ကျွန်ပ်နှင့်ကြုံရဆုံရနာမ်လောက၁
ကျွန်ပ်နှင့်ကြုံရဆုံရနာမ်လောက၁
လောကတွင်..ယုံရခက်မယုံရခက်သည်များ၊ ထူးခြားဆန်းကြယ်မှုများနှင့် အံသြဖွယ်ရာနာမ်လောက ပရလောကဟုသမျှသည် နေရာအနှံ့ရှိကြသည်။ ကျွန်ပ်သည် ခေတ်ပညာတတ် လူငယ်တဦး အင်ဂျင်နီယာတယောက်သည်.နာမ်လောကကိုယုံကြည်ပါသည်ဟုဆိုပါက မှားအံ့မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ကျွန်ပ်သည်ယုံကြည်ပါသည်။ အဘယ်ကြောင့်နည်း။ ကျွန်ပ်သက်တမ်းယနေ့ထိတိုင် သရဲဟုဆိုရမည့် ခြောက်လန့်တတ်သောနာနာဘာဝများကိုလည်းကောင်း ၊ မြင့်မြတ်သည့်ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်အပေါင်းတို့သည်အားလည်းကောင်း ကိုယ်တိုင်မြင်ရကြားရတွေ့ရ ဖူးသောကြောင့်ဖြစ်သည်။ မူလအစတွင် ကျွနပ်သည် ဘုရားဟောတရားထဲတွင် ပါသောကြောင့်သာယုံကြည်သော်လည်း.ဆန်းစစ်နေသေးသည်။ ကိုယ်တိုင်ကြုံရပြီးနောက်တွင်ကား ဆန်းစစ်စရာမလိုအောင်ပင်..သိရှိခဲ့ရလေသည်။
ကျွန်ပ်သည် ငယ်စဉ်ဘဝတွင် ဆယ်တန်းခန့်သာရှိသေးသည်။ ရန်ကင်းဘောက်ထော်မြို့နယ်ဘက်တွင်ပါသော ၄၅ပေ၆၀ပေပါသောအိမ်ခန်းတခုကို တလ ၃သိန်းနှင့်ငှါးကာ အဘိုးအဘွားများနှင့်နေထိုင်စဉ်ကဖြစ်သည်။ မူလတွင် ဘာအရိပ်အယောင်မှမရှိ။ ထိုစဉ်က ကျွန်ပ်သည် ဘာသာရေးအလွန်လုပ်သည်။ ထိုကြောင့်ပင်လားမသိ၊ တစ္ဆေခြောက်သည်ဟုပတ်ဝန်းကျင်ကပြောဆိုသံသိရှိသော်လည်း တစုံတရာမှ မထူးခြားခဲ့ပေ။ အဘိုးသည်လည်းကျန်းမာရေးကောင်းပါသည်။
နောက် ၆လခန့်ကြာသောအခါအကိုဖြစ်သူ အဘွားဖြစ်သူ အခြောက်ခံရသည်ဟုဆိုသည်။ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပေ။ အိမ်တွင်မင်းမဟာဂီရိနတ်ရှိသည်။ သို့သော်.ထိုအိမ်တွင်စောင့်သောမင်းမဟာဂီရိနတ်သည် တန်ခိုးနည်းသည်ဟုဆိုနိုင်သည်။ အကိုဖြစ်သူအခြောက်ခံရပုံမှာ.အိမ်တံခါးအဝမှအထွက် နောက်ကျောကို မီးသီးနှင့်ပေါက်သလိုခွမ်းခနဲဖြစ်ကာ ကျောတွင်တစုံတယောက်ရိုက်သလိုခံစားရသည်ဟုဆိုသည်။ အကိုသည်လည်းကြောက်တတ်သူမဟုတ်ပေ။ အဘွားဖြစ်သူမှာကား.ရေချိုးခန်းထဲမှ.ရေကျသံကြား၍ထပိတ်မည်အလုပ် ကြက်ပျောက်ငှက်ပျောက်အသံတိတ်သွားသည်။ အောက်ကြမ်းခင်းလည်းခြောက်သွေ့လျက်ပင်ဖြစ်သည်။ တနစ်ခန့်ကြာသည့်အချိန် ကျွန်ပ်ဆယ်တန်းစာမေးပွဲပြီး အောင်စာရင်းမထွက်ခင်ချိန်တွင်.