အိုဘယ့်...မြန်မာ
အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာ ချမ်းသာကြပါစေ။
အခုတလော မှဖြစ်ပျက်သွားတဲ့သတင်းတစ်ခုနဲ့ပတ်သက်ပြီးတင်ပြပါရစေ။မူခင်းသတင်းတွေကတော့ fb တစ်ခွင် မှာပလူးကိုပျံလို့ပါ။တစ်နေ့တစ်နေ့ တွေ့ရတဲ့မူခင်းတွေလည်းမနည်းဘူး။မြန်မာကရဲတွေလည်းအငြိမ်မနေရဘူး။တစ်ခုမဟုတ်တစ်ခုဖြစ်နေတော့ ရဲလည်းမနိုင်ဘူးထင်ပါရဲ့ ။ဟိုတစ်နေ့ကမှဖြစ်သွားတဲ့ မူခင်းတောင်ရဲမပါဘဲအနီးနားက လူတွေကြောင့် ဖမ်းမိသွားတယ်လို့ကြားတယ်။အဲ့လိုဆိုတော့ ရဲတွေအသုံးမကျကြောင်းရေးလိုက်ကြတဲ့ comment တွေ မနည်းဘူး။ဒါလည်းသူတို့အမြင်သူတို့ချပြတာ အပြစ်မရှိပြန်ဘူး။
အဲ့ဒီအမှုမှာ ရွာကအကိုတစ်ယောက်ကြောင့်မိသွားတာလို့ကြားတယ်။သူကကျွန်မတို့ရွာကနေ မန္တလေးမှာလာပြီးစီးပွားရှာနေတဲ့သူတစ်ယောက်ပါ။သူကဆံပင်ညှပ်ဆရာတသ်ယောက်ဆိုတော့ ဆံပင်ဆိုင်ဖွင့်ပြီး စီးပွားရှာနေတာကြာပြီပေါ့လေ။7 Day newsက သူနဲ့အမေးအဖြေလေးတင်ပေးတာ တွေ့လို့ဖတ်ကြည့်တာ သူဒီမှာနေတာ နှစ်ချီနေပြီ မှုခင်းတွေလည်း အတော်များများတွေ့တယ်၊မြင်တယ်။ အားလုံးလည်းသိကြမှာပါ မန္တလေး မှာနေ့ခင်းကြီး သေနတ်နဲ့ပစ်ပြီးဆိုင်ကယ်လုတဲ့သတင်းကိုလေ။ဟိုတနေ့ကမှ နေ့ခင်းလူရိုက်ပြီး ဆိုင်ကယ်လုတာ ကိုရေးပြီးတင်ခဲ့တယ်။အဲ့တုန်းကလည်း နေ့ခင်းကြီး လုရဲတယ်ဆိုပြီး အတော်လေးလည်းအံ့သြမိတယ်။အခုကျပြန်တော့လည်း နေ့ခင်းမှာတောင်သေနတ်နဲ့ပစ်ပြီးလုတယ်ဆိုတော့ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
သြော်....ဘယ်သူတွေအပြစ်ရှိပါတယ်လို့ လက်ညိုးမထိုးချင်ဘူး။ဘာလို့ဆို အခုက ပျက်ချင်ရာပျက်၊ဖြစ်ချင်ရာဖြစ် နေတဲ့ အခြေအနေကိုးနော်။စိတ်ဓာတ်တွေပဲ ပြင်ရမလား၊လက်ရှိအခြေအနေကိုပဲပြင်ရမလား။နိုင်ငံက အရမ်းကြီး မဖွင့်ဖြိုးလို့ ဒီလိုဖြတ်လမ်းတွေသုံးနေကြတာလား။လုပ်စရာအလုပ်တွေမရှိတော့လား။စဉ်းစားစရာပါပဲ။မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့်လား ??ဒီလိုလူအဆန်တဲ့ အရဲစွန့်ပြီးလုပ်၇မယ့် ဂုဏ်သိက္ခာမရှိတဲ့ သူခိုး၊လူလိမ်အလုပ်တွေကို ပညာတတ်တဲ့သူကတော့ မလုပ်လောက်ဘူးလို့ယူဆမိတယ်။ဘာလို့ဆို မြန်မာမှာက ဘွဲ့တစ်ခုရရင် အနည်းဆုံးတော့ အလုပ်တစ်ခုရနိုင်တယ်လေ။ဘယ်အလုပ်ပဲခေါ်ခေါ် ဘွဲ့ရ၊အတွေ့အကြုံရှိတဲ့သူကိုမှ ခေါ်ကြတာချည်းပဲ။ဒါကြောင့် အခုလို လုပ်ရပ်မျိုးကို ပညာသိပ်မတတ်ဘဲ လေလွင့်နေတဲ့ ဂျပစီလို ၁၀၉၊၁၁၀တွေပဲ လုပ်ကြမယ်လို့ ကျွန်မထင်တယ်။ကျွန်မအထင်မှားနိုင်ပါတယ်။
အခြားနိုင်ငံတွေနဲ့ယှဉ်ရင် လုရက်တဲ့အမှုမှာ မြန်မာကထိပ်ကဖြစ်နေလောက်ပြီ။ဒီမန္တလေးမှာကိုပဲ ရက်သတ္တပတ်မကွာဘူး ၃ခုဆက်တက် ဖြစ်တယ်။၃ခုလုံး လူရိုက်ပြီးလုတာနဲ့၊သေနတ်နဲ့ပစ်ပြီးလုတာနဲ့၊ဓားထိုးပြီးလုတာနဲ့ ။ဖြတ်လမ်းနည်းအလွယ်နည်းတွေလိုက်ရင်း သူတစ်ပါး မိသားစုအသိုက်အဝန်းကိုဖျက်ဆီးနေကြတယ်။ကိုယ်လည်း ပတ်ပြေးနေရင်း မိသွား၇င်လည်း မိသားစုနဲ့ကွဲရမှာပဲ။သူ့ဆီကလုလို့ရတဲ့ပစ္စည်းတန်ဖိုးနဲ့တစ်သက်လုံးစားလို့မရပါဘူး။ဘာကြောင့်များ အဲ့လို အလုပ်တွေလုပ်နေကြတာလဲ??
