အောင်မြင်မှုဆီ လက်တွဲညီ ဖွဲ့စည်းလိုက်ပြီ ဒီGroup
မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ယခုခေတ်ကာလတွင် အောင်မြင်မှု ရရှိရန် သို့မဟုတ် ကြီးပွား
ချမ်းသာရန် အလို့ငှါ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့်
မလွယ်ကူလှချေ ။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကုမ္ပဏီကြီးများသည်
လည်း Partner များ အချင်းချင်း စုဖွဲ့၍ သော်လည်းကောင်း၊
Stock Share များ ရောင်း၍ အများပိုင် အဖြစ် သော်
လည်းကောင်း စုပေါင်းအားကို အသုံးပြု၍ ရပ်တည်နေကြပြီး
တိုးတတ်ဖွံ့ဖြိုးမှုကို ရယူနေကြပါသည်။
သို့သော် ကျွန်တော်တို့
မြန်မာနိုင်ငံသားများ အနေဖြင့်ကား အစုအဖွဲ့၏ အင်အားကို
အသုံးချမှုမှာ အလွန်ပင် နည်းပါးလျက် ရှိပေသည်။
အကြောင်းသော်ကား အဆက်ဆက် လူကြီးမိဘတို့သည်
အစုစပ်၍ လုပ်ဆောင်ကြခြင်းကို အားမပေးခဲ့ကြခြင်းနှင့်
နိုင်ငံသားအများစု၏ စိတ်ဓာတ်သည်လည်း "ငါသာလျှင်"
ဆိုသူတွေက များပြားခြင်းတို့ကြောင့်ဟု ကျွန်တော်တို့ အနေဖြင့်
ကောက်ချက်ချလိုပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာ
နိုင်ငံသည်လည်း ကမ္ဘာအလယ်တွင် ဆင်းရဲသောနိုင်ငံ အဖြစ်
သာ ရှိနေပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည်လည်း စနစ်ဆိုးတစ်ခု
အောက်တွင် ကျင်လည်ကျက်စားခဲ့ကြရ၍လားတော့ မသိ...
စရိုက်ဆိုးဖြင့် ဘယ်သူသေသေ ငတေမာတွေလည်း ပေါများ
လှပေသည်။ ပညာရေး နိမ့်ပါးမှု ၊ စည်းကမ်းပျက်မှု ၊ စိတ်ဓာတ်
နိမ့်ကျမှုတို့ကြောင့် စည်းလုံးမှု ပျက်ပြားကာ ဖွံ့ဖြိုးတိုးတတ်မှု
နှေးကွေးနည်းပါးနေကြရပါသည်။ ဤသည်တို့ကား...
မြန်မာနိုင်ငံနှင့်နိုင်ငံသားတို့၏ လက်ငင်းအခြေအနေကို
အနည်းအကျဉ်း ချပြခြင်းသာ ဖြစ်ပါသည်။
ဤဆောင်းပါးတွင် အဓိက ပြောလိုသည်မှာ...
ကျွန်တော်တို့သည် ယခုအချိန်ကာလတွင် အခြားကမ္ဘာနိုင်ငံသား
များကဲ့သို့ ကိုယ်ပိုင်နည်းပညာများဖြင့် စီးပွားရေးကို ဦးဆောင်
နိုင်ခြင်း မရှိကြ၍ ထိုသူတို့ တည်ထောင်သော Platform
များ ပေါ်၌သာ ဝင်ရောက်လျှောက်လှမ်းနေကြခြင်း ဖြစ်ပါသည်။
ယခုတွင်လည်း ကျွန်တော်တို့သည် Steemit Platform
ပေါ်တွင် လျှောက်လှမ်း၍ Online Earning ကို လုပ်ဆောင်
ကြခြင်းဖြင့် တိုးတတ်ရာ တိုးတတ်ကြောင်းတွေကို ရှာဖွေလျက်
ရှိကြပါသည်။
ယခု လောလောဆယ်တွင် ကျွန်တော်တို့ ကဲ့သို့ Steemit
Platform ကို အခြေခံ၍ လုပ်ဆောင်နေကြသော
နိုင်ငံခြားသားအချို့မှာ ဘာ Project ညာ Project တွေ
တည်ထောင်၍ Steem coin , Steem Power and
