''Exmo.com'' တွင် ''Cryptocurrencies'' များ အရောင်းအဝယ် ပြုလုပ်ခြင်း - အပိုင်း ၅[original post by@thantzin(moehlaing)] မင်္ဂလာပါ ခင်ဗျ။
in #myanmar7 years ago (edited)
IMG_20170806_133229.jpg
zawgi;
မင်္ဂလာပါ ခင်ဗျ။
1506420549-picsay.jpg
1506420686-picsay.jpg
1506424707-picsay.jpg
1506421434-picsay.jpg
1506421664-picsay.jpg
1506421796-picsay.jpg
1506422352-picsay.jpg
1506422696-picsay.jpg
1506422840-picsay.jpg
1506423250-picsay.jpg
1506423463-picsay.jpg
1506423648-picsay.jpg
1506423753-picsay.jpg
1506423906-picsay.jpg
1506424134-picsay.jpg
1506424396-picsay.jpg
*****------*****-----*****-----*****-----*****
IMG_20170806_133229.jpg
unicode;
မင်္ဂလာပါ ခင်ဗျ။
ကျွန်တော်တို့ရဲ့ ''Exmo Account'' လုံခြုံရေးအတွက် သတိထားရမယ့် အချက်လေးတွေကို အနည်းငယ်လောက်ပြောပြလိုပါတယ်။''Exmo Account'' အတွက် ''Trusted IP'' ပြုလုပ်တဲ့အခါ ကျွန်တော်တို့ ပုံမှန်သုံးတဲ့ ''Sim Card'' ရဲ့ IP ကို အသုံးမပြုသင့်ပါဘူး။''Exmo'' အတွက် ''Sim Card'' အသစ်နဲ့သာ ''Teusted IP'' ပြုလုပ်စေလိုပါတယ်။ဒါ့အပြင် ''Trusted IP'' တစ်ခုတည်းပြုလုပ်မထားသင့်ပါဘူး။''Two-factor Authentication'' ပါ ပြုလုပ်ထားဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ''Exmo'' မှာ ''Password Reset'' လုပ်ရတာ အရမ်းလွယ်ကူပါတယ်။ဒါ့အပြင် မြန်မာပြည်မှာ အချို့ ''Sim Card'' တွေအတွက် အဝင်အထွက် 3 Calls လောက် ပြောပြနိုင်ရုံနဲ့ ''Sim Card'' တစ်ခု ပျောက်ဆုံးတယ် အကြောင်းပြပြီး ''Sim Card'' အသစ်တစ်ခုကို အလွယ်တကူပဲ ပြန်လည် လျှောက်ထားပြီးထုတ်ယူလို့ရနိုင်ပါတယ်။ဒါ့ကြောင့် တကယ်လို့များ မိတ်ဆွေရဲ့ ''Email'' ဟာ လုံခြုံရေးအားနည်းမယ်၊ပြီးတော့ ''Exmo'' မှာ ''Trusted IP'' သာပြုလုပ်ထားမယ်၊ပြီးတော့ ''Trusted IP'' ကို ကျွန်တော်တို့ သာမန်အသုံးပြုတဲ့ ''Sim Card'' ရဲ့ ''IP'' နဲ့သာပြုလုပ်ထားမယ်ဆိုရင် မိတ်ဆွေရဲ့ ''Exmo Account'' ထဲက ''Balance'' တွေဟာလုံခြုံ စိတ်ချရပါတယ်လို့ ပြောလို့မရတော့ပါဘူး။လွန်ခဲ့တဲ့လ အနည်းငယ်က မြန်မာ ''Exchanger'' တစ်ဦးဆီက ''OK $'' ငွေတွေကို အခြားတစ်ယောက်က ထုတ်ယူသွားဖူးတာ ''Facebook'' မှာ ကြားဖူးတဲ့အတွက် မိတ်ဆွေတို့ကို သတိပေးရခြင်းပဲ ဖြစ်ပါတယ်။
22da56dee3b6f1c8aa73900e82aec5ef.png
ဟုတ်ကဲ့။အခု ကျွန်တော်တို့ ဆက်လက်ပြီးတော့ ''Exmo'' မှာ ငွေအသွင်းအထုတ်(Deposit & Withdrawl) အကြောင်း သွားကြရအောင် ခင်ဗျ။
''Exmo'' မှာ ငွေအသွင်းအထုတ် လုပ်ဖို့အတွက် ''Wallet'' ကတဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ဒါ့ကြောင့် ''Wallet'' ကို နှိပ်ပါမယ်။
1506420549-picsay.jpg
အဲဒီနောက် အသွင်း/အထုတ် လုပ်နိုင်တဲ့ ''Digital Coin'' တွေနဲ့ ငွေအမျိုးအစားတွေကို ပုံထဲကအတိုင်း တွေ့ရပါမယ်။
