စိတ်ရဲ့ဆေး
ဒီနေ့ကမ္ဘာဟာ ရက်စက်ကြမ်းကြုပ်မှုတွေအပြည့်နဲ့ တစ်နေ့ တစ်မျိုး မရိုးရအောင် မြင်ရကြားရလွန်းလို့ ကမ္ဘာကျော် မျောက်သုံးကောင် (see no evil, hear no evil, speak no evil) စကားပုံလိုပဲ နေချင်တော့တယ်…။ သတင်းအစီအစဉ်တွေဆိုတာ မကြည့်ရဲလောက်အောင် ၊ နားမထောင်ရဲလောက်အောင် ၊ မမြင်ရဲလောက်အောင် မှုခင်းတွေနဲ့ အပြည့်ဖြစ်နေတယ်။ ဘာလို့ လူတွေ ဒီလောက်အထိ ရက်စက်ကြမ်းကြုပ်လာရသလဲ။နှလုံးသားတွေဟာ မာကြောကြွပ်ဆပ်လို့ နည်းနည်းလေးမှ အမှားမခံဖြစ်နေကြပုံများ မြင်ကိုမကောင်း။
Crd-img-src
ဟိုတစ်နေ့ကပဲ မှုခင်းသတင်းတစ်ခု ကြားလိုက်တယ်…။ ဆိုင်ကယ်တစ်စီးက ဖြတ်အသွား သူ့ကို ဗွက်စင်အောင် မောင်းသွားလို့ဆိုပြီး ဆိုင်ကယ်စီးသူကို လိုက်သတ်တဲ့အထိ ဖြစ်ပွားခဲ့တဲ့သတင်းလေ..။ တကယ်ကို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ရခဲလှစွာသော လူ့အသတ်တွေကိုတောင် မျက်တောင်မခပ်တန်း သတ်နိုင်လာကြပြီ။ နောက်တစ်ခု အရုပ်အဆိုးဆုံး ရာဇ၀တ်မှုတွေဖြစ်တဲ့ သက်ငယ်မုဒိန်းမှုတွေဆိုတာလည်း ဒီလောက်ပညာပေးတွေ လုပ်နေတဲ့ကြားကကို တစ်မှုပြီးတစ်မှု အသနား ညှာတာမဲ့စွာ ဖြစ်ပေါ်ကျူးလွန်နေကြတယ်…။ ဓနဥစ္စာပြည့်စုံတဲ့သူတွေကလည်း ဆင်းရဲတဲ့ ကိုယ့်လက်အောက်ငယ်သားတွေကို နှိပ်စက်ကလူပြုလိုပြု ။ ဆင်းရဲရတဲ့အထဲ မိုက်ကန်းတာပါ ပိုတဲ့ လူမိုက်တွေဆိုသည်မှာလည်း ပိုက်ဆံလေး တစ်သောင်း ၊ နှစ်သောင်းနဲ့ လူသတ်ဖို့ ၀န်မလေးတော့။ ဒါဟာ ဆုပ်ကပ်ကို ရောက်နေတယ်လို့ပဲ ပြောပြီး ဒီအတိုင်း လက်ခံလိုက်ကြဖို့တော့ အဆင်မပြေလှ။
ဒီ အနာကို ဘယ်လို ကုသနိုင်မလဲ..။ အနာသိရင် ဆေးတော့ရှိမှာပါပဲ။ ဒီဆေးဟာလည်း စာပေ ဆိုတဲ့ဆေးပဲ ဖြစ်မည် ထင်ပါတယ်။ ဆိုရိုးစကားတောင်ရှိသေးမဟုတ်လား။
”မှတ်ဖွယ် ရာရာထိုထိုစာကို
ရှာ၍မပြတ် အိမ်တွင် ဖတ်လော့
ဖတ်ပြန်သော်ငြား ဖတ်ဖန်များက
သားမယားပင် သိမြင် ကင်းကွာမလိမ်မာလည်း
စာပေစကားနေ့တိုင်းကြားက
ထူးခြားလိမ္မာရှိသည်သာတည့်”
ဒီနေရာမှာ ထပ်ပြီး modify လုပ်ရလျှင် စာပေဆိုပေမယ့် သုတစာပေကို မဆိုလိုပါ။
သုတစာပေသည် ဦးနှောက်ကို ပြုပြင်ပေးပြီး ၊ ရသစာပေသည် နှလုံးသားကို ပြုပြင်ပေးသည်
