လူငယ် နှင့် အပျော်အပါး
Steemit Social Media Platform ပေါ်မှာရှိကျတဲ့ညီကိုမောင်နှမများအားလုံးမင်္ဂလာ ရှိသောနေ့ရက်လေးဖြစ်ပါစေဗျ။ညီအခုတစ်လောစဉ်းစားမိတဲ့အကြောင်းအရာလေးတစ်ခုကိုဖော်ပြပေးချင်ပါတယ်။အမှန်အတိုင်းဝန်ခံရရင်ကျွန်တော်အခုတစ်လော steemit နဲ့နဲနဲကင်းကွာနေခဲ့ပါတယ်။steemit ဖက်ကိုခြေဦးအလှည့်နိုင်ဖြစ်ခဲ့တာပေါ့။ညီအစ်ကိုတို့လည်းသတိထားမိမယ်ထင်ပါတယ်။ဟုတ်ပါတယ်ကျွန်တော်ဘဝတက်လမ်းဆိုတာထက်အပျော်အပါးဘက်မှာပျော်မွှေ့နေခဲ့မိတာပါ။ကျွန်တော့်ကိုကျွန်တော်လည်းသိခဲ့ပါတယ်။ကျွန်တော် လူငယ်တစ်ယောက်အနေနဲ့တိုးတက်အောင်မြင်ဖို့ရည်မှန်းချက်တွေရှိသော်လည်းလူငယ်သဘာဝအတိုင်းစိတ်ကအပျော်အပါးဘက်ကိုပိုပြီိးအားသာနေမိခဲ့ပါတယ်။ဂိမ်းဆော့မယ်၊ လျှောက်လည်မယ် ဒါနဲ့ပဲအချိန်ကုန်နေခဲ့မိပါတယ်။ဂိမ်းဆိုရင်အထူးသဖြင့်အခုတစ်ချို့လူကြီးတွေပါကစားနေတဲ့ Mobile Legend ဆိုတဲ့ Moba game ပေါ့။ဒီgame ကအခုဆိုရင်ပြည်သူလူထုတွေရဲ့Smart Phone တွေမှာအလွယ်တစ်ကူထည့်သွင်းပြီးကစားလို့ရနေပြီးgame ရဲ့ဆွဲဆောင်နိုင်မူဟာလည်းအတော်လည်းအားကောင်းတယ်လို့ဆိုရမည်။အရင်ဒိဂိမ်းမပေါ်ခင်ကတော့ Dota I(Warcraft) နဲ့ Dota II ကိုဂိမ်းဆိုင်တွေကိုတစ်ကူးတစ်ကသွားပြီးဆော့ကစားရပါတယ်။အခုဒီMobile Legend ဆိုတဲ့ Mobile Game ပေါ်လာတော့ Dota သမား တွေအကြိုက်ပိုဖြစ်တာပေါ့။သူက Dota Games တွေရဲ့ပုံစံတူထုတ်ထားတော့ဂိမ်းဆိုင်ကိုမသွားအားတဲ့အခါတွေကျဒီကောင်လေးကိုပဲဆော့ဖြစ်ကျပါတယ်။ကျွန်တော်ဆိုလည်းဒီgame ကိုအတော်လေးကြိုက်ပါတယ်။Dota တို့လောက်စိတ်ခံစားမှုမပေးပေမဲ့Dota နီးနီးစိတ်ခံစားမှုကိုပေးပါတယ်။ကျွန်တော်တို့လိုဂိမ်းရူးတွေအတွက်တော့အကြိုက်ပေါ့။
နောက်တစ်ခုကလည်ပတ်တာ။လည်ပတ်တာဟာမကောင်းဘူးလားဆိုတော့လည်းမဟုတ်ပါဘူး။တစ်ခါတစ်လေသူငယ်ချင်းတွေနဲ့ခရီးတိုတစ်ခုထွက်ချင်းဟာလည်းအရင်ပင်ပန်းခဲ့သမျှတွေစိတ်ညစ်စရာတွေကိုပြေဖျောက်ပြီးပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်။သူငယ်ချင်းအချင်းချင်းချစ်ခင်ရင်းနှီးမှုကိုလည်းတိုးပွားစေပါတယ်။ဥဂမာတစ်ခုအနေနဲ့ကျွန်တော့်အဖြစ်အပျက်ကလေးတစ်ခုပြောပြချင်ပါတယ်။ခရီးထွက်လည်ပတ်တာမျိုးတော့မဟုတ်ပါဘူး။တစ်ရက်ကျွန်တော်၊ကျွန်တော့်ချစ်သူနဲ့အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့ပါတယ်။အတော်လေးလည်းချစ်ပါတယ်။ဒါပေမဲ့ယောကျာ်လေးလည်းဖြစ်လူငယ်လည်းဖြစ်တော့ကျွန်တော