1506420686-picsay.jpg
Screenshot_2017-09-26-12-33-52-791_com.android.chrome.png
''Wallet'' ထဲမှာ ကျွန်တော်တို့ အသုံးမပြုတဲ့ ''Digital Coin'' တွေနဲ့ ငွေကြေးအချို့ကို မျက်စိရှုပ်လို့ ဖျောက်ထားမယ် ဆိုရင်လည်း ရပါတယ် ခင်ဗျ။အဲဒီလို ပြုလုပ်ဖို့အတွက် ''Setting'' ကို နှိပ်ပါမယ်။
1506424707-picsay.jpg
အဲဒီနောက် ''Box'' တစ်ခု ကျလာပါမယ်။အဲဒီ ''Box'' ထဲကနေပြီး ကျွန်တော်တို့ အသုံးမပြုတဲ့ ''Digital Coin'' တွေနဲ့ ငွေကြေးအချို့ကို ဖျောက်ထားနိုင်ပါတယ်။
Screenshot_2017-09-26-12-43-20-288_com.android.chrome.png
ကျွန်တော်ကတော့ ကျွန်တော်အသုံးမပြုတဲ့ ''EUR,RUB,UAH,USDT,EX-COBE''စတာတွေကို ပုံထဲကအတိုင်း ဖျောက်ထားလိုက်ပါတယ်။
Screenshot_2017-09-26-12-49-42-566_com.android.chrome.png
Screenshot_2017-09-26-13-28-24-951_com.android.chrome.png
ကျွန်တော်တို့ ''Wallets'' တွေရဲ့ အောက်ဆုံးမှာ ''Total'' ဆိုတာ ရှိပါတယ်။''Wallets''အားလုံးထဲမှာရှိတဲ့ စုစုပေါင်းငွေရဲ့ ခန့်မှန်းပမာဏကို ဖော်ပြပေးတာပါ။နဂိုမူလအတိုင်း ဆိုရင်တော့ စုစုပေါင်းငွေ ပမာဏကို ''BTC'' တန်ဖိုးနဲ့ ဖော်ပြပေးထားပါတယ်။
1506421434-picsay.jpg
ဒါပေမယ့် ''BTC'' တန်ဖိုးဟာ အချိန်နဲ့အမျှ ပြောင်းနေတာဆိုတော့ ကျွန်တော်တို့ အရောင်းအဝယ် လုပ်နေတာဟာ ရှုံးနေသလား၊မြတ်နေသလားဆိုတာ ရုတ်တရက် သိဖို့ သိပ်မလွယ်ပါဘူး။
ကျွန်တော်ကတော့ စုစုပေါင်းငွေပမာဏကို ''USD'' နဲ့ ဖော်ပြပေးစေချင်တဲ့ အတွက် ''USD'' ပြောင်းထားလိုက်ပါတယ်။အဲဒီလို ပြောင်းဖို့အတွက် လေးထောင့်ကွက်ထဲက ''BTC'' ကို နှိပ်ပြီး ပေါ်လာတဲ့ ''USD'' ကို ထပ်နှိပ်ပေးလိုက်ပါ။
1506421664-picsay.jpg
1506421796-picsay.jpg
အခုဆိုရင်တော့ ''Wallet'' အားလုံးထဲက ငွေစုစုပေါင်းကို ''USD'' တန်ဖိုးနဲ့ ဖော်ပြပေးတဲ့အတွက် ကျွန်တော်တို့ ''Digital Coin'' တွေ အရောင်းအဝယ် လုပ်တာဟာ မြတ်နေသလား ရှုံးနေသလား ဆိုတာကို အလွယ်တကူ သိနိုင်ပါလိမ့်မယ်။
ဟုတ်ကဲ့။''Exmo'' မှာ ''Digital Coin'' တွေ အရောင်းအဝယ် ပြုလုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ငွေကြေးအမျိုးအစားအလိုက် သက်ဆိုင်ရာ ''Wallets'' တွေထဲကို ''Deposit''(ငွေသွင်းခြင်း) အရင်ပြုလုပ်ရပါမယ်။ငွေသွင်းဖို့အတွက် သက်ဆိုင်ရာ ''Wallet'' အလိုက် ''Deposit'' ကိုနှိပ်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ကျွန်တော် နမူနာ အနေနဲ့ ''Cryptocurrencies'' တွေထဲက ''Doge Coin''(DOGE) ကို အသွင်းအထုတ် (Deposit & Withdraw) လုပ်ပြပါမယ် ခင်ဗျ။''DOGE'' အသွင်းအထုတ် လုပ်တတ်သွားရင် ကျန်တဲ့ ''Cryptocurrencies'' တွေဖြစ်တဲ့ ''BTC,LTC,DASH,ETH,WAVES,ZEC,XMR'' အစရှိတာတွေကိုလည်း အလွယ်တကူ အသွင်းအထုတ် လုပ်တတ်သွားမှာ ဖြစ်ပါတယ်။
ကဲ-----''DOGE Deposit'' စတင်လုပ်ဆောင်ကြရအောင်!
