ပြင်ဆင်ခွင့် မရခဲ့သော်

in #myanmar5 years ago

လူတိုင်း ဘဝမှာ အမှားဆိုတာနဲ့ ကြုံဖူးကျမှာပါ။ တစ်ချို့အမှားကတော့ ပြင်ဆင်ဖို့ အခွင့်အရေး ရတက်ပေမဲ့ တစ်ချို့အမှားကတော့ တစ်ခါမှားပြီးတာနဲ့ ပြင်ဆင်ဖို့ အခွင့် အလမ်း လုံးဝမရှိတက်ပါဘူး။ ပြင်ဆင်ခွင့်ဆိုတာနဲ့ ဆန့်ကျင်ဘက် အခြေအနေတစ်ရပ်နဲ့ ကြုံလာတဲ့အခါ ဘဝကို ဘယ်လို ပြန်ပြီး ပုံဖော်မလဲ ဆုံးဖြတ်ချက်တွေ ဘယ်လို ချမလဲ ဘယ်လို ရှေ့ဆက်လျှောက်မလဲ ကိုယ်လျှောက်နေတဲ့လမ်းဟာ မှားသလား။ မှန်သလား။ ကိုယ်ကိုတိုင် ဆုံးဖြတ်ချက်ချရမဲ့ အခြေအနေတွေ ရှိသလို တစ်ခါတစ်လေ ပတ်ဝန်းကျင်ကြောင့် ယိုင်နဲ့တေဝဝေတာတွေ ဖြစ်တက်ပါတယ်။

image
source

ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြောင့် ကိုယ်ဖြစ်ချင်တာနဲ့ဆန့်ကျင်စွာ လျှောက်လှမ်းရတဲ့ အခါ ဘဝဟာ ပိုမို ကြမ်းတမ်းပါတယ်။ မိဘကြောင့်ပဲ ဖြစ်ဖြစ် အပေါင်းအသင်းဆွေမျိုးတွေ ကြောင့်ဘဲ ဖြစ်ဖြစ် စိတ်တိုင်းမကျတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီးတဲ့ နောက်မှာ ဘဝတစ်ခုလုံး ရေစုန်မျှောလိုက်သလို ခံစားရမယ်ထင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီနေ့ ဒီအချိန်မှဘဲ ရပ်တန့်လိုက်ပြီးတော့ နောက်လှည့်ပြီး နည်းနည်းလေးတွေးကြည့်မယ်။ ငါ ဘာဖြစ်ချင်ခဲ့တာလည်း။ ဘာဆက်လုပ်မလဲ။

image
source image

နည်းနည်းကနေ များများတွေး။ ကိုယ့်အကြောင်းကို ကိုယ်ပိုသိအောင်တွေး။ ငါဘယ်လိုလူလည်း။ ငါ့ တန်ဖိုးဟာ ဘာလည်း။ ဒီအတိုင်းဖြစ်တည်မှုဟာ ငါ့ စိတ်သဘောနဲ့လား။ သေချာတွေးကြည့်တဲ့အခါ ဖြစ်ချင်တာတွေ ပေါ်လာခဲ့ရင် မူလရပ်တည်မှုလမ်းကြောင်းနဲ့ သွေဖယ်သွားခဲ့ရင် သေချာပါတယ်။ ကိုယ်ဖြစ်ချင်တာ ဒီလိုမဟုတ်ဘူးဆိုတာ။ ဒါဆိုရင်တော့ ကိုယ်ဖြစ်တာကို လုပ်ဆောင်ဖို့ နည်းလမ်းရှာကြည့်ပါ။ ပြန်လှည့်ပါ။ ကိုယ်လမ်းနဲ့ အနီးစပ်ဆုံးလမ်းကိုရွေးပြီး ပြန်လျှောက်ပါ။ ဒါဆိုရင် ဘဝတစ်ဝက်စာလောက်က သင့်အတွက် ပျော်ရွှင်မှု အစစ်ကို ရရှိပါလိမ့်မယ်။

@suhlaing
msc 175

Sort:  

အချိန်မီသာ ပြင်ဆင်ခွင့် မရခဲ့ရင် သွားပြီ...သွားပြီ
မျိုးကြီးသီချင်း ဆိုသွားသည်😁😁😁

Posted using Partiko Android

တစ်ဘဝလုံး သွားနိုင်သည်

အမှားသိဖို့က အမှန်သိဖို့လိုမယ်ပေါ့ အမှန်သိဖို့ကလည်း အမှားသိဖို့လိုမယ်မဟုတ်လား ☺

အမှားသိမှ အမှန်ပြင်နိုင်ပါမယ် အမှန်ကို သိဖို့ဆိုတာ အမှားကို ပြင်ဆင်ချင်မှပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56570.01
ETH 3028.13
USDT 1.00
SBD 2.29