အဘိုးဖြစ်သူသည် ဝိတိုရီယဆေးရုံသို့ လူကြီးရောဂါဖြင့် ဆေးရုံတတ်ရသည်။ ကျွန်ပ် မေကြီးဟုခေါ်သည့် အဒေါ်(အမေ၏အမ)သည် ချမ်းသာကြွယ်ဝကာ မိဘကိုသိတတ်သောသူဖြစ်သည်။ ယခုအခါ ကျောက်မီးသွေးနှင့်ကျောက်စိမ်းဥက္ကတပိုင်ရှင်ဖြစ်သည်ဟုသိရှိရသည်။ အဒေါ်သည် ဝိတိုရီယဆေးရုံတွင်အဘိုးဖြစ်သူသေဆုံးသည်အထိ ငွေကုန်ကြေးကျခံကာ အကုန်လုပ်ပေးသည်။ သာဓုသာဓုသာဓု။ ကျွန်ပ်တို့သည်လည်း လူအားငွေအားဖြင့်တတ်နိုင်သမျှပြုလုပ်ပေးသည်။ ထိုသို့ဖြစ်နေစဉ်အတွင်း ထိုအိမ်တွင် ကျွန်ပ်တယောက်တည်းသာ နေခဲ့ရသည်။
ထိုနေ့က မီးမပျက်တာကကံကောင်းသည်။ VIPရက်ကွက်ဖြစ်သော်လည်း ရှော့ဖြစ်လျှင်တမြို့နယ်လုံး မီးဖြတ်သောကြောင့်ဖြစ်သည်။ ကျွန်ပ် ညဘက်တွင်တယောက်တည်းရှိနေစဉ်. ဟယ်ရီပေါ်တာကားထိုင်ကြည့်နေသည်။ ခန့်မှန်းချေ ၁၀ခွဲခန့်ရှိသည်။ ဟယ်ရီပေါ်တာကားကြည့်နေစဉ် ညည်းညူသံများ၊ ကုလားထိုင်ရွေ့သံများကြားရသည်။ ကျွန်ပ်အံသြသွားသည်။ အဘယ်ကြောင့်ဟယ်ရီပေါ်တာကားထဲကထိုသံတွေကြားရပါသနည်း။ ထိုစဉ်က ဟယ်ရီပေါ်တာကားကိုမရပ်ခဲ့ရင်ကောင်းသားဟုထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ရီပေါ်တာကားထဲကအသံတွေရပ်သွားသောလည်း ထိုအသံများမှာမရပ်ပေ။ ကျွန်ပ်စဉ်းစားမိသည်၊ အပေါ်ထပ်မှာလူနာရှိလို့နေမယ်ဟုတွေးမိကာ..ရုပ်ရှင်ဆက်ကြည့်နေမိသည်။ ထိုနှငိ့ ၁၂ခန့်ရောက်သောအခါ ကျွန်ပ်အိပ်ချင်လာပေသည်။ တီဗွီပိတ်ကာအခန်းထဲသို့သွားသည်။ ညည်းညူသံများကုလားထိုင်ရွေ့သံများမှာအတိုင်းသားကြားနေရသော်လည်း လျစ်လျူရှူထားသည်။ ခွေးများကလည်းဆွဲဆွဲငင်ငင်အူနေသည်။
ကျွန်ပ်အိပ်ရာထက်တွင်လှဲမည်အပြု ဒုံးခွမ်းဟူသောအသံကြားရသဖြင့် ထထိုင်မိသည်။ ညည်းသံမှာ ပိုမိုကြမ်းတမ်းလာသည်။ ကလေးငိုသံမှာတချက်တချက်ကြားရပေသည်။ လူလည်းခေါင်းနပန်းကြီးကာ ကြက်သီးများပင်ထလာပေသည်။ ကျွန်ပ် သရဲခြောက်ခံရသည်ဟုထင်မိသည်။ သို့သော်ကျွန်ပ်မကြောက်ပါ။ အပြင်ထွက်ကြည့်ရာကျွန်ပ်အိမ်ရှိရာဘက်သို့ခွေးများဝိုင်းဟောင်အူနေသည်ကိုတွေ့ရသည်။ သို့နှင့် ကျွန်ပ်စဉ်းစားမိသည်။ ငါထွက်ပြေးလျှင်ကောင်းမလား၊ သို့သော် မိန်းချပြီးမှအပြင်ထွက်ရန်အမေမှာသည့်စကားကြောင့်သေါ်တကြေါင်းမိန်းချ၍မှောင်မဲသွားလျှင် ပိုကြောက်လာနိုင်သည်ဟုတွေးမိသည်ကတကြောင်း၊ သရဲထက်ခွေးများကိုပိုကြောက်သည်ကတကြောင်းကြောင့် ၊ရန်ကင်းထ၁ဘက်ရှိ ကျွန်ပ်မိဘပိုင်ရာ ဆိုင်ခန်းသို့မသွားတော့ဘူးဟု.