်လည်းသူနဲ့ပြတ်သွားတာကိုဘားမှမဖြစ်သလိုဟန်ဆောင်ပြီးသူငယ်ချင်းတွေကြားပြုံပြုံးရွှင်ရွင်ပဲရောကောတောကောနေတာပေါ့။မကြာပါဘူးကျွန်တော့်ရင်ထဲကမခံစားနိုင်တော့ဘူး။မွန်းကြပ်လာတယ်။ကျွန်တော့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်ချင်လာတယ်။အဲ့ဒါနဲ့ကျွန်တော့်သူငယ်ချင်းတွေကိုခေါ် တစ်နေရာရာသွားလည်ရင်းတစ်ခုခုသောက်ရအောင်ဆိုပြီးခေါ်။သူတို့ကလည်းအဲ့လိုဆိုအမြဲအသင့်။အဲ့ဒါနဲ့ဘီယာတို့rcတို့အာလူးကြော်တို့ဝယ်ပြီးအေးသာယာဆည်ဘက်မှာသွားစုသောက်ကျတာပေါ့။ညပါနော်နေ့တော့ဟုတ်ဘူး😁။အဲ့ဒါနဲ့ကျွန်တော်လည်းအချိန်ရလာတော့ကျွန်တော့်ခံစားချက်တွေရင်ဖွင့်တာပေါ့။သူတို့ကလည်းကျွန်တော့ကိုနှစ်သိမ့်ပေးကျတာပေါ့။ပြီးတော့အမူးပြေမှအိမ်ကိုပြန်ကျတယ်။မူးနေတုန်းပြန်ရင်လည်းပါပါးရဲ့ရွှေလက်သီးကိုမြည်းနေရမှာပေါ့😁။ကျွန်တော်အဲ့လိုရင်ဖွင့်လိုက်တော့စိတ်ထဲမွန်းကြပ်နေတဲ့အခုံးကြီးပွင့်ပြီးစိတ်ပေါ့ပါးသွားတယ်ဗျ။ဒါကကျွန်တော့်အဖြစ်အပျက်လေးပါ။
တစ်ချို့မြင်နေရတာတွေရှိပါတယ်။အပျော်အပါးကိုလိုအပ်တာထက်ပိုပြီးလွန်လွန်ကြူးကြူးလည်ပတ်စားသောက်နေကျတာတွေပါ။မိဘကအဆင်ပြေလားမသိမပြေလားမသိ၊မိဘဆီကပိုက်ဆံလက်ဖြန့်တောင်း၊သုံးလို့ဖြုံးလို့ကုန်မှအိမ်ပြန်အလုပ်လည်းမလုပ်သူဠေးလိုလိုခွေးလိုလိုနေပြီးဟိုသူဠေးသားနဲ့ပေါင်းလိုက်ဒီသူဠေးသားနဲ့ပေါင်းလိုက်နဲ့ကိုယ့်ဘဝကိုယ်မေ့နေသူများလည်းရှိပါတယ်။အကောင်းဆုံးကတော့ပုံမှန်အလုပ်လုပ်အိမ်ကိုလည်းထောက်ပံ့ကိုယ်လည်းပိုက်ဆံနည်းနည်းချင်းစုပြီး2လ3လလောက်နေမှတစ်ခါသူငယ်ချင်းတွေနဲ့လူစုပြီးခရီးထွက်တာတို့ဘုရားဖူးတာတို့လုပ်ရင်အကောင်းဆုံးပါပဲ။ဒီနေ့ပဲလည် နောက်ရက်အိမ်မကပ်အလုပ်မလုပ်ဆိုတာတော့မဟုတ်သေးဘူး။ကိုယ်ကအောင်မြင်တဲ့လူတစ်ဦးဖြစ်ချင်တယ်ဆိုအပျော်အပါးတွေလျော့ပြီးကိုယ်ဖြစ်ချင်တာကိုကြိုးကြိုးစားစားလုပ်ရမှာပေါ့။ဒါကိုတော့ကျွန်တော်ကိုယ်တိုင်လိုက်လုပ်ရအုန်းမည်ဖြစ်သည်။ကျွန်တော်တို့လူငယ်တွေကပို၍အားစိုက်ရမည်ထင်ပါသည်။ကျွန်တော်အဓိကပြောချင်တာကတော့အပျော်အပါးကိုဘဝမှတ်ပြီးကိုယ့်ဘဝကိုမနစ်မွန်းသွားအောင်ချင့်ချိန်ပြီး နေထိုင်တတ်ဖို့ပြောချင်တာပါ။စဆရကလုပ်တာတော့ဟုတ်ဘူးကိုယ့်ဘာကိုယ်တရားချချင်လို့ရေးပြီးအားလုံးကိုလည်းကျွန်တော့လိုမဖြစ်စေဖို့ရည်ရွယ်ပြီးရေးသားထားချင်းဖြစ်ပါသည်။အားလြု့းကိုကျေးဇူးအများကြီဒတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေဗျာ.....
