ကျွန်တော်၏ အတွေးအမြင်လေးများ

in #myanmar7 years ago (edited)

flat,750x1000,075,t.u4.jpg

Image Credit Source

လူတစ်ယောက်၏ စိတ်မှာ ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်းများဖြင့် အမြဲပြည့်နှက်နေကြပါလိမ့်မည်။ကျွန်တော်တို့ လောကလူသားများသည် အတ္တလောဘကြီးကြသူများဖြစ်သောကြောင့် ဘယ်သောအခါမျှရောင့်ရဲခြင်းဖြင့် ကျေနပ်နေသူများမဟုတ်သည်ကတော့ အမှန်ပင်ဖြစ်ပေလိမ့်မည်။ကျွန်တော်တို့၏ ပျော်ရွှင်ခြင်းများ ၊ စိတ်ညစ်ခြင်းများသည် ကျွန်တော်တို့ကိုယ်တိုင်ပြုလုပ်ကြသောကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်မျှ ကျွန်တော်တို့ကို ပျော်ရွှင်အောင် ၊ စိတ်ညစ်အောင်လာရောက်ပြုလုပ်ခြင်းများ မဟုတ်ခဲ့ကြပါ။ထိုပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်းများကို ကျွန်တော်တို့၏ လောဘတွေ ၊ ဒေါသတွေ ၊ မောဟတွေနဲ့ဘဲ စုပေါင်းကာဖန်တီးနေကြခြင်းများဖြစ်ကြပါသည်။
ကျွန်တော်၏ ပျော်ရွှင်ခြင်းများကို ခံစားရချိန်များသည် များသောအားဖြင့် မိမိလိုချင်သော အရာဝတ္ထုများကို ပိုင်ဆိုင်ရခြင်း ၊ မိမိပြုလုပ်လိုက်သော အကြောင်းကိစ္စများအောင်မြင်ခြင်းအစရှိသော ကောင်းကျိုးလက္ခဏာများကို ဆုပ်ကိုင်နိုင်ချိန်များတွင် ဖြစ်ပေါ်ကြပေလိမ့်မည်။ထိုအကြောင်းကိစ္စအခြင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သော အကျိုးလက္ခဏာများကို ပိုင်ဆိုင်ခံစားရချိန်ကတော့ ကျွန်တော်တို့အားလုံး စိတ်ညစ်စရာများကို ခံစားကြပါတော့သည်။ထိုသို့ပျော်ရွှင်ခြင်းများ ၊ စိတ်ညစ်ခြင်းများကို အကောင်းဆုံးအနေအထားဖြင့် လက်ခံနိုင်ရန်ကတော့ ရောင့်ရဲခြင်းရှိမှသာ ဖြစ်ပေလိမ့်မည်။ရောင့်ရဲခြင်းမရှိနိုင်သေးသမျှ ကျွန်တော်တို့သည် ပျော်ရွှင်ခြင်းများ ၊ စိတ်ညစ်ခြင်းများကို လက်ခံပိုင်ဆိုင်နေကြရပေဦးမည်။
ကျွန်တော်တို့ ထိုသို့ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်းများကို ရောင့်ရဲခြင်းဖြင့် လက်ခံနိုင်ဖို့ရန်အတွက် အတော်ကိုကျင့်ကြံအားထုတ်ရပေလိမ့်မည်ဟုတော့ ယုံကြည်မိပါသည်။ကျွန်တော်၏ အသိတစ်ခုအမြင်ဖြင့်ပြောရမည်ဆိုလျှင် ယခုခေတ်တွင်ပိုမိုခက်ခဲလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။လွန်ခဲ့သော အတိတ်ကာလများက ကျွန်တော်တို့လူသားများ ယခုခေတ်ကာလထက် ပိုမိုရိုးသား ၊ သစ္စာရှိကြသူများဟု ကြားသိခဲ့သောကြောင့်ဖြစ်ပါသည်။ထိုခေတ်ထိုအခါ လူသားများသည် တစ်ဦးအပေါ်တစ်ဦး ရိုသေကိုင်းရှိုင်းကာ စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်း ၊ အသိုင်းအ၀န်းတစ်ခုအဖြစ်နေထိုင်ခဲ့ကြသည်ဟုလည်း ရှေးလူကြီးများပြောပြချက်အရ ကျွန်တော်တို့ကြားနာခဲ့ဖူးပါသည်။IMG_5389.jpg
Image Credit Source