''Doge Deposit'' တင်ဖို့အတွက် ''Doge Wallet'' ရဲ့ ''Deposit'' ကို နှိပ်ပါမယ်။
1506422352-picsay.jpg
ကျွန်တော်တို့ဟာ ''Doge'' ကို ပထမဦးဆုံးအကြိမ် ''Deposit'' လုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ''Deposit'' လုပ်မဲ့ ''Doge Address'' တစ်ခုကို အရင်ဦးဆုံး ''Create''လုပ်ရပါမယ်။
''Doge'' အတွက် အနည်းဆုံး ''Deposit Amount'' ကတော့ 10 Doge ဖြစ်ပြီး ''Deposit Fee'' မပေးရပါဘူး။
''Creat Address'' ကို နှိပ်လိုက်ပါ။
1506422696-picsay.jpg
အဲဒီနောက် ကျွန်တော်တို့ ''Doge Deposit'' လုပ်ရမယ့် ''Address'' တစ်ခုရယ် ''QR Code'' တစ်ခုရယ် တွေ့ရပါမယ်။နောက်ထပ် ကျွန်တော်တို့ ''Doge Deposit'' လုပ်တိုင်း ဒီ ''Doge Address'' ကိုပဲ ''Deposit'' လုပ်ပေးရမှာပါ။နောက်ထပ် ''Doge Address'' တစ်ခု ထပ်ပြီး ''Create'' လုပ်စရာ မလိုတော့ပါဘူး။
''Copy Address'' ကို နှိပ်ပြီး ''Doge Address''ကို ''Copy'' ယူပါမယ်။''Address'' မှာ အပြာရောင်လေးပေါ်လာပြီဆိုရင် ''Copy'' ယူပြီးပါပြီ။
1506422840-picsay.jpg
အဲဒီနောက် ''Home Key'' နဲ့ထွက်ပြီး ကျွန်တော်တို့ရဲ့ ''Doge Wallet'' ကိုဖွင့်လိုက်ပါ။
ကျွန်တော်ကတော့ ''Coinomi Wallet'' ကို သုံးပါတယ် ခင်ဗျ။''Coinomi Wallet'' တစ်ခုတည်းနဲ့ ''Digital Coin'' အမျိုးအစားပေါင်း ၇၀ ကျော်ရဲ့ ''Wallet'' အဖြစ်အသုံးပြုနိုင်ပါတယ်။
အဲဒီနောက် ''Home Key'' နဲ့ထွက်ပြီး ကျွန်တော်တို့ရဲ့ ''Doge Wallet'' ကိုဖွင့်လိုက်ပါ။
ကျွန်တော်ကတော့ ''Coinomi Wallet'' ကို သုံးပါတယ် ခင်ဗျ။''Coinomi Wallet'' တစ်ခုတည်းနဲ့ ''Digital Coin'' အမျိုးအစားပေါင်း ၇၀ ကျော်ရဲ့ ''Wallet'' အဖြစ်အသုံးပြုနိုင်ပါတယ်။
Screenshot_2017-09-26-17-19-15-249_com.miui.home.png
''Coinomi Wallet'' အကြောင်း ကျွန်တော် ''Steemit'' မှာ ''Post'' ရေးထားတာရှိပါတယ် ခင်ဗျ။အောက်က ''Link'' မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
''Multicoin Wallet'' သို့မဟုတ် ''Coinomi Wallet'' အကြောင်း;
https://steemit.com/myanmar/@thantzin/multi-coin-wallet-thomhut-coinomi-original-post-by-thantzin-moehlaing
ဟုတ်ကဲ့။''Coinomi Wallet'' ကို ဖွင့်ပြီး ''Doge Coin'' ကို နှိပ်ပါ။
1506423250-picsay.jpg
ကျွန်တော်တို့ရဲ့ ''Doge Wallet'' ကို ရောက်သွားပါမယ်။
