Rabbit

in #myanmar6 years ago

တစ်​ချိန်​တုန်းက ကျွန်​မတို့ရွာက​လေးဟာသာယာလှပလွန်းခဲ့ပါတယ်​။ ကျွန်​မဟာငယ်​စဉ်​ကတည်းက မိဘစကားနား​ထောင်​ပြီး​နေထိုင်​လာခဲ့သူ​လေး​ပေါ့။ အရွယ်​​ရောက်​လာ​တော့ မိဘ​တွေသ​ဘောတူတဲ့သူနဲ့ပဲ​လက်​ဆက်​လိုက်​တယ်​။ ကျွန်​မဟာကျွန်​မရွာက​လေးမှာပဲ ​ငယ်​စဉ်​က​လေးတည်းက​နေလာ​တော့ အပြင်​​လောကအ​ကြောင်း​တွေကိုမသိရှာဘူး။အပြင်​​လောကက အလွန်​​ကြောက်​စရာ​ကောင်းမှန်း ကျွန်​မမိဘ​တွေက​ပြောထား​တော့ မိဘစကားကိုနား​ထောင်​တဲ့ကျွန်​မအပြင်​​လောကပင်​မထွက်​နိုင်​ခဲ့​ပေ။ ကျွန်​မအိမ်​​ထောင်​ကြပြီးသိပ်​မကြာခင်​မှာပဲ ကျွန်​မ မိဘ​တွေအသက်​ခံလိုက်​ရတယ်​။ ကျွန်​မမိဘ​တွေအသက်​ခံခဲ့ရပြီး​နောက်​ပိုင်း ကျွန်​မလဲမိမိကိုယ်​ကိုပင်​မလုံခြုံ​တော့ဘူး။ တစ်​ခုခုသာဖြစ်​ရင်​ ကျွန်​မ​ယောကျာ်းကလဲကာကွယ်​​ပေးနိုင်​ပင်​မဲ့ ကျွန်​မက​တော့​ကြောက်​​နေမိတယ်​။
image
ကျွန်​မတို့မိသားစုတည်းကို ကျွန်​မသမီး​လေးဟာ​ရောက်​ရှိခဲ့တယ်​။ကျွန်​မသမီး​လေးဟာအလွန်​ပင်​ချစ်​ဖို့​​ကောင်းပါတယ်​။အော်​​မေ့​နေလို့ ကျွန်​မကိုယ်​ကျွန်​မမိတ်​ဆက်​ကဦးမယ်​။ ​ကျွန်​မနာမည်​က​တော့ ဝတ်​မှုန်​​ရွှေရည်​ ပါ။ကျွန်​မက​တော့ ယုန်​မ​လေးတစ်​​ကောင်​ပါ။ ကျွန်​မက အလွန်​ပင်​​ကြောက်​တတ်​တဲ့ယုန်​မေ​လး​ပေါ့။ကျွန်​မနိဘ​တွေကိုလဲ​ ကျားကသင်​သွားကြတယ်​​လေ။ ကျွန်​မက​နေတဲ့ရွာ​လေးက​တော့ ​မြေ​အောက်​​လေးမှာပဲ​ပေါ့။ ကျွန်​မအပြင်​မထွက်​ဘူး​လေ။ အဲ့​တော့ကျွန်​မအပြင်​​လောကအ​ကြောင်းမသိဘူး။
အော်​ကြည့်​ ကျွန်​မအ​ကြောင်းကြီးပဲဖတ်​​နေပြီး​တော့ ရှင်​တို့ကြ​တော့ ရှင်​တို့အ​ကြောင်းမ​ပြောဘူး။မ​ပြောလဲ​နေပါ ကျွန်​မက​တော့ ကျွန်​မအ​ကြောင်းဆက်​​ပြောမှာပဲ။ ကျွန်​မသမီး​လေးနာမည်​က ယွန်းယွန်းတဲ့။ သူ​လေးကအရည်းချစ်​ဖို့​ကောင်းလွန်းလို့ သူ့ကိုလာပိုးတဲ့ သူ​တွေများလွန်းလို့ သူ​လေးအ​တော်​စိတ်​ညစ်​​နေတယ်​တဲ့။ ဘာလဲရှင်​က​ကော ကျွန်​မသမီးကိုစိတ်​ဝင်​စား​နေတာလား ​ပြော။ ကျွန်​မသမီး​လေးကို အဲ့လို​တွေမကြည့်​ပါနဲ့။ ​တွေ့လား​ပြောရင်း စိတ်​​တွေလှုပ်​ရှားပြန်​ပြီ။ ကျွန်​မလဲ​မောလာပြီ။ ​နောက်​အပိုင်းမှဆက်​​ပြော​တော့မယ်​ ရှင်​လဲလာခဲ့ဦး​နော်​။
ဟာသအမြင်​ဖြင့်
Msc 255
@smileking

Sort:  

ယုန်လေးကိုယ်စား ခံစားပြီးရေးထားတာ ကောင်းပါတယ် မောင်လေးရေ

This post has received a 62.50% upvote from @lovejuice thanks to @smileking. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 66599.39
ETH 3336.69
USDT 1.00
SBD 2.70