အခြားနိုင်ငံတွေမှာသွားပြီး အလုပ်လုပ်နေကြတဲ့သူတွေလည်း အများကြီးပါ။ကိုယ့်နိုင်ငံနဲ့ခွဲပြီး တစ်နယ်တစ်ကျေးမှာ နေရင်းမိသားစုကိုထောက်ပံ့ကြတဲ့ သူရဲကောင်းတွေပေါ့။တချို့လည်း ဘွဲ့ရပြိးအလုပ်ထွက်လုပ်တာရှိသလို၊တချို့လည်း ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အမိမြေကို စွန့်ခွာပြီး ရပ်တည်နေကြတယ်။တကယ်ကိုလေးစားထိုက်ပြီး သတ္တိ ရှိတဲ့သူရဲကောင်းတွေပါပဲ။သူတို့တွေ မြန်မာမှာနေပြီး အလုပ်လုပ်ချင်ရှာပေမယ့် လစာမကောင်းလို့မလုပ်ကြဘူး။ဒါကတော့ စွန့်စားချင်တဲ့သူတွေရဲ့ စိတ်နဲ့ဆိုင်တာပေါ့။နောက်တစ်ခုက မြန်မာနိုင်ငံမှာက ဘွဲ့မရလျှင် အလုပ်တစ်ခုရှာရန် မလွယ်တာအမှန်ပါ။အသုပ်ရောင်းစားကြ၊ဝက်လျှော့မှာ ဝင်လုပ်ကြ၊ကွမ်းယာဆိုင်ဖွင်းစားကြ ဒီလိုပဲ သာမန်ပဲလုပ်လို့ရတယ်။ဘွဲ့မရပေမယ့် အခြားနိုင်ငံမှာက လာစာကောင်းပြီး အလုပ်တစ်ခုရတော့ ပြည်ပသို့ထွက်ရရှာတဲ့သူတွေလည်းအများကြီးပါ။
ပြောချင်တာက မြန်မာနိုင်ငံမှာရှိသလောက်လူဦးရေကို အလုပ်စိအောင်မပေးနိုင်ဘူး။အလုပ်မပေါဘူးပေါ့။ဒီတော့ ရှိတဲ့မိသားစုကအဆင်မပြေလို့ကျောင်းမတက် ဘဝပျက်ပြီး သူခိုးလိုလို၊လူဆိုးလိုလို နဲ့လစ်ရင်လစ်သလို လုရက်နေကြတာပေါ့။ အခုလိုနေ့ခင်းမှာတောင်သေနတ်ထုတ်ပြီး ချိန်းခြောက်တဲ့အဆင့်ထိတောင် ရောက်နေပြီလေ။လူဆိုတာ မရှိတဲ့ဒဏ်ကိုကြာကြာမခံနိုင်ဘူး။အဲ့တော့ နည်းလမ်းသုံးလိုက်တော့ သုံးတဲ့နည်းလမ်းက တဖက်သားအသတ်ကိုပါစတေးရပြန်တယ်။သေပါစေဆိုပြီး ရည်ရွယ်ချက်ရှိရှိလုပ်မယ်လို့ စိတ်ကူးမထားပေမယ့် ကြုံလာတဲ့အခြေအနေကို မလွန်ဆန်နိုင်တော့ အသက်ကိုနှုတ်ယူလိုက်ပြီပေါ့။ သြော်....ဘဝပေးမကောင်းတော့ လုပ်မိလုပ်ရာတွေလုပ်ရင်း ပြသာနာတွေ ထပ်နေပြန်ရော့။သြော်....တချို့ပြသာနာကိုဖြေရှင်းဖို့သုံးလိုက်တဲ့နည်းလမ်းတစ်ခုကြောင့် ပြသာနာတစ်ခုမကတက်ရပြန်ပြီလေ။နိုင်ငံတစ်ခုဆိုတာ တည်ငြိမ်ဖို့မဆိုထားနဲ့ ပြည်သူပြည်သားမထကြွအောင် ထိန်းသိမ်းဖို့ မလွယ်ပါဘူး။တိုင်းပြည်ကောင်းနေရင်တောင်မှ မလွယ်တဲ့ကိစ္စ တိုင်းပြည်ပါ အကြပ်ရိုက်နေရင် ဖြေရှင်းဖို့ အချိန်တွေအများကြီးပေးဆပ်ရတော့မယ်။ ဒါကြောင့်ပြောတာပေါ့ အပြစ်တင်လို့မရလို့လေ အားလုံးက သူ့ဟာနဲ့သူ ပြသာနာတွေ၊ဒုက္ခတွေနဲ့ ပတ်လည်ဝိုင်းနေကြတာ။