ဒီ့အတွက် နှလုံးသားတွေ နူးညံ့နေစေဖို့ ရသစာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါသည်။ ရသစာပေ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ စာဖတ်သူတွေ တိုးပွားလာဖို့ လိုအပ်ပါသည်။ စာဖတ်သူ အရေအတွက် များပြားလာတာနဲ့ တပြိုင်နက် စာရေးတဲ့သူတွေလည်း ပိုမို အားထုတ်လာကြမည်။ နောက်ပြီး ကျွဲကူးရေပါဆိုသလိုပင် စာဖတ်သူတွေ စာဖတ်တဲ့ သက်တမ်းရင့်လာတာနဲ့ တကွ အရည်အသွေးမြင့် စာပေများကိုသာ ရှာဖွေ ဖတ်ရှုလာကြမည်ဖြစ်သည်။ မယ်ဂျစ်တို့ ငယ်ငယ်ကလို စာအုပ်အငှားဆိုင်လေးတွေလည်း ဟိုက ဒီက ပြန်ပေါ်လာနိုင်သေးသည်။ စကားစပ်မိလို့ ငယ်ငယ်တုန်းက အကြောင်းလေး ပြောပြချင်သေးသည်။
မယ်ဂျစ်တို့ နေထိုင်သော နယ်မြို့လေးမှာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင် စာအုပ်ငှားဆိုင်လေး အနည်းဆုံး ၂ ဆိုင်လောက်ရှိသည်။ နွေကျောင်းပိတ်ရက် သို့မဟုတ် စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များသည် မယ်ဂျစ်တို့ ကလေးများ၏ စာဖတ်ချိန်တွေဖြစ်သည်။ ကိုယ်ရတဲ့ မုန့်ဖိုးလေး ၁၀ ၊ ၂၀ ကို ခြစ်ကုပ်စုထားပြီး ကိုယ်ဖတ်ချင်တဲ့ ရုပ်ပြကာတွန်းစာအုပ်လေးတွေ ငှားသည်။ သူငယ်ချင်း အချင်းချင်း အပြန်အလှန် လဲဖတ်ကြသည်။ အစကတော့ ဘိုဘို တို့ ၊ ပြာကလောင် ပြာကချောင်တို့လို ပေါ့ပေါ့ပါးပါး ကလေးစာပေလေးတွေ စဖတ်ရသည်။ နောက်ပိုင်း ရုပ်ပြလယ်ဗယ်တန်းထဲကမှ တစ်ဆင့်တက်ကာ ထောင်မင်းသားကြီး ဦးဖိုးထော် တို့ ၊ နေပိုင်တို့ ၊ ဒီရဲဂျာ တို့လို ကာတွန်းရုပ်ပြတွေ ရှာဖတ်လာသည်။ ရုပ်ပြတွေဖတ်ရတာ ကြာလာတော့ မဂ္ဂဇင်းတွေဘက်လှည့်ပြန်သည်။ကလေးဆိုတော့ လျှို့ဝှက်ဆန်းကြယ်တို့ ၊ သူရဇ္ဇတို့ ၊ ရောင်ပြန်တို့ထဲက ဂမ္ဘီရဇာတ်လမ်းတွေ ရှာဖတ်ဖြစ်သည်။ နောက်တစ်ခါ အမေဖတ်တဲ့ ရွှေအမြူတေ တို့ သရဖူ တို့လို မဂ္ဂဇင်းထဲက ၀တ္တုတိုတွေကို ကြိုက်နှစ်သက်လာသည်။ ၀မ်းနည်းစရာ ဇာတ်လမ်းဆိုရင် ဖတ်ပြီး ငိုလို့ကို မပြီးတော့တာ ။နောက်ပိုင်း ၀တ္တုတိုတွေနဲ့တင် ဖတ်ရတာ အားမရတော့ ၊ ၀တ္တုရှည်တွေပါ ရှာဖွေမွှေနှောက်ပြီး ဖတ်ဖြစ်လာပြီး ကိုယ်ဘယ်လို စာပေကို ပိုဖတ်ချင်လည်း ဆိုတာကို ပိုသိလာရသည်။ နောက်ပြီး ရှစ်တန်း ကိုးတန်းလောက်ရောက်တော့ ၊ မြန်မာစာ စကားပြေသင်သည့် အချိန်ဆိုလျှင် စိတ်ဝင်စားမဆုံး…။ မောင်ရင်မောင် ၊ မမယ်မ တို့ ၊ မညွှန့်မေ တို့ ၊ အောင်နက် တို့လို ဇာတ်လမ်းလေးတွေ သင်ရတဲ့အခါမျိုးဆိုရင် မယ်ဂျစ်တို့ မျက်ရည်ဆည်မဆုံး..။ဆိုလိုတာက စာဖတ်ခြင်း အလေ့အကျင့်လေးဟာ ကလေးဘ၀ကတည်းက လေ့ကျင့်ပေးထားမှသာ အသိဥာဏ်ရင့်ကျက်လာတာနဲ့ ကိုယ်နဲ့ကိုက်ညီမယ့် စာပေကို ကိုယ်ကိုယ်တိုင် ရွေးခြယ်လာနိုင်မှာမို့ အစပျိုးထားဖို့ပဲ လိုအပ်တာပါ။