MSC.119
@thantzinwin
Thant Zin Win
အပျော်မလွန်ဖို့တော့လိုတာပေါ့
ဟုတ်တယ်ဗျညီလည်းပြန်ထိန်းနေရတယ်
ပျော်တာလည်း ပျော်ရမှာပါပဲ
ပျော်ရင်းနဲ့ တခုခု အကျိုးရှိအောင် လုပ်ရမှာပေါ့
ဟုတ်မှတ်သားထားပါ့မယ်ဗျ
လူငယ်ပဲ အပျော်အပါးမက်တာပေါ့။ လူကြီးဖြစ်လာရင် တော့ ထိန်းရမှာပေါ့
ဟီးအခုကတည်းကကိုယ့်ဘာကိုယ်နိုင်အောင်တော့လုပ်နာပဲခုထိမနိုင်သေးတာကခက်နာ😂
ငယ်တုန်းဆော့ရတာ ကြီးရင် ဆော့မရတော့ဘူး😁
အစ်ကိုပြောတာလည်းဟုတ်နေတာပဲ အဟေးအဟေး
မှန်တာပေါ့ ရေးသားချက်တွေက Gamerတစ်ယောက်ဖြစ်ဖို မိဘတွေကငွေရှိမှရမှာ E sportတန်းဝင်ရင်တော့ Top playerတွေဘာတွေဆို ဂိမ်းဆော့ရင်းတောင် အိမ်ကိုပြန်ထောက်ပံ့နိုင်တယ်လို့လဲကြားဖူးပါတယ်😁
Top player တဲ့အိမ်မက်တောင်မမက်ဖူးဘူး ဟီးဟီး
၇ ရက်မပြည့်ခင် စာလုံးပေါင်းလေးတွေ လိုက်ပြင်ပါဦးဗျာ ... အချိန်လုပြီး ရေးတင်လိုက်ရဟန်တူပါတယ်
ဟုတ်ပြန်ပြင်လိုက်ပါမယ်ဗျ လောလောနဲ့ရေးလိုက်ရလို့ဗျ
ပျော်သင့်သလောက်ပျော်ပြီးရင် ဘဝတွက်ကြိုးစားပါညီရေ
ဟုတ်ကဲ့ပါအစ်ကိုရေကြိုးစားပါ့မယ်ဗျ
အေးပါကွာ ခံစားချက်တွေထုတ်ဖော်လိုက်တာတော့အကောင်းဆုံးပါပဲ။အပျော်အပါးဆိုတာကလည်း လုံးဝမရှိသင့်တာမျိုးတော့လည်းမဟုတ်ပြန်ဘူး အလွန်အကြူးမဖြစ်စေဖို့သာ ဂရုစိုက်ရတာပေါ့။
ပျော်ရင်းပါးရင်း ခရီးသွားရင်းပေါ့။
သတ်ပုံတွေပြန်စစ်အုံး ညီလေးရေ
သာတက ကနေ သာဂတဖြစ်
သူဋ္ဌေးကနေ သူဠေးဖြစ်ဖြစ်နေပီ😁😁😁
အောက်ဆုံးမှာလည်း အားလုံးကိုကျေးဇူးတေ ဒတင်နေတာ 😂😂😂😂
ဟီးအမြန်ရေးလိုက်ရလို့စာလုံးပေါင်းတွေမှားသွားတာပြီးရင်ပြန်ပြင်လိုက်ပါမယ်ကိုမိုးရေ
လူငယ်တွေမှာပျော်ရွှင်မှုနဲ့အတူ
တွဲပြီးလုပ်နေတဲ့လုပ်ဆောင်ချက်တစ်ခုခုရှိရမယ်
ဘဝအောင်မြင်ရေးအတွက်ပေါ့
မှန်တာပေါ့ဗျာ
အပျော်ကနေ အပျက်မဖြစ်ဖို့တော့ သိပ်လိုပါတယ်
ဟုတ်ပါတယ်ညီပြောချင်တာလည်းဒါပါပဲ