Screenshot_2017-09-26-15-40-38-984_com.coinomi.wallet.png
ကျွန်တော့ရဲ့ ''Doge Wallet'' ထဲမှာ လောလောဆယ်တော့ ''Doge 5481 Coin'' ရှိနေပါတယ်။''Exmo''မှာ ''Doge Deposit'' လုပ်ဖို့အတွက် ''Send'' ကို နှိပ်ပါ။
1506423463-picsay.jpg
အဲဒီနောက် ''Pay to'' ရဲ့အောက်မှာ ကျွန်တော်တို့စောစောက ''Copy'' ယူထားတဲ့ ''Address''ကို ''Paste''လုပ်ပါမယ်။
1506423648-picsay.jpg
အဲဒီနောက် ''Address''မှာ ''D'' နဲ့ စတဲ့ ''Wallet'' အမျိုးအစားတွေထဲက မှန်ကန်တဲ့"Wallet'' အမျိုးအစားကို ရွေးခိုင်းပါတယ်။အပေါ်ဆုံးက ''Dogecoin'' ဆိုတာကို ရွေးပေးလိုက်ပါ။
1506423753-picsay.jpg
အဲဒီနောက် ''Amount'' နေရာမှာ ကိုယ်ပို့မယ့် ပမာဏထည့်ပါ။ကျွန်တော်ကတော့ 100 ''Doge Deposit'' လုပ်မှာဖြစ်တဲ့အတွက် 100 လို့ ထည့်လိုက်ပါမယ်။အဲဒီနောက် ''Send'' ကို နှိပ်ပါမယ်။
1506423906-picsay.jpg
အဲဒီနောက် ''Coinomi Wallet'' ထဲမှာ ကျွန်တော်တို့ ထည့်ထားတဲ့ ''Password'' တောင်းပါတယ်။''Password'' ထည့်ပေးလိုက်ပါမယ်။အဲဒီနောက် ''Confirm'' နှိပ်ပြီး အတည်ပြုပေးလိုက်ရင် အခုကျွန်တော်တို့ပို့လိုက်တဲ့ ''Doge Coin 100'' ဟာ ''Exmo Doge Wallet'' ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။
1506424134-picsay.jpg
ဒါပေမယ့် ''Coinfirm'' မလုပ်ခင် ''Wallet Address'' မှန်/မမှန် တစ်ခေါက်လောက်တော့ ပြန်စစ်ကြည့်စေလိုပါတယ်။''Wallet Address'' ပြန်စစ်တဲ့အခါမှာလည်း ကျွန်တော်တို့ဟာ ''Copy & Paste'' လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ''Address'' ရဲ့အစစာလုံး၂လုံး၃လုံးလောက်နဲ့ နောက်ဆုံးစာလုံး ၂လုံး၃လုံး ကိုက်ညီနေရင် ''OK''ပါပြီ။''Address'' ပြန်စစ်ပြီးလို့ မှန်တယ်ဆိုရင် ''Confirm'' ကို နှိပ်လို့ရပါပြီ။
အဲဒီနောက် ''Doge Wallet'' ထဲမှာ ''Doge 100''ကို ''Exmo Doge Wallet'' ထဲကို ပေးပို့ပြီးကြောင်း တွေ့ရပါမယ်။''Doge 100'' နဲ့အတူ လွှဲခ ''1Doge''စုစုပေါင်း ''101Doge'' နှုတ်သွားပါတယ်။
Screenshot_2017-09-26-16-04-36-328_com.coinomi.wallet.png
''Doge Transcation'' က ''1 Confirmation'' နဲ့တင် အလုပ်ဖြစ်တဲ့အတွက် ''Doge'' လွှဲပြောင်းမှုဟာ အရမ်းမြန်ပါတယ်။ကဲ-----''Exmo Account'' ထဲပြန်ဝင်ကြည့်ရအောင်ဗျ။''Exmo'' မှာ ''Doge 100'' ရောက်နေပါပြီ ခင်ဗျ။
1506424396-picsay.jpg