ယခုခေတ်ကာလအချိန်များတွင် ကျွန်တော်တို့နေထိုင်သော ပတ်ဝန်းကျင်များသည် အရင်ကနဲ့လုံးဝကွဲပြားခြားနားသွားပေတော့သည်။ယခုအချိန်တွင် ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ လူသားများသည် ပိုမိုကာ လောဘ ၊ ဒေါသ ၊ မောဟများကြီးထွားလာကာ စည်းလုံးမှုပြိုကွဲနေသော လူ့အဖွဲ့အစည်း ၊ လူ့အသိုင်းအ၀န်းအသွင်သို့ တစ်နေ့တစ်ခြား ကူးပြောင်းလာသည်များကို တွေ့မြင်နေကြရပါတော့သည်။ထိုသို့အသွင်ကူးပြောင်းလာရခြင်းများမှာ မိမိတို့ရရှိပိုင်ဆိုင်နေသော အကျိုးရလဒ်များကို ရောင့်ရဲခြင်းဖြင့်လက်ခံနိုင်ခြင်းမရှိသောကြောင့်ဖြစ်ကြရပေလိမ့်မည်။
ကျွန်တော်တို့ လက်ရှိခေတ်ကာလအနေအထားအရ ကျွန်တော်တို့ လူသားမျိုးနွယ်စုများသည် တစ်ဦးနဲ့တစ်ဦးပြိုင်ဆိုင်မှုများပိုမိုပြင်းထန်လာကြပါတော့သည်။ထိုသို့ပြင်းထန်လာခြင်းများမှာ ကောင်းသောလက္ခဏာဟု ကျွန်တော်မမြင်တော့ပေ။ထိုသို့ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ လောဘများပိုမိုကြီးထွားလာကြသည်ဟုသာ ကျွန်တော်မြင်မိပါတော့သည်။
ကျွန်တော်တို့ရပ်ကွက်များတွင် မိမိပတ်ဝန်းကျင်ကို မိမိအရင်ဆုံးတွေးကြည့်ကြလျှင် ပိုမိုထင်သာမြင်သာ ရှိပေလိမ့်မည်။ကျွန်တော်တို့နေထိုင်ကျက်စားကြသော သဘာဝပတ်ဝန်းကျင်များတွင် တစ်ဦးတစ်ယောက်မှ တစ်စုံတစ်ခုကိုရယူပိုင်ဆိုင်လျှင်ဖြင့် အခြားတစ်ဦးမှလည်း ပိုင်ဆိုင်လိုစိတ်များဖြစ်ပေါ်လာပါတော့သည်။ထိုသို့ပိုင်ဆိုင်လိုသောကြောင့်လည်း ထိုသူထက်ပိုမိုသာလွန်သေချာမည့်နည်းလမ်းများကို ရှာဖွေလာကြပါတော့သည်။ထိုသို့ရှာဖွေသောအခါများတွင် ကောင်းသောနည်းလမ်းဖြင့် ရှာဖွေသူများရှိသလို ၊ မကောင်းသောနည်းလမ်းများဖြင့် ရှာဖွေသူများလည်းရှိကြပြန်ပါသည်။ထိုသို့သူ့ထက်ငါ အပြိုင်အဆိုင်ရှာဖွေကြသောအခါ မိမိသေချာအောင်ပြုလုပ်လိုက်သော နည်းလမ်းဖြင့် အောင်မြင်သွားပါက ၀မ်းသာကြည်နူးပျော်ရွှင်ကြသလို ၊ မိမိအားကိုးလိုက်သော နည်းလမ်းဖြင့်လွှဲချော်သွားပါကလည်း စိတ်ညစ်ခြင်းများစွာဖြင့် နေမထိထိုင်မသာဖြစ်ကြရပါတော့သည်။
လူ့ပတ်ဝန်းကျင်ရှိလူသားများသည် အများသူငါရယူပိုင်ဆိုင်သလို ကိုယ်လည်းပိုင်ဆိုင်လိုကြသည်။ပိုင်ဆိုင်လိုသည်များတွင် မိမိရယူပိုင်ဆိုင်မည့်အရာများသည် အများသူငါထက် ပိုမိုကောင်းမွန်လိုကြပြန်ပေသည်။ထိုသို့မိမိတို့ရယူပိုင်ဆိုင်ကြသော အရာများသည် ကောင်းမွန်ခြင်း ၊ ကျေနပ်နှစ်သက်ခြင်းများမရှိလျှင် တစ်ဦးအပေါ်တစ်ဦး မနာလိုဝန်တိုစိတ်များပေါ်ပေါက်လာကာ နေရင်းထိုင်ရင်းဖြင့်ပင် စိတ်ညစ်မှုများကို ခံစားနေကြရပေတော့သည်။ထိုသို့လူ့သဘာဝ လူ့လောဘကြောင့်ပင် ကျွန်တော်တို့လူသားများ ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်းများကို ခံစားနေကြရခြင်းများဖြစ်ပါသည်။