Steem dollar (SBD $) တိုးပွားရရှိရေးနှင့် ဘဝ
အောင်မြင်ရေးတို့ကို ဆောင်ရွက်နေကြပါသည်။ သို့ဖြစ်၍
ကျွန်တော်တို့သည်လည်း ထိုကဲ့သို့သော အရာများကို
အကောင်အထည် ဖော်လိုကြပါသည်။ သို့သော် ကျွန်တော်တို့
မှာကား ငွေအရင်းအနှီး နည်းပါးမှုနှင့် နည်းပညာတတ်ကျွမ်းမှု
နိမ့်ကျမှုတို့ကြောင့် ထိုသူတွေလို အရင်းအနှီးများစွာနှင့်
နည်းပညာ စိုက်ထုတ်ကာ မဆောင်ရွက်နိုင်ကြပေ။
သို့ပေသော်ကား ယောင်္ကျားများ ဖြစ်ကြကုန်သော ကျွန်တော်တို့
သည် စိတ်ပျက်အားငယ် မနေဘဲ မိမိတို့ တတ်စွမ်းသမျှဖြင့်
ရှိသည့်ခွန်အား လုံ့လထား၍ ဝီရိယကို အားပြုကာ
ဤ Steem ပင်လယ်တွင် ခရီးရောက်ဖို့အရေး "စက်နှိုး၍
မဆော်နိုင်လည်း လက်ထိုး၍ လှော်ကြမည်...တတ်ကျိုး၍
မလှော်နိုင် မရှိစေရန် လက်ထိုး၍ လှော်ကြပြန်ပါမည်..." ဟု
စိတ်ဓာတ်ကို တင်း၊ မာန်ကို ရင်း၍ Steem Power
Group 1 ဟူသော ဤအဖွဲ့ကို ဖွဲ့စည်းလိုက်ကြပါတော့သည်။
ဤအဖွဲ့၏ Vision,Mission and Activities များကို
နောက်များတွင် အလျဉ်းသင့်သလို ဖော်ပြပေးသွားကြပါမည်။
ဤအဖွဲ့၏ အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(1) Chan Thar ၊
(2) Hein Khant Maung ၊
(3) Minhtet Yeyint ၊
(4) Moe Zaw ၊
(5) Myint Lwin Soe ၊
(6) Sai Sae Pan Pha ၊
(7) Saw Lwin ၊
(8) Thant Zin ၊
(9) ဖြိုးဝေအောင် နှင့်
(10) စောအယ်ဒို
တို့ ဖြစ်ကြပါသည်။
ကျွန်တော်တို့သည် တစ်ဦးကိုတစ်ဦး နားလည်မှု ၊ ယုံကြည်မှု ၊
အပြန်အလှန် လေးစားမှုတို့ကို အရင်းတည်ကာ စုပေါင်းစွမ်းအား
ကို အသုံးပြုလျက် အစဉ်အမြဲ ဆွေးနွေးတိုင်ပင် ၊ လေ့လာစူးစမ်းပြီး
စည်းလုံးညီညာ စည်းကမ်းလိုက်နာ၍ လက်တွဲ ကြိုးစားသွားကြ
မည် ဖြစ်ပါကြောင်း အများအား ချပြလိုက်ကြပါသည်။
Photos from google image
Credit to original uploader
Steemit ချစ်သူများ အားလုံးကို လေးစားလျက်...
@steempowergroup1 အဖွဲ့ဝင်များ။ ။
ပန်းလိုချင်၍ အပင်တော့ပျိုးပြီးပြီ ရေလောင်းပေါင်းသင်ပေးဖို့ပဲလိုတော့တယ်
ပန်းလိုချင်လို့ အပင် ပျိုးခဲ့တာ ဟုတ်ပြီ။
ခု ရေလောင်း ပေါင်းသင်နေကြပြီ။
ဒါတွေ လုပ်ပြီးမှ ဆွဲနှုတ် မပစ်ကြရအောင် ထိန်းသိမ်းဖို့လည်း လိုပါမည်။
နောက်တဖန် စည်းကမ်းရှိစွာ ရိတ်သိမ်းတတ်ဖို့ လည်း လိုပါဦးမည်။
ပန်းလိုချင် အပင်ပျိုး ရေလောင်းပေါင်းသင်ကြပါဦးစို့
စုပေါင်းအားဖြင့်လိုချင်သောပန်းတိုင်သို့ ရောက်အောင်လှော်ခတ်ပါမည်
လှေကလေးကို လှော်မည်... ဘေးမသန်းဘဲ အေးချမ်းတော့မည်...
