အောက်​လမ်းပညာရှင်​ဆိုတာ သို့မဟုတ်​ အဘိုး​ပြောပြ​သော ဇတ်​လမ်းများ

in #myanmar7 years ago

အောက်​လမ်းပညာရှင်​ဆိုတာ သို့မဟုတ်
အဘိုး​ပြောပြ​သော ဇတ်​လမ်းများ
image
ကျွန်​​တော်​ ဒီ​နေ့ မနက်​​စော​စောတွင်​ အဘရှိရာသို့ ကားဖြင့်​တဖုန်​ ဆိုင်​ကယ်​ဖြစ်​တဖုတ်​ သွားသည်​။ အဘမှာကျွန်​​တော်​လာသည်​ကို သိသည့်​အလား ခြံဝမှ "​မောင်​​စောမြတ်​ထွန်း လာ​လေကွာ "ဟု နုတ်​ဆက်​​လေသည်​။ အမှန်​စင်​စစ်​ ကျွန်​​တော်​​နေ​သော​နေရာနှင့်​ အဘရှိရာ​နေရာမှာ အလွန်​​ဝေးလှသည်​။ အဘက ​ကျောက်​တန်း ကျွန်​​တော်​ကသင်္ကန်းကျွန်းမှာ​နေသည်​။

ကျွန်​​တော်​က အဘနှင့်​ ဖျာ​ပေါ်တွင်​ထိုင်​ကာ စကား​ပြေကြသည်​။ ကျွန်​​တော်​က "အဘက ငယ်​ငယ်​တုန်းက ​အောက်​လမ်းပညာရှင်​​တွေနဲ့​တွေ့ခဲ့ရ​သေးလားဗျ"ဟု​မေး​သောအခါ အဘက "ငါ့သားနှယ်​ ကြုံရတာ​ပေါ့ကွာအာ့တုန်းကအဘ ငယ်​ငယ်​​လေးဘဲ့ရှိ​သေးတယ်. ​အောက်​လမ်းဆရာမှန်းမသိဘဲ့ သိုင်းပညာရှင်​ထင်​ပြီးလိုက်​တုန်းက​ပေါ့ကွာ"ဟု အတိတ်​ကိုသတိရ​သောမျက်​ဝန်းတစ်​စုံဖြင့်​​ပြော​လေသည်​။ ကျွန်​​တော်​ကအဘ သားကို​ပြောပြပါလားဟု​ပြော​သောအခါ အဘသည်​ ​ပြောပြမယ်​စုဆိ​လေသတည်း။ (စာဖတ်​သူများအဆင်​​ပြေ​အောင်​ အဘအစားကျွန်​​တော်​ဟုသုံးကာ..ဝတ္တုသဖွယ်​​ရေးသားမည်​ဖြစ်​​ကြောင်း)

ထိုနှစ်​ကဘ၁၉၇၂ခုနစ်​ဖြစ်​သည်​။ ကျွန်​​တော်​၏အသက်​ကား ၁၇ ၁၈အရွယ်​ ခန့်​ရှိသည်​။ ကျွန်​​တော်​၏ ဝါသာနာမှာ သိုင်းကိုအရူးအမူးကြိုက်​​သောဝါသာနာဖြစ်​​ပေသည်​။

ထို​နေ့က ကျွန်​​တော်​တို့သူငယ်​ချင်းတသိုက်​သည်​ သမ္မတရုပ်​ရှင်​ရုံတွင်​ ရုပ်​ရှင်​ကြည့်​ရန်​ တန်းစီ၍ လတ်​မှတ်​ဝယ်​ကြသည်​။ ကျွန်​​တော်​တို့သည်​တန်းစီပြီး၍လတ်​မှတ်​ဝယ်​ပြီးပြန်​ထွက်​ချိန်​တွင်​ အ​ကောင်​ကြီးကြီး လူထွားဖြစ်​​သော​ခေါ​တောကုလားကြီးသည်​ သူ့​ရှေ့တွင်​ရှိ​သော ပိန်​ပိန်​ညှက်​ညှက်​လူကြီးတ​ယောက်​အား အနိုင်​ကျင့်​​လေသည်​။ ထိုပိန်​ပိန်​ညှက်​ညှက်​လူကြီးက "မင်းမတရားမလုပ်​နဲ့ လိုချင်​ရငိ ​စော​စောကတည်းကတန်းစီဝယ်​ပါလား"ဟု ​ပြောသံကြားရသည်​။
ထိုစဉ်​ကျွန်​​တော်​တို့သူငယ်​ချင်းတသိုက်​မှာ ကြံ​ချောင်းများကိုဝယ်​စား​နေခိုက်​ဖြစ်​၍ ထို​ခေါ​တောကုလားကြီးက ထိုလူကြီးကိုအနိုင်​ကျငိ့ထိုးကြိတ်​လျှငိ ရိုက်​ရန်​အသင့်​အ​နေအထားဖြစ်​​စောင့်​​နေသည်​။ တခြားမြန်​မာများလည်းကြည့်​​နေသည်​။ ဝင်​​တော့မလုပ်​ကြ​သေး.ထို​ခေါ​တောကုလားကြီးဘက်​တွင်​တခြားကုလားများလည်းရှိ​သေးသည်​။
ထို​ခေါ​တောကုလားကြီးက "​သေစမ်းကွာ"ဟု ရွတ်​ကာထိုလူကြီးကိုထိုးလိုက်​သည်​။ ထိုစဉ်​ဘယ်​လိုဖြစ်​သည်​မသိ ထိုလူကြီး ​မှောက်​ပြီထင်​ရာ တကယိ​မှောက်​သွားတာက ထို​ခေါ​တောကုလားကြီးပင်​။ ထိုလူကြီးက "မင်းတို့​ခေါ​တောကုလားကို ​ဆေးရုံပြလိုက်​ မင်းတို့လူ နံရိုးကြိုးသွားပြီ"ဟုဆိုလိုက်​သည်​။ ထို​ခေါ​တောကုလားတပည့်​များလည်း မ ကာ ထွက်​သွားကြသည်​။