ဆုံးဖြတ်လိုက်သည်။ အသံများသာကြားရသော်လည်း ရုပ်ဖြင့်ခြောက်လှန့်ခြင်းမပြုပေ။ ကျွန်ပ်သည်ငေးငိုင်မိရာကနေဒေါသထွက်မိသွားသည်။ အဘယ်ကြောင့် ငါတယောက်တည်းရှိမှခြောက်ရသနည်းဟုတွေးမိသောကြောင့်ပင်ဖြစ်သည်။
ကျွန်ပ်လည်း အိပ်ရမရလောက်အောင်ဆူညံခြောက်လန့်နေသဖြင့် ဟယ်ရီပေါ်တာကားကိုထဖွင့်လိုက်သည်။ဟယ်ရီပေါ်တာကားမှအသံကြောင့်ဘရောထွေးမှသာနေသာထိုင်သာရှိသည်။ ဘုရားစင်ရှိသော်လည်း.ရုပ်ရှင်ကားထဲကလို ဘုရားရုပ်ထုကိုသရဲများကြောက်ကြသည်မဟုတ်ပေ။ သို့နှင့် ၅ခွဲခန့်ရောက်သောအခါ ဟယ်ရီပေါ်တာကားအသံများသာကြားရကာ အသံမှာလည်းတဖြည်းဖြည်းတိတ်လာချေသည်။နေအလင်းရောင်ပျို့လေးထွက်လာမှသာ ကျွန်ပ်မှာမိန်းချကာ ရန်ကင်း ထ၁ကျောင်းနားရှိဆိုငိခန်းသို့ထွက်လာခဲ့လေသည်။ ဆိုင်ရောက်မှ..စိတ်ချလက်ချအိပ်ရလေသည်။ ထိုနေ့မှစ၍ ကျွန်ပ်သည် အိမ်မပြောင်းခင်အချိန်အထိလုံးဝ တယောက်ထဲသွားမအိပ်တော့ပေ။ ဤကား ကျွန်ပ်ဘဝတွင်ကျွန်ပ်မှတ်မိခဲ့သည့် သရဲခြောက်ခံရခြင်းဖြစ်သည်။
Msc 088
@sawmyattun
Writer Saw Myat Tun
Base on True story
Photo google credit
From Myanmar
မ........ကြောက်......ပါ...........ဘူး.......ဗျာ
အဟင်း....ဟင်း....ဟင်း....
ကိုယ့်တွေ့ မမြင်ဘူးပေမယ့်
ယုံတယ်
ျန်တော်ကတော့ ခနခြုရတယ်
ကြောက်စရာကြီး။
အွန်း..အာ့တုန်းကတော်တော်အားငယ်သွားသေးတယိ
တခါမှ တော့ မမြင်ဖူးသေးဘူး
ကြာင်းဖန်ရင်တေ့တ်တယ်
သရဲအခြောက်မခံချင်ဘူး နှလုံးရောဂါရှိဒယ် ဟိဟိ
အွန်း.နလုံးကှိုစ်တာခံဖူးတယ်
တိရဲ့နဲ့ တွေ့ဘူးသေးဘူး။တွေ့ဘူးချင်တယ်။
ြုနည်းပြောပြမယ်
ဒါမျိုးဆို အရမ်းစိတ်ဝင်စားတာ အားပေးနေမယ်bro
ဟုဟု..
ကျနော်ခုအရွယ်ထိတော့ မကြုံဖူးသေးဘူးကိုစောမြတ်
ကံအရမ်းမြင့်ရင်ဖြစ်ဖြစ်နိမ့်ရင်ဖြစ်ဏြ် ..သရဲနေို့င်တယိ
အြေု့အရပေါ့
ဟုဟု
ကြောက်တယ်
ကြာက်ပါနက်...ကိုကိုချိတယ်ငိငိင