တတ်ညီ လက်ညီ လှော်ကြပါစို့လား။
စုပေါင်းအားဖြင့် အားစိုက်လှော်ခတ် ညီညာရုံးကြပါစို့
Let's go to the top together and growth together. Better future together. Don't stop believing. We are one.
Let 's go to the successful life together.
Fighting!
We are together go to Successful life.
We are One.
One for All and All for One.
We belief ourselves.
မြေဩဇာလေးနဲ့ ပေါင်းသင်ပေးမှပဲ ဖြစ်မှာပါ
ခဏနေ ခြုံတွေပြည့်လာရင် အပင်မကြီးနိုင်မှာပဲစိုးတာ
အားလုံးရဲ့ အကူအညီနဲ့ အပင်လေး မြန်မြန် ကြီးလာပါစေ 😁
မြေဩဇာကောင်းကောင်း သုံး ပြီး ရေလောင်း ပေါင်းသင်ကာ
လင်းရိပ်ကိုရှင်း ငွားငွားစွင့်စွင့် ပွင့်လန်းလာမှာပေါ့
ကောင်းတယ်ဗျာ စည်းစည်းလုံးလုံးနဲ့  အောင်မြင်ကြပါစေ။
Steem Power တိုးပွား ရရှိရေးကို အဓိကထားပြီး ဤအုပ်စုကို ဖွဲ့စည်းခဲ့ကြသည် ဖြစ်၍ ဤaccount အား ဝိုင်းဝန်းအားဖြည့်ကြရန်မှာ အဖွဲ့ဝင် အားလုံးတွင် တာဝန်ရှိပါသည်။
အဖွဲ့ဝင်အားလုံး စိတ်ဓာတ်ချင်းတူ ညီညာအားဖြည့် စည်းကမ်းလိုက်နာ ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည် လေးစားကာ ကြိုးစား
ချီတတ်ကြလျှင်ဖြင့် ခရီးရောက်ပေါက် မြန်မည်မှာ မလွဲပင်။
စိတ်ဓာတ်ချင်းတူ ရည်ရွယ်ချက်ချင်း ကိုက်ညီလို့ လက်တွဲခဲ့ကြတာပဲ။
စည်းကမ်းလိုက်နာ အတူအမျှ ကြိုးစားကြရမှာပေါ့။
စနစ်တကျနဲ့ပုံမှန်လေးသွားနေမယ်ဆိုရင် ရည်ရွယ်ရာပန်းတိုင်ကိုရောက်ရှိရမှာပါ။
နည်းပညာလိုအပ်ချက်တွေရှိနေသေးတော့ နောက်ကနေလိုက်နေရတယ်ဆိုရင်လည်း ပြတ်မကျန်ခဲ့ရလေအောင်
အချက်မှန်မှန်နဲ့ တဆင့်ခြင်းပဲသွားကြတာပေါ့။
လေ့လာရင်းသွားရင်းပေါ့။ မစွမ်းသာလို့လမ်းသစ်ရှာနေရင်လည်း အဆင်မပြေလောက်ဘူး ။ဖောက်ထားတဲ့လမ်းပေါ်မှာပဲ အကောင်းဆုံးလျှောက်လှမ်းကြရအောင်ဗျာ။
တယောက် အားနဲ့ မစွမ်းသာရင် အများအားနဲ့ ပေါင်းစည်းကျတာပေါ့ဗျာ ရည်မှန်းချက် ရည်ရွယ်ချက်တွေ တနေ တော့ ပြည့်လာမှပါ။ ကြိုးစားမှု တိုင်းဟာ အရာအားလုံးနဲ့ ထိုက်တန်ပါတယ်။
တနေ့တော့ဖြင့် ကြိုးစားသမျှတွေ အရာထင်လိမ့်မယ်တဲ့ သီချင်းတောင် ရှိသေးမဟုတ်လား။
တိကျသောရည်မှန်းချက်အား စုပေါင်းစွမ်းအားဖြင့် ချီတက်မည်။
ရည်မှန်းချက် ကြီးကြီးမားမား ချမှတ်၍ သေးသေးလေးမှစ အကောင်အထည် ဖော်ကြမည်။