ကျွန်​​တော်​က​တော့ သိုင်းပညာကိုအရူးအမူးဝါသာနာပါ​သော​ကြောင့်​ ထိုဆရာကိုသိုင်းပညာရှင်​ဖြစ်​၌သာ ခဏအတွင်း​မှောက်​​အောင်​ချနိုင်​သည်​ဟူထင်​မြင်​မိသည်​။ သို့နင့်​ ရုပ်​ရှင်​ပြီးသည့်​​နောက်​တွင်​ ထိုဆရာ​နောက်​သို့လိုက်​​လေသည်​။
ထိုဆရါဆီမှာတပည့်​ခံ​သောအခါ ထိုဆရာက သူသည်​ သိုင်းပညာရှင်​မဟုတ်​​ကြောင်း ၊​အောက်​လမ်းဆရာတ​ယောက်​သာဖြစ်​​ကြောင်း၊သူ​မွေးထားသည့်​ သရဲကထို​ခေါ​တောကုလားကိုကန်​လိုက်​​သော​ကြောင့်​နံရိုးကျိုးသွားတာဖြစိ​ကြောင်း ရှင်းပြသည်​။ သိုင်း​စောင့်​​သောအင်းကို​တော့ထိုး​ပေးနိုင်​​ကြောင်း ဒါ​ပေမယ့်​သုံးနှ်​တိတိ​စောင့်​ရမည်​ဖြစ်​​ကြောင်း​ပြောသည်​။ ကျွန်​​တော်​လည်းလက်​ခံလိုက်​သည်​။
ညတညတွင်​ ထိုဆရာက ကျွန်​​တော့်​အား အစိမ်း​သေ သရဲမကို အသုံးပြုရန်​​ခေါ်လိုက်​သည်​။ တာ​မွေသချိုင်းကုန်းတွင်​​လော​လောလတ်​လတ်​​သေသွား​သော အစိမ်း​သေမအား ​ခေါင်းဖြတ်​ပြီးခိုင်းစား​စေလို​သော​ကြောင့်​ဖြစ်​သည်​။(ယခုအခါတာ​မွေသချိုင်းကုန်းနှင့်​တူာတာဘာမှမရှိ) အုတ်​ဂူနဲ့သဂြိုလ်​တာမဟုတ်​ဘဲ့ ​မြေမြှပ်​​သော​ကြောင့်​ တူးရလွယ်​သည်​။ ထိုစဉ်​က​တော့ ငယ်​သည်​သည်​ကတ​ကြောင်း ပညာတခုကိုသဲကြီးမဲကြီးလိုချငိသည်​ကတ​ကြောင်းမျု့ အမှားအမှန်​ကိုခွဲခြားနိုငိ​ကြောင်းမရှိ​သောလည်း ထိုဆရာမှာသူတပါးကိုစပြီးမ​ကောင်းကြံခြင်းမရှိ​သော​ကြောင့်​လိုက်​လုပ်​​ပေးခြင်းဖြစ်​သည်​။

ထိုဆရာသည်​ ဂါထာတခုကိုမန်းမှုတိလိုက်​​သောအခါ အစိမ်း​သေမသည်​ ​ငေါက်​ခနဲထလာသည်​။ ဆရာကအချက်​​ပေးလိုက်​​သောအခါ ထိုအ​လောင်းအစိမ်း​သေမအား လည်​ဆစ်​ရိုးကိုဖြုတ်​လိုက်​သည်​။ ဆရာက ထိုအစိမ်း​သေမအား ​ခေါင်းဖြတ်​ကာ ကျန်​တာကို မူလအတိုင်း​မြေမြှုပ်​ပြီး သူ့အိမ်​တွင်​ကျွန်​​တော့်​အားအိပ်​ခိုင်းသည်​။

