရယ်။
image
ဒီလိုသာ အလုပ်ကို ရည်ရွယ် ဦးတည် မျှော်လင့်ချက်တွေနဲ့ အလုပ်ကို ကြိုးစားပြီး ဇွဲ လုံးလ ဝီရိယစိုက် အားထုတ်ကာ လုပ်ကိုင်သွားမယ်ဆိုရင် အလုပ်ပင်ပန်းသော်လည်း စိတ်ချမ်းသာ ပျော်ရွှင်ခြင်းကို ……မင်း လက်တွေ့ သိရှိခံစား လာမှာပါ……သူငယ်ချင်း။မင်းရဲ့အသက် ရှင်သန်နေသရွေ့ ရှေ့လျှောက် သွားရဦးမယ့် ဘဝခရီးလမ်းတလျှောက်မှာ ဘာပဲလုပ်လုပ် အဓိပ္ပါယ်ရှိစွာ ရည်ရွယ် ဦးတည်ချက်စိတ်တွေ ထားရှိပြီး လုပ်ကိုင် ဆောင်ရွက်သွားပါလို့ ……ငါ့အနေနဲ့ ထက်မံ သတိပေးရင်း အလုပ်မအားလပ်သည့်ကြားက…မင်း မေးလာခဲ့တဲ့ ရည်ရွယ် ဦးတည်ချက် ဆိုတဲ့ အကြောင်းကို ဒီမှာ ခေတ္တခဏ ရပ်နားခွင့် ပြုပေးပါ……သူငယ်ချင်းရယ်……။

@thura

msc:066

photo:my(3)

photo:google(1)

Sort:  

personal goal ပန်းတိုင်၊ Dream map စိတ်ကူး စတာတွေကအတူတူပါပဲ၊ ဒီခေတ်မှာ personal goal ထားရမှန်းမသိသူတွေများတယ်။ ၉၉% လောက်ကိုပါပဲ။

ဟုတ်တယ်ဆရာရေ

@steem-marketing has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an BiggerUpvote send 0.5 SBD to @minnowpond with your posts url as the memo
            To receive an BiggerUpvote and a reSteem send 1.25SBD to @minnowpond with your posts url as the memo
            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ဦးတည်ချက်ကိုခိုင်မာအောင်လုပ်ရမှာပေါ့

ဘာလုပ်လုပ်ဦးတည်ချက်မရှိပဲလုပ်မယ်ဆိုရင်
ဘဝခရီလမ်းလျှောက်လှမ်းရာမှာအဆင်မပြေမှုတွေနဲ့
ကြုံနေရဦးမှာပါအကို
ကျေးဇူးတင်စွာဖြင့်@thura

I like this post

ဟုတ်ကဲ့
ဤသို့ ကျွန်နော်ရေးသားဖွဲ့နွှဲ့ထားသောပို့(စ်)လေးအား
ကြိုက်နှစ်သက်သာသိရှိရလို့ ဝမ်းသာပီတိဖြစ်၍
ထက်၍ရေးသားရန်ခွန်အားများရရှိပါကြောင်း ရင်ဖွင့်ပြောကြားရင်း
ကျေးဇူးတင်စွာဖြင့်@thura

ဦးတည်​ချက်​​တွေ ခိုင်​မာသွားပြီ​ဗျာ

ဝမ်းသာကြောင်းနဲ့ကျေးဇူးတင်ကြောင်းပြေားကြားလိုက်ပါတယ်ဗျ

ကျွှန်တော့်မှာ ရည်မှန်းချက်တစ်ခုရှိတာယ် တစ်နေ့မိန်းမတစ်ယောက်ရအောင်ယူနိုင်ရမယ် ။ ဟီးဟီးး တစ်မျိုးကြီးနော် စတာပါ ။
sbd ရောင်းပြီး ကုမ္မဏီ ထောင်နိုင်ရမယ် ဟာ ဟား ။

ကျွန်နော်ဒီအဖွဲ့ထဲကိုစတင်ရောက်ရှိတဲ့နေ့
အကူညီတခုကိုစပြီးယူခဲ့သာ(ကိုdomelay)ပါဗျ
စိတ်ဆိုးပါဘူး…ဟယ်
တစ်နေ့တစ်ယောက်တော့မလုပ်ပါနဲ့…ဟာ
ကျွန်နော်အတွက်မကျန်ပဲနေလိမ့်မယ်ဗျ
ကုမ္မဏီထောင်ရင်ကျွန်နော်ကိုစရင်းကိုင်နေရာတစ်ခုလောက်တော့ပေးပါနော်
domelayကိုလေးစားပြီးအားကျမိတဲ့@thura

thank you sis
ဟုတ်ကဲ့ပါမမလေး
ကျေးဇူးတင်ပါတယ်

အိုကေ ဂွတ်ပါ

ဟုတ်ကဲ့
ပြည့်စုံလုံလောက်ပါတယ်
ကျေးဇူးတင်ပါတယ်

@royrodgers has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an BiggerUpvote send 0.5 SBD to @minnowpond with your posts url as the memo
            To receive an BiggerUpvote and a reSteem send 1.25SBD to @minnowpond with your posts url as the memo
            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Good တယ် Bro!

Coin Marketplace

STEEM 0.17
TRX 0.24
JST 0.034
BTC 96556.01
ETH 2826.36
SBD 0.69