နုလုံးသား လောင်စာ

in #myanmar5 years ago (edited)

ဒီနေရာလေးရောက်တော့ နေမွန်းတောင် တည့်နေပါပြီ။ သွားချင်လို့သာ လာခဲ့ရသည် မြို့နှင့်တော့ အတော် အဝေးသား။ ကားလမ်းမကြီးပေါ်မှ လမ်းသွယ်လေးထဲကို ဝင်ရသည်က ခြေလျင်ခရီးဆိုတော့ သယ်ရသည့် ကျောပိုးအိပ်က အတော်လေးလံလာသည်။ ခန့်မှန်းခြေ ၃ မိုင် ကျော်ကျော်ခန့် လျှောက်ရမည်ဟု ထင်မိသည်။ လမ်းကျဉ်းကလေးဖြစ်ကာ တစ်ဖြောင့်တည်းလည်း မဟုတ်။ အတက်အဆင်းများနှင့် တစ်ချို့နေရာသည် အချင်းချင်း တွဲတက် တွဲဆင်းနှင့် ခက်ခက်ခဲခဲသွားရသည်။ ဒီလောက်ခက်ခဲရင် ဘာလို့လာသေးလည်းဟု မေးစရာ ရှိသည်။ အဖြေက တိကျသည်။ ခိုင်မာသည်။ သဘာဝရှုခင်း သဘာဝစိမ့်စမ်း သဘာဝ တောင်ကျစမ်းချောင်းလေးများ တောပန်းများ ကျေးဌက်များကို မပြူမပြင် သဘာဝအတိုင်း ခံစားချင်၍ ဖြစ်ပါသည်။ ဒီဘက်ခေတ်တွင် အရာရာတိုင်းသည် ပြုပြင်ထားပြီးသားများပါသည်။

gna0zh5aba.jpg

ttvs1tvs1i.jpg

source image

သဘာဝရေတံခွန်များပင် လူတို့လည်ပတ်စရာနေရာများအဖြစ် ပြောင်းလဲ ပြုပြင်ထားပြီ ဖြစ်သည်။ လူတို့ ဖန်တီးထားသော ပန်းခြံများ စမ်းချောင်းများ ရှု့ခင်းများသည် မြို့ပေါ်တွင် ခံစားနိုင်သည်။ သို့သော် ထိုအလှများသည် ပူလောင်သည်။ မွန်းကျပ်သည်။ ထို့ကြောင့် သဘာဝတရား စစ်စစ်ကို လိုလားတောင့်တလာသည်။ မြင်ချင်တွေ့ချင်လာသည်။ နုလုံးသား အနုပညာအတွက် လောင်စာ လိုအပ်လာသည်။ ထိုလောင်စာသည် အေးမြသည့် လောင်စာ။ အပူငြိမ်းသည့် လောင်စာ။

လူတို့၏ ဖန်တီးမှု အတုအယောင်များသည် ပို၍ လွှမ်းမိုးလာသည်။ အသင့်စား အစားအစာများ အစားထိုး ကုသမှုများ တုပထားသည့် လက်ရာရှုခင်းများ အေးချမ်းမှုကင်းသည့် တိုက်တာ အဆောက်အဦးများ လူလူချင်း ညှင်းပန်းနှိပ်စက်မှုများ နေ့စဉ်နှင့်အမျှ ကြားမြင်နေရသည့် ရာဇဝတ်မှုများ ထိုထိုသော စက်ဆုတ်ဖွယ်ရာ အတိနှင့်ပြီးသော လူ့ အသိုင်းအဝိုင်းနှင့် ခဏတာဖြစ်ဖြစ် ကင်းလွှတ်စေချင်၍ ထိုနေရာလေးကို လာခဲ့ခြင်းဖြစ်ပါသည်။ မြို့ပြ၏ အရိပ်များနှင့် ဝေးလေ ဝေးလေ လေထုသည် သန့်စင်လာပြီး စိတ်လက်ကြည်လင်လာလေဖြစ်သည်။

ဆက်ရန်..

@suhlaing
msc 175

Sort:  

မစုတို့ဘဲ အ​ရေးအသား​ကောင်းတယ်​ဗျာ

ကြိုးစားရေးသားရတာပ ဦးယုရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

လူတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည် လို့ဆိုထားတဲ့အတိုင်းပဲ လူတွေနေထိုင်တဲ့နေရာဒေသမှာက အပူတွေများလှသလောက် တိရစ္ဆာန်တွေနေထိုင်တဲ့ ပတ်ဝန်းကျင် လူသူမနီးတဲ့နေရာတွေက အင်မတန်အေးချမ်းတာ အမှန်ပဲ

ဒါကြောင့်ဘဲ သူတော်စင်တွေက တောထွက်ကျတာပေါ့ ကစိုးရေ

တောရိပ်ခိုမှပါ😂

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56576.23
ETH 3024.80
USDT 1.00
SBD 2.29