ကျွန်တော့် ''Post'' တွေက ဆရာတွေအတွက် ရည်ရွယ်ပြီး ရေးထားတာ မဟုတ်ပါဘူး ခင်ဗျ။ကျွန်တော်ကိုယ်တိုင်လည်း ဆရာအဆင့် မရောက်သေးပါဘူးခင်ဗျ။လေ့လာသင်ယူဆဲအဆင့်သာဖြစ်ပါတယ်။ကျွန်တော့ရဲ့ ''Post''တွေကို ''Newbies'' များအတွက်သာ ရည်ရွယ်ပြီးရေးထားတာဖြစ်တဲ့အတွက်ကြောင့် တတ်နိုင်သမျှအသေးစိတ် ရေးထားပါတယ်ခင်ဗျ။
ဟုတ်ကဲ့။စာလည်း အတော်ရှည်သွားပြီ ခင်ဗျ။အပိုင်း ၆ ကိုလည်း အားပေးပါဦး ခင်ဗျ။
ကျွန်တော်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
မိတ်ဆွေများအားလုံး ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
@thantzin(moehlaing)IMG_20170706_085553.jpg
*****------*****-----*****-----*****-----*****
Sort:  
အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။ဆက်လက်ကြိုးစားပါ့မယ် ခင်ဗျ။
thanks for your support,brother!
nice post
ကျေးဇူးတင်ပါတယ်လို့ဘဲပြောရမယ်ထင်တယ်ဗျို့ ဘာလို့ဆို အဲဒါတွေ ခုချိန်ထိ ကောင်းကောင်းနားမလည်သေးလို့ပါ
trading ဆိုတာ ဘာမှ မခက်ပါဘူး ကိုစိုးရေ။
စပါးတို့ ပဲတို့ ဝယ်ပြီးလှောင်ထားတာနဲ့ အတူတူပဲဗျ။ဈေးကျတဲ့အချိန် ဝယ်ပြီး ဈေးတက်တဲ့အချိန် ပြန်ရောင်းတာပါ။ဒါပေမယ့် ဈေးတက်တဲ့အချိန်ဝယ်ပြီး ဈေးကျတဲ့အချိန် ပြန်မရောင်းမိစေဖို့ သတိလေးတော့ ထားရတာပေါ့ဗျာ။
ဂွတ်​ပို့စ်
thanks for your support,brother!
အသိပညာအသစ်တွေရတယ် ဆရာ ကျေးဇူးပါ
အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။ဆက်လက်ကြိုးစားပါ့မယ် ခင်ဗျ။
Good Article
thanks for your support,brother!
လေးစားပါတယ်​ ဆရ​ရေ 😃
အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။ဆက်လက်ကြိုးစားပါ့မယ် ခင်ဗျ။
Coinomi Wallet က​နေ btc လွှဲရင်​ fee​ကြေးဘယ်​​လောက်​​ယူလဲဗျ
ရိုးရိုးပုံမှန်လွှဲရင် 0.0004btc, အမြန်လွှဲရင် 0.002btc ဖြစ်ပါတယ်။
ကျွန်တော့အထင် mycellium wallet က fee ပိုသက်သာပါတယ်ဗျ။
Good information. Thank you for sharing with us.
thanks for your support,friend!
အိမ်းးး ဒါတွေမြင်ရင်လဲလုပ်ချင်တယ်
trade တိုင်းလဲရှုံးတယ်
စိတ်ကမရှည်ဘူးရယ်
ဟုတ်တယ် ကိုချစ်ရေ။
ကျွန်တော်လည်း စိတ်မရှည်ပါဘူး။
ဒါပေမယ့် scam မကြောက်ရတဲ့ ရေရှည်လုပ်ငန်းဆိုတော့ trading နဲ့ steemit နှစ်မျိုးပဲ လုပ်တော့မယ်လေ!
Coin Marketplace
STEEM 0.17
TRX 0.15
JST 0.028
BTC 56516.28
ETH 2315.44
USDT 1.00
SBD 2.34