Very_Angry_Emoji_7f7bb8df-d9dc-4cda-b79f-5453e764d4ea_large.png

Image Credit Source
ပတ်ဝန်းကျင်အတွင်းတွေ့ရှိရသည်များက တစ်ချို့ဆိုလျှင် ဘာမဟုတ်သောကိစ္စလေးများကို ကြားမိသည်နှင့် စိတ်မထိန်းနိုင်ဘဲ ဒေါသကြောင့် လုပ်မိလုပ်ရာလုပ်မိကြပြန်သည်။တကယ်ဆို မိမိအတွက် တစ်စုံတစ်ရာ အကျိုးမဖြစ်ထွန်းသော ကိစ္စများအတွက် ကြားမိမြင်မိသည်များကို စိတ်ထိန်းကာ ကာကွယ်ရောင့်ရဲနိုင်မည်ဆိုလျှင် မလိုအပ်သော အမှားများဖြစ်လာကြမည်မဟုတ်တော့ပေ။တကယ်တမ်းတော့ ရောင့်ရဲထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ဒေါသများဖြစ်ကာ စိတ်ညစ်ခြင်းများအသွင်သို့ ကူးပြောင်းသွားကြပေတော့သည်။ကျွန်တော်တို့ ထိုဒေါသများကြောင့် ပိုမိုကြမ်းတမ်းခက်ထန်လာကြကာ တစ်ဦးအပေါ်တစ်ဦးချစ်ခင်စည်းလုံးလိုစိတ်များပပျောက်ကာ မနာလိုမုန်းထားစိတ်များပိုမိုပြန့်ပွားနေကြပါတော့သည်။ထို့ကြောင့်လည်း အရင်တုန်းကလိုမျိုးပတ်ဝန်းကျင်များနှင့် ယခုပတ်ဝန်းကျင်များသည် မတူညီကွဲပြားသွားကြခြင်းများဖြစ်ကြပေလိမ့်မည်။download.jpg
Image Credit Source
ပတ်ဝန်းကျင်ရှိတစ်ချို့သောသူများဆိုလျှင်လည်း သူတစ်ပါး၏အကျိုးစီးပွား ပျက်ပြားဖို့ရန် အမျိုးမျိုးချောက်တွန်းပြောကြသူများလည်း ရှိကြပြန်သည်။သူ့တို့၏တိုက်ခိုက်ခြင်းကြောင့် အခြားသူများ ပျက်စီးသွားသည်များကို မြင်လျှင်ဖြင့် အားရ၀မ်းသာကျေနပ်တတ်သူများလည်းရှိနေကြပြန်ပါသည်။ထိုသို့သဘာဝတရားများဖြင့် ပြည့်နှက်နေသော ကျွန်တော်တို့လူသားများသည် ရောင့်ရဲခြင်းဟူသော သဘောတရားကို လိုက်နာကျင့်သုံးနိုင်စွမ်းအားနည်းနေသည်များကတော့ အလွန်ပင်စိတ်မကောင်းစရာများဖြစ်နေပါတော့သည်။ထိုသို့ရောင့်ရဲခြင်းများ မရှိနိုင်သေးသမျှတော့ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိလူသားများသည် လောဘ ၊ ဒေါသ ၊ မောဟများဖြင့် ထုဆစ်ထားသော ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်းများကို ဆက်လက်ခံစားနေကြရပေလိမ့်မည်။happy-face_veer_3x4_0.jpg
Image Credit Source
ထို့ကြောင့် ကျွန်တော်တို့ Steemit မှ မိတ်ဆွေညီအစ်ကိုမောင်နှမများလည်း မိမိပိုင်ဆိုင်ရသော အကြောင်းအရာများအပေါ် ရောင့်ရဲနိုင်ခြင်းဖြင့် ပျော်ရွှင်ခြင်းများကိုသာ ပိုင်ဆိုင်သူများဖြစ်နိုင်ကြပါစေဟုဆုတောင်းရင်း ကျွန်တော်၏အတွေးအမြင်လေးများကို ခေတ္တနိဂုံးချုပ်ပါရစေ။

စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Writter @theinzawlin
MSC – 128

Sort:  

လောဘ​တွေ ​ဒေါသ​တွေ ​ရော​နော​နေရင်​​တော့ ​ပျောရွှင်​မူကနည်းပါးလာတာ​ပေါ့။

လောဘ ဒေါသ မောဟတွေကို ဖြေဖျောက်နိုင်အောင် ကြိုးစားရပေမည်

အရေးအသား ကောင်းတာ😃

ကျေးဇူးပါဗျ

အ​တွေး​ကောင်း အ​ရေး​ကောင်းပဲဗျ

တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ

အရေးအသားကတော့ ကောင်းပါ့ကြိုးစားရမှာပေါ့ ကိုသိန်းရေ ရောင့်ရဲနိုင်ဖို့😊

ဟုတ်တာပေါ့ မမရယ်

သူများပျော်နေတာကိုမြင်ရင်ပဲ စိတ်ချမ်းသာပါတယ်ဗျာ😊😊

အကောင်းမြင်စိတ်ရှိဖို့ အရေးကြီးပါတယ်ဗျ

ဖြစ်​ချင်​တဲ့စိတ်​နဲ့ကြိုးစားတာ​ကောင်းပါတယ်​...​​လောဘစိတ်​နဲ.ဆိုအဆင်​မ​ပြေဘူး....​ကောင်း​သောအ​တွေးအမြင်​ပါ....

အခုခေတ်လူတွေက လောဘအတ္တသမားတွေပိုများနေပါတယ် အစ်မရယ်

ပြိုငိဆိုင်မှုတွေပြင်းထန်တဲ့ခေတ်ကြီးထဲရောက်လာနေ
ပါပြီ သူတစ်ပါကိုမထိခိုက်တဲ့ မျှတညီညွတ်တဲ့ အရည်သွေးရှိဖို့ မိမိဖါသာတည်ဆောက်နေရမှာပါ

သူတစ်ပါးကို မထိခိုက်အောင် အကုန်ဆင်ခြင်ကြရင်တော့ အကောင်းဆုံးပေါ့ အစ်ကိုရယ်

အမှန်ပါဘဲ KTရေ
ပြိုင်ဆိုင်မှုတွေ လောဘတွေရှိနေလို့သာ ပျော်ရွှင်မှုတွေ တဖြည်းဖြည်းလျော့ပါးလာရတာပါ

ဒါပေါ့ခွယ်

တကယ်ကို စိတ်ညစ်စရာတွေသာမြင်နေရပါတယ် အစ်မရယ်

ရှိတာနဲ့ တင်းတိမ်ရောင့်ရဲ မှု မရှိသရွေ့ စိတ်ဆင်းရဲနေရအုံးမှာဘဲဗျာ

အမှန်ပါဘဲ ညီလေးရယ်

မနာလိုဝန်‌တို ခြင်း‌တွေနဲ့ ပြိုင်‌ဆိုင်‌‌နေကြတာ။မုဒိတာ‌လေး ထားနိုင်‌ရင်‌ သိပ်‌‌ကောင်းမှာဘဲ‌နော်‌ညီ။

မုဒိတာလေးသာ ပွားနိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင်လေးဟာ တော်တော်ကိုငြိမ်းချမ်းသွားမှာဘဲဗျာ

Coin Marketplace

STEEM 0.22
TRX 0.24
JST 0.037
BTC 102149.04
ETH 3145.11
SBD 4.66