တစ်ဖက်ကလည်း မရှိလို့လုတယ်၊တစ်ဖက်ကလည်း ကိုယ့်ချွေးနဲ့သွေးနဲ့ရင်းပြီး ရှာထားတဲ့ ပစ္စကိုလွယ်လွယ်နဲ့မပေးချင်။ဒီလိုနဲ့ အသက်ပါပေးရပြန်။အဲ့အပြစ်ဒဏ်ကြောင့်ထောင်ထဲမှာ ဘယ်လောက်ကြာကြာနေရမလဲမသိဘူး။အဲ့လိုနဲ့ ဖြေရှင်းရင်း ပြန်ပတ်နေကြတဲ့ လူ့ဘဝကြီးကို တခဏလေးရောက်လာလို့တော်သေးတာပေါ့ အကြာကြီးဆို မလွယ်ဘူး။အခုလိုမြန်မာနိုင်ငံဆို လူဦးရေများလေ ပြသာနာကြီးလေ ဖြစ်လာနိုင်တယ်။ရှိတဲ့လူတောင် လုံလောက်အောင် မထားနိုင်သေးတော့ လေ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ မြန်မာပြည်ကြီး အေးချမ်းပါစေဆိုပြီး ဆုတောင်းပေးရုံကလွဲလို့ မတတ်နိုင်ဘူးလေ။အဲ့တော့ အေးချမ်းပါစေ......တည်ငြိမ်ပါစေ.....ဖွင့်ဖြိုးပါစေ.........
အားလုံးကို ကျေးဇူးတင်ပါတယ်။ကျွန်မတစ်ယောက်တည်းရဲ့ အမြင်နဲ့ရေးထားလို့ အယူအဆလွဲနိုင်ပါတယ်။လွဲရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ထောက်ပြပြောဆိုနိုင်ပါတယ်။
@thithisann
Author Thi Thi San
Msc 262
ဒီလိုဘာဘဲ လောဘဒေါသဖုန်းလွမ်းလာရင် မြန်မာတင်မဟုပ်ပါ
တခြာနိုင်ငံကသီတင်းမျာကလဲကြာက်စရာကောင်းပါတယ် ဘာရယ်မဟုပ် အသေခံ ဗုန်းခွဲတာတွေကြက်သီးတောင်ထတယ်
ကြောက်စရာကောင်းနေပြီ
ရန်ကုန်ရော မန္တလေးမှာရော
သေနတ်သမားရန်က ကြောက်နေရပြီလေ
ကြောက်စရာကောင်းနေပီ
Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
သေနတ်ကိုင်ပြီး လုပ်နိုင်တဲ့အခြေအနေတွေကတော့ မျက်မြင်ဖြစ်ပျက်သွားတာ အားလုံးအသိပဲဖြစ်ပါတယ်။ဒီလိုအခြေအနေအတွက်တော့ ဝမ်းနည်းစရာကောင်းလှပါတယ်။ဒီနေရာမှာရပ်ပြီး အားလုံးအေးချမ်းကြပါစေလို့ ဆုတောင်းရင်း post ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။
အားပေးလို့ကျေးဇူးပါ
ဗဟုသုတတွေ ပြည့်စုံလွန်းလှပါတယ် ညီမလေး
အရမ်းတော်တယ်
ဟုတ် ကျေးဇူးပါအကိုရေ့
မြန်မာပြည်ကြီး အေးချမ်းပါစေဗျာ
အေးချမ်းပါစေ မြန်မာပြည်
ဒုစရိုက်မှုတွေများလာတယ်...အေးချမ်းတည်ငြိမ်ပါစေဆုတောင်းရမှာပါ....
ဆုတောင်းနေရမှာပေါ့
အင်းကြားရတာတွေကလည်း မကောင်းပါလား။
မကောင်းဘူး
မြင်ရကြားရ စိတ်မသက်သာစရာပါလားနော်
ဟုတ်ပါ့အမရယ်
နေရာအနှံ့မှာ ရဲဆိုတာမရှိနိုင်ပါဘူး ပြည်သူဆိုတာကတော့ နေရာအနှံ့မှာရှိနေမှာပါ ရဲကို ပြည်သူတွေက ကူညီပါမှ ဒုစရိုက်မှုတွေ နည်းပါးသွားနိုင်ပါတယ်ဗျာ
ဒုစရိုက် မှုနည်းအောင် ပူးပေါင်းလုပ်ဆောင်ရမယ်လေ