ဘဝရဲ့ အနှစ်သာရ
အဘိုးနဲ့ အဘွားရဲ့ တောင်ယာတောလေးဟာ တောအုပ်ကလေးရဲ့ တစ်ဖက်မှာ ရှိပါသည်။ တောင်ယာတဲလေးဘေးတွင် စမ်းချောင်းငယ်လေးသည် ငြိမ့်ညောင်းစွာ စီးဆင်းလျှက်ရှိပါသည်။ ထို စမ်းရေစီးသံလေးကပင် အဘိုးနှင့် အဘွားအတွက် ညအိပ်ယာဝင် သီချင်းသံဖြစ်ခဲ့ရသည်။ အဘိုးသည် နံနက်စောစောထကာ စိုက်ပျိုးထားသော သီးနှံပင်များကို ပေါင်းသင်ခြင်း ပိုးကောင်လေးများ ရှင်းလင်းခြင်းများ ပြုလုပ်ပါသည်။ ထို့နောက် လိုအပ်သည့် စားသုံးရန်အသင့်ဖြစ်နေသော သီးနှံလေးများကို ခူးစွတ်ကာ ပိုသည်များကို တောအုပ်တစ်ဖက်ရှိ ရွာတွင် ရောင်းချရန် သွားလေသည်။ သီးနှံများရောင်းချပြီးသောအခါ အိမ်အတွက် လိုအပ်သော အသားတစ်ချို့နှင့် အဘွားမှာလိုက်သော ပစ္စည်း အချို့ကို ဝယ်ကာ လယ်တော အိမ်လေးသို့ ပြန်လာပေသည်။
အဘွားသည်လည်း အဘိုး စိုက်ခင်းဆင်းသည်နှင့် အိပ်ယာမှ ထကာ ကိုယ်လက်သန့်စင်ပြီး အဘိုးအစားပြေစားရန် ပြင်ဆင်ပေးလေသည်။ ညက ကျန်သော ထမင်းကြမ်းကို ပဲဆီလေးနှင့်ကြော်ကာ ငါးခြောက်ဖုတ်လေးနှင့် ပြင်ဆင်ပေလေသည်။ ယာတောတွင် စိုက်ပျိုးထားသော လက်ဖက်ပင်မှ အရွက်များကို အခြောက်လှမ်းကာ ပြုလုပ်ထားသည့် လက်ဖက်ရည်ကြမ်းကိုလည်း ချပေးလေသည်။ အဘွားပြင်ဆင်ထားသော နံနက်စာ ထမင်းဝိုင်းလေးကို အတူတကွစားသောက်ကျပြီး အဘိုးစိုက်ခင်းဆင်းသောအခါ အဘွားသည် ဘုရားရှိခိုးခြင်း ဘုရားပန်းလဲခြင်းများ ပြုလုပ်ပြီး ဆွမ်းတော်တင်ရန်အတွက် ပြင်ဆင် ချက်ပြုတ်လေသည်။
အဘိုးသည် ဈေးမှ ပြန်လာပြီး ဟင်းချက်စရာများကို အဘွားထံပေးအပ်ကာ လယ်တောထဲသို့ တစ်ဖန်ပြန်၍ ဆင်းလေသည်။ အဘိုးသည် စပါးတစ်ဧကခန့်ကိုလည်း စိုက်ပျိုးထားလေသည်။ ထို့အပြင် ရာသီအလိုက်သီးနှံများကိုလည်း စိုက်ပျိုးထားသည်။ ခရမ်းသီး ဗူးသီး ပဲသီး ငရုတ်သီး ကြက်ဟင်းခါးသီး ဖရုံသီး သခွါးသီးများသည် စားမနိုင်သည့်အပြင် ခူးယူရောင်းချခြင်းဖြင့် နေ့စဉ် ဈေးဖိုးရလေသည်။ အဘွားသည် ချက်ပြုတ်ပြီးသည်နှင့် အဘိုးကို လိုက်လံခေါ်ဆောင်ပြီး အတူတစ်ကွ နေ့လယ်စာ စားကျလေသည်။ ထို့နောက် ခေတ္တအနားယူ မှေးစက်ကျပြီး ညနေချိန်တွင် အဘိုးသည် စိုက်ခင်းတွင်း ဆောင်ရွက်စရာ ရှိသည်ကို ဆောင်ရွက်ပြီး အဘွားသည်လည်း ညနေစာအတွက် ပြင်ဆင်ချက်ပြုတ်လေသည်။ ညနေဆည်းဆာ ချိန်လေးသည်ကား အဘိုးနှင့်အဘွားအတွက် စိတ်အပန်းပြေစေလေသည်။ စမ်းချောင်းလေးတွင် စိမ့်စမ်းရေကြည်လေးကို အတူတူချိုးကျရင်း တစ်နေ့တာအတွက် အပန်းဖြေကျလေသည်။ ညစာကို အတူတူလက်ဆုံစားသောက်ပြီးနောက် စမ်းချောင်း၏ ဂီတသံစဉ်နှင့် လရောင်၏ အေးမြမှုတို့ ပေါင်းစပ်ကာ အိပ်စက်ခြင်းသို့ ရောက်ကျလေသတည်း။
@suhlaing
msc 175
ဒါလည်းဘဝတစ်ခုရဲ့ပျော်စရာ
Posted using Partiko Android
အမှန်ပါဘဲ ဦးမင်းရေ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thanks
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
thanks