ထိုသို့အစိမ်း​သေများကို​ခေါငိးဖြတ်​တာကို ​လေးခါတိတိလုပ်​​ပေးဖူးသည်​။ ထိုဆရာကဘကျွန်​​တော့်​အား ထို​အောက်​လမ်းပညာကိုယူရန်​​ပြောသည်​။ ကျွန်​​တော်​ကသိုင်းပညာကိုသာလိုချင်​​ကြောင်းသာ​ပြောသည်​။ သူလည်းကျွန်​​တော့်​ကိုထိုး​ပေးသွားခဲ့​လေသည်​။
ထိုဆရာနှင့်​ နစ်​နစ်​ခန့်​တွဲပီး​နောက်​တွင်​ ကျွန်​​တော်​နှင့်​ထိုဆရာသည်​လက်​ဖက်​ရည်​​သောက်​​နေသည်​။ ထိုစဉ်​ ​ဘေးမှ မွတ်​စလင်​ကုလားမသည်​ သူ့အ​ဖော်​တ​ယောက်​နင့်​စကား​ပြောရာမှ တံ​တွေးသည်​ ထိုဆရာခွက်​အနီးသို့​ရောက်​လာသည်​။.တံ​တွေးစင်​တာ​ပေါ့ဗျာ။ ထိုဆရာက စိတ်​တိုကာ "ဂန်းနာမ အခုချက်​ချင်းငါ့အိမ်​လိုက်​စမ်း"ဟုဆိုကာ ထိုတံ​တွေး​ပေါ်ကို လက်​ဝါးရိုက်​လိုက်​သည်​။ ထိုမွတ်​စလင်​မသည်​ သူ့မနှငိ့စကား​ပြော​နေ​သောအ​ဖော်​ကို​စောင့်​ပင်​မ​စောင့်​​တော့ဘဲ့..အထုတ်​ဆွဲပြီးထိုဆရာနှင့်​အတူလိုက်​​လေသည်​။ (ထိုမွတ်​စလင်​မမှာ​ချောသည်​)
ကျွန်​​တော်​ရယ်​သူရယ်​သူ့မိန်းမ မွတ်​စလင်​မရယ်​ ထမင်းစား​နေစဉ်​ ထိုဆရာက ငါငပိရည်​တို့စရာခူးမလို့ ဆိုကာ ပြန်​မလာ​တော့​ပေ။ ကျွန်​​တော်​ကသူ၏မိန်းမအားတစ်​နစ်​တိတိအလကား လုပ်​​ကျွေးလိုက်​ရ​ပေ​သေးသည်​။ တနစ်​ခန့်​လွန်​​သောအခါမှ ထိုမွတ်​စလင်​မကို ဆရာက ကွာရှင်းလိုက်​​ကြောင်း.ဆရာကကျွန်​​တော့်​အား​ပြောပြသည်​။ ဤတွင်​စကားရပ်​သွားသည်​။

ဒါဘဲ့သား​ရေ ဟု အဘက သူ့၏အ​တွေ့အကြုံကို​ပြေပြသည်​။ မွန်းတည့်​​ရောက်​​တော့. ထမင်းချိန်​မို့.စကားခနရပ်​နားလိုက်​​ပေသတည်း။
image
Saw Myat Tun
Msc 088
From myanmar
Photo me

Sort:  

မင်းသိင်္ခစတိုင်ပဲဟေ့

လက်​ဦးဆရ​ပေါ့ဗျာ

ကားဖြင့် တစ်ဖုန် ဆိုရာမှာ ဆေးဖေါ်တဲ့အခါ တစ်ဖုန်၊ နှစ်ဖုန်သုံးပါတယ်၊ ကားနဲ့လည်းသွားတယ်လို့ရေးချင်ရင် ကားဖြင့်တဖုံလိုပသုံးရပါ့မယ်၊ ဆိုင်ကယ်ဖြင့်တဖုတ် ဆိုရာတွင် မြက်ပင်များကို သာ တစ်ဖုတ်၊ နှစ်ဖုတ် သုံးရိုးထုံးရှိပါတယ်၊ ဆိုင်ကယ်ဖြင့် တစ်ဖုံ ဖြစ်သင့်ပါတယ်ဗျာ။ ပါဝါပြည့်ချိန်ပြန်လာပေးပါ့မယ်။

ဟုတ်​ဆရာ အာ့နစ်​ခုကျိုန်​​တော်​