နောက်ပြီး ရသစာပေ ဖတ်လာရခြင်း အကျိုးကျေးဇူးက ကိုယ်ချင်းစာတတ်လာတယ်။ သူများနေရာကနေ တွေးပေးတတ်လာတယ်။ ဥပမာ စာရေးဆရာမ နုနုရည်အင်းဝ ရေးတဲ့ “ပြုံး၍လည်းကန်တော့ခံတော်မူပါ ၊ ငို၍လည်း ကန်တော့ခံတော်မူပါ” လိုမျိုး ၀တ္ထုလေးဖတ်ပြီး မိန်းမလျာတို့ရဲ့ ဘ၀ကို ၀င်ခံစားကြည့်လို့ရလာတယ်၊ သူတို့ ခံစားချက်ကို ကိုယ်ချင်းစာတတ်လာတယ်။ အကြောင်းအရာ အဖြစ်အပျက်တော်တော်များများကို စာတွေ့အနေနဲ့ သိရှိထားတဲ့အတွက် ဘယ်အရာကိုမှ အထိပ်တလန့်သိပ်မဖြစ်မိတော့။ဆရာကြီး မြသန်းတင့်ရဲ့ “သုခမြို့တော်” လိုဝတ္ထုမျိုးတွေ ဖတ်ပြီး လောကဓံနဲ့ ကြုံလာရရင်တောင် ငါတစ်ယောက်တည်း ကြုံရတာမျိုးမဟုတ်ဘူးလို့ ဖြေသိမ့်တတ်လာတယ်။ ပြီးတော့ အဓိက အရေးကြီးတဲ့ ဆင်ခြင်တုံတရား ရှိဖို့နဲ့ သင့်တင့်လျောက်ပတ်တဲ့ နှလုံးသွင်းရှိဖို့ ရသစာပေဖတ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
ရသစာပေလို့ ဆိုလိုက်ရင် သူ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကဗျာ တွေကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ ကဗျာဆိုတာ စကားလုံးတွေရဲ့ နောက်ကွယ်မှာ ၀ှက်ထားတဲ့ အဓိပ္ပါယ်တွေ ကဗျာဖတ်သူတွေကို တွေးစေတဲ့ art work တစ်ခုပါပဲ။ ကဗျာဆရာရဲ့ ဆိုလိုရင်းကို ခန့်မှန်းရတာလည်း အရသာတစ်မျိုးပါ။ ဒီနေရာမှာ မှတ်သားဖူးတဲ့ ကဗျာလေးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်လေးတွေကို ဖော်ပြချင်ပါတယ်။ ငယ်ငယ်တုန်းက အားလုံးကြားဖူးကြတဲ့ စံပယ်လေးရုံ ကဗျာလေးတစ်ပုဒ်ရှိတယ်။
စံပယ်လေးရုံ
"စံပယ်တဲ့လေးရုံ ၊ပျိုတို့မောင် မပန်ထိုက်တယ် ၊ ပန်းပြတ်ခိုက်ကြုံ
အပွင့်ရယ်ကုန် ၊ တစ်ငုံတော့ ကျန်ပါသေး
ပန်ချင်လျှင် ၊ ပျို့မောင်ကြီးရယ် ၊ ခေါင်းဖြီးခဲ့လေး။ ။"
ကဗျာလေးက သုံးကြောင်းတည်းရယ်။ သို့ပေမယ့် သူပေးချင်တဲ့ message က အရမ်းနက်ရှိုင်းလှပါတယ်။ သိတဲ့သူများလည်း သိကြပါလိမ့်မယ်။ စံပယ်လေးရုံဆိုသည်မှာကား ပွင့်တော်မူပြီးသော ၊ ကကုသန် ၊ ဂေါဏဂုန် ၊ ကဿဖ ၊ ဂေါတမ ဆိုတဲ့ ဘုရားရှင်လေးဆူကို ရည်ညွှန်းပြီး ၊ ပျို့တို့မောင် မပန်ထိုက်တယ် ပန်းပြတ်ခိုက်ကြုံ ဆိုတာကတော့ ကုသိုလ်ကံ နည်းလှသဖြင့် ဘုရားရှင်များနဲ့ လွဲခဲ့ရပုံကို ရည်ညွှန်းပါတယ်။
