အဖြူရောင် သစ္စာ ( ၁ )

in #myanmar5 years ago (edited)

မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဇာတိမြေလေးကို ပြန်ရောက်ခဲ့ပါတယ်။ ရောက်လာဖို့လည်း အကြောင်းကလည်း ဖန်လာသည် ဇာတိမြေတွင် ဓားမဦးချ နေထိုင်ခဲ့သော မိခင်၏ မောင်ဖြစ်သူ တစ်ဦးတည်းသော ဦးလေးသည် လွန်ခဲ့သည့် တလခန့်က ကွယ်လွန်သွားပြီ ဖြစ်သဖြင့် ကျန်ရစ်သူ ဆွေမျိုးရင်းချာများကို အမွေဆက်ခံခွင့်ပေးရန် အကြောင်းကြားစာ ရရှိသည်မှ စတင်ပါသည်။ မိခင်ဖြစ်သူတွင် မောင်နှမ အရင်းအချာဆို၍ ဦးလေးတစ်ယောက်သာရှိပြီး ဦးလေး ဖြစ်သူသည် တစ်ရွာထဲနေ သူနှင့် အိမ်ထောင်ကျကာ ဦးလေး၏ ဇနီးသည်မှာ စောစီးစွာပင် ကွယ်လွန်သွားလေသည်။ အမွေဆက်ခံရန် သားသမီးများ မကျန်သည့် အပြင် ဦးလေးသည် နောက်အိမ်ထောင်လည်း ထပ်မပြုခဲ့ပေ။

1r887t5c2q.png
source

ဦးလေး ပိုင်ဆိုင်သော လယ်များ သစ်သီးခြံများ အိမ်ခြံနှင့် အတွင်းပစ္စည်း လက်ဝတ်ရတနာများကို အမွေဆက်ခံရန်အတွက် ဦးလေး၏ ရှေ့နေသည် ကျမတို့သားအမိနှင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ကျမ၏ မေမေသည်လည်း လွန်ခဲ့သော တစ်နှစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ရာ တစ်ဦးတည်းသော သမီး ကျမ သာလျှင် အမွေဆက်ခံပိုင်ခွင့် ရရှိသူ ဖြစ်လေသည်။ မေမေတို့ မောင်နှမသည် မေမေ သက်ရှိထင်ရှား ရှိစဉ်က အဆက်အသွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် မေမေသည် အဖိုး အဘွားများ သဘောမတူသော ဖခင်ဖြစ်သူနှင့် အကြောင်းပါခဲ့သဖြင့် အဆက်အသွယ် မလုပ်ရဲခဲ့ဘဲ ဖခင်ဖြစ်သူ၏ မွေးရပ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ လိုက်ပါသွားခဲ့ပါသည်။

ထိုဒေသမှတဆင့် ကျမကို မွေးဖွားပြီး ရန်ကုန်မြို့သို့ တက်လာခဲ့လေသည်။ ရန်ကုန်တွင် အလုပ်အကိုင်ကောင်းသဖြင့် ဖေဖေ၏ မွေးရပ်သို့ မပြန်ကျတော့ဘဲ ရန်ကုန်တွင်ပင် အခြေချနေထိုင်ခဲ့ကျလေသည်။ ဖေဖေသည် ကားဝပ်ရှော့တစ်ခုတွင် အလုပ်ဝင်ကာ အလုပ်ကြိုးစားသည့်အပြင် အသောက်အစားကင်းသဖြင့် ပိုင်ရှင်၏ ချစ်ခင်မှုကို အထူးရလေသည်။ နှစ်အနည်းငယ်အကြာတွင် ငွေကြေးအနည်းငယ်စုဆောင်းမိကာ ရေဆေးဆီလိုက် လုပ်ငန်းလေးစတင်ထူထောင်ရာမှ မကြာမီပင် ဝပ်ရှော့ အသေးစားလေး ထူထောင်နိုင်ခဲ့လေသည်။ ထိုမှတဆင့် ဖေဖေ့ သူဌေး၏ အကူအညီဖြင့် လုပ်ငန်းထူထောင်နိုင်လာလေသည်။

u7efifvleg.png
source
ဆက်ရန်..
@suhlaing
msc 175

Sort:  

အော် ဖတ်မလို့ရှိသေး စာက ကုန်သွားဘီ 😂

အပိုင်းဆက် ရှည်အောင်ပါ

ဖတ်​​ကောင်း​နေပီ​လေ 😄

Posted using Partiko Android

စိတ်ဝင်စားအောင်ပါ


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56681.24
ETH 3016.79
USDT 1.00
SBD 2.28