ဒါကြောင့် နောက်တစ်ကြောင်းမှာ အပွင့်တွေတော့ကုန်သွားပြီဖြစ်ပြီး ၊ တစ်ငုံသာလျှင် ကျန်ရှိတယ်ဆိုတာကတော့ ဒီဘဒ္ဒကမ္ဘာရဲ့ နောက်ဆုံးသော ဘုရားရှင် အရိမေတ္တယျ ဘုရားသာလျှင် ပွင့်ရန် ကျန်ရှိပုံကို ရည်ညွှန်းပါတယ်။
အရိမေတ္တယျဘုရားဖူးနေစေရန်အတွက် ကိလေသာ အညစ်အကြေး ၊ စိတ်အညစ်အကြေးများကို ဖယ်ထုတ်သန့်စင်ထားဖို့ အတွက် “ပန်ချင်လျှင် ပျို့မောင်ကြီးရယ် ၊ ခေါင်းဖြီးခဲ့လေး” လို့ ကဗျာဆရာက တိုက်တွန်းလိုက်တာပါ။
နောက်ထပ် ကဗျာလေးတစ်ပုဒ်လည်းရှိသေးတယ် ၊ ဒါကလည်း အားလုံးနဲ့မစိမ်းလှတဲ့ကဗျာလေးပါ ။ မြကန်သာ ဆိုတဲ့ကဗျာလေးရဲ့ နောက်ကွယ်က အကြောင်းအရာကလည်း အရမ်းပဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ကဗျာဆရာပေးချင်တဲ့ message ဟာ အလွန် အဓိပ္ပါယ်ရှိလှပါတယ်။ကဗျာရဲ့ အနက်ကို မတူးဖော်ခင်မှာ ကဗျာလေးကို တူတူပြန်ဖတ်ကြည့်ကြရအောင်နော်…။
မြကန်သာ
"မြကန်သာ၊ တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊ရေအေးကြည်စွာ
ကန်ပိုင်မာလျှက်၊ ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊ တာဝတိံသာ၊
နန္ဒာပေလော ၊တူစွဟုတ္တာ။ ။"
ဒီကဗျာလေးရဲ့ ဆိုလိုရင်းလေးကို လိုက်စဉ်းစားကြည့်မယ်ဆိုရင် ..”တောင်ကျချောင်းတေး ၊ ရေ၀င်ပြေးလျှက် ၊ ရေအေးကြည်စွာ” ဆိုသည့်နေရမှာကို အတော်လေးစဉ်းစားရမေယ်။ တောင်ကျချောင်းတို့မြည်သည် ဘယ်သောအခါမှညင်ညင်သာသာ စီးဆင်းလေ့မရှိ ၊ ၀ုန်းဒိုင်းကျဲ အော်ဟစ်ဆူညံပြီးသူ့လမ်းကြောင်းတလျောက်က မြင်မြင်သမျှတိုက်စားလာလို့ အမှိုက်သရိုက်များစွာနဲ့ အရှိန်အဟုန်နဲ့ စီးဆင်းလေ့ရှိသည်ကို ကဗျာဆရာက ရေအေးကြည်စွာ လို့ ဆိုလိုက်တယ်မဟုတ်လား။ သို့သော်လည်း ကဗျာဆရာက အဖြေကို နောက်တစ်ကြောင်းမှာ ရေးထားပေးပါသည်။ ကန်ပိုင်မာလျှက် ဆိုသည့်စကားလုံးလေးပင်ဖြစ်သည်။ ခိုင်ခံ့သည့် ကန်ပေါင်ကို လူထုအင်အားဖြင့် ပြုလုပ်ထားသဖြင့် ဒေါသတကြီးစီးဆင်းလာသည့် တောင်ကျချောင်းရေကို ကြည်လင်စေသည်၊ အနယ်ထိုင်စေသည် မဟုတ်ပါလား။ တောင်ကျချောင်းရေကြောင့် အနိမ့်ပိုင်းမှာရှိတဲ့ လူနေအိမ်ခြေများ ၊ စိုက်ခင်းများ ပျက်စီးခြင်းမှ ကာကွယ်ပြီးသားလည်း ဖြစ်သလို ၊ ရေအရင်းအမြစ်လည်း စုဆောင်းပြီးသားဖြစ်သွားသည်ကို ပေါ်လွင်စေသည်က နောက်တစ်ကြောင်းတွင်ပါ။ “ကန်ပိုင်မာလျှက် ၊ ကြာပေါင်းထုံထုံ ၊ ငှက်မျိုးစုံသည် ၊ တာဝတိံသာ ၊ နန္ဒာပေလော ၊ တူစွဟုတ္တာ” ဆိုသည့်အတိုင်း ကြာပန်းဆိုသည်မှာက ကြည်လင်သော ရေပြင်တွင်သာပေါက်ရောက်တတ်တဲ့သဘောမို့ ၊ တစ်မျိုးတည်းတောင်မဟုတ် ကြာပေါင်းစုံအောင် ပေါက်ရောက်နေသည့် ရေကန်ကြီးရဲ့ သာယာပုံကိုလည်း နတ်ပြည်က ကန်နှင့် ခိုင်းနှိင်းထားသေးသည်မှာ ချစ်စရာကောင်းလှသည်။ ဆိုလိုရင်းကို ပြန်စမ်းစစ်ရလျှင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်သည် အပြန်အလှန် အမှီသဟဲ ပြုနေတာဖြစ်သည့်အတွက် လူသားတို့အနေဖြင့် သဘာဝတရားကြီးကို ဥာဏ်နှင့်ယှဉ်ကာ ပြုပြင်သုံးစွဲမည်ဆိုလျှင် အကျိုးရှိမည် ဖြစ်သည့်အကြောင်းကို ကဗျာဆရာက ရည်ညွှန်းချင်သည်ဟု ထင်ပါသည်။
နိဂုံးချုပ်ဆိုရလျှင် လူဆိုသည်မှာ ဒီသတ္တလောကကြီးမှာ အမှန်အမှားခွဲခြားတတ်သော ၊ဆင်ခြင်တုံတရားရှိသော တစ်ခုတည်းသော သက်ရှိဖြစ်တာကြောင့် လူပီသသည့် လူဖြစ်အောင် နှလုံးသားတွေ နူးညံ့နေဖို့ လိုအပ်ပါသည်။ ကိုယ်ခန္ဓာကျန်းမာဖို့ အာဟာရလိုအပ်သလို ၊ လူသားပီသဖို့ စိတ်အာဟာရ လိုအပ်ပါသည်။ စိတ်အာဟာရအဖြစ် ရသစာပေများကို ဖတ်ရှုလေ့လာ ခံစားတတ်ကြဖို့ လိုအပ်သည့်အတွက် ရသစာပေ ကို စိတ်ရဲ့ဆေး၊ စိတ်ရဲ့ အာဟာရလို့ ဆိုချင်ပါသည်။
လူသားအားလုံးစိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းကြပါစေ..။
Written by @suhtetaung
MSC-264
29/8/2018
အင်းမနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားတွေ ရသစာပေစကားဝိုင်းကြည့်ပီး အတွေးပေါ်လာပုံရတယ်
ဟုတ်တယ်ဗျ ဒီဘက်ခေတ်မှာစာအုပ်ဆိုင် အတော်ရှားခဲ့ပီ
ကျနော်ဆိုငယ်ငယ်က စာအုပ်ဆိုင်သွားပီး စက်ဘီးမေ့ကျန်ခဲ့တာသုံးခါ ည စက်ဘီးသိမ်းမှပြန်လိုက်လိုက်ယူရတယွ
အဟုတ်ပေါ့ရှင်... အမေစုရဲ့စကားဝိုင်းနားထောင်ပြီး ရေးချင်လာတာရယ်..။ စာအုပ်ဆိုင်သွားရင် အမြဲလမ်းလျှောက်သွားလို့ ကိုသက်လိုတော့ မမေ့ခဲ့ဘူး ။ ဒါပေမယ့် လမ်းမှာ လျှောက်ရင်း ဖတ်ရင်းလုပ်လာလို့ ခဏခဏ မြောင်းထဲကျဖူးတယ်...။
သင်ခန်းစာလေးတွေရပါတယ်မမ
ကျေးဇူးပါ ညီမလေး ..
အင်း. ခေး ဖုန်ျး. လေး ပြီး ဟမ်းလာလို့စာရိုက်တတာာလေငါးခါလောက်လုပ်ရတာ . . စိတ်မရှိပါနဲ့နော် မမဆုထက်. ခေးမမကလည်း ခေးကိုဆူနေတေ ဟိဟိ😁😁😁
ဟယ် စိတ်မရှိရင် ကိုမာ ၀င်သွားမှာပေါ့ ခေးရဲ့ ။ စတာပါ စတာပါ ဘာမှမဖြစ်ပါဘူးရှင်..။ အစ်မမှာ ဒီလူတွေပဲရှိတာကို ...။
စာပေသာလူတွေရဲ့စိတ်ကိုပြောင်းလဲပေးနိုင်တာ အဲ့လိုပြောင်းလဲပေးနိုင်တဲ့စာတွေကိုလဲ ရွေးချယ်ဖတ်တတ်ဖို့လိုတယ်
ဟုတ်ပါ့ ရာဇ၀တ်မှုတွေကလည်း တအားကို များလာတာ..။ မနေ့ညကလည်း အစ်မတို့ မန္တလေးမှာ ဆိုင်ကယ်ပေါ်ထိုင်ပီး ဖုန်းပွတ်နေတဲ့ သူကို နောက်ကနေ လည်ပင်း ဓါးနဲ့လှီးသွားတာတဲ့ ည (၁၀) နာရီခွဲလောက်ပဲရှိသေးတယ်...။
ဟယ် ကြောက်စရာတွေကောင်းလာလိုက်တာ လူတွေစိတ်က အရမ်းကိုကြောက်ဖို့ကောင်းတယ်။အကြင်နာတွေလျော့ပါးလာကြပြီ။
စာကောင်းပေကောင်းတွေ မဖတ်ဘဲ မကောင်းတာတွေ
တွေ့မြင်ကြားဖန် များလာလို့ မကောင်းတာတွေ ပြုမူလာကြတာပါ
အေးလေကွယ် မနေ့ညကလည်း အစ်မတို့ မန္တလေးမှာ ဆိုင်ကယ်ပေါ်ထိုင်ပီး ဖုန်းပွတ်နေတဲ့ သူကို နောက်ကနေ လည်ပင်း ဓါးနဲ့လှီးသွားတာတဲ့ ည (၁၀) နာရီခွဲလောက်ပဲရှိသေးတယ်...။
ချစ်စရာသားလေး😍😍မမတော့ အသက်ကြီးလာလို့လားပဲ ရသ စာတေ ဖတ်ချင်တယ်
သူကရုပ်ပြောင်လေးလေ... ဟုတ်တယ် ဖတ်ပြီး တစိမ့်စိမ့်ပြန်ခံစားရတာ အရသာရှိတယ်..။
စာဖတ်ခြင်းကကောင်းသောအလေ့အကျင့်ပါ...အသိအလိမ္မာလည်းတိုးစေတာပါ...ကောင်းသောပိုစ့်ပါ....
ကျေးဇူးတင်ပါတယ်...
အားရပါးရဖတ်လိုက်ရတာစာကိုအရှေကြီးဘဲ အားကြတယ် ရေးထားတာ
ဟုတ် ရေးရင်းနဲ့ အားပါသွားတာ... ဖတ်ရတာတောင်ပျင်းသွားလောက်မယ်...ဟီးး။
Congratulations @suhtetaung! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
စာအုပ်အဌားဆိုင်တွေ တဖြုတ်ဖြုတ်နဲ့ ရှိတဲ့ဆိုင်ကလည်း အများကြိုက် အချစ်ဝတ္ထုပဲ တင်တော့တယ်
ဟုတ်တယ် မန္တလေးမှာဆိုလည်း တစ်ဆိုင်ပီးတစ်ဆိုင် လျှော့ဈေးနဲ့ကို ရောင်းထုတ်လိုက်တာ... ခုဆို အငှားဆိုင်ကို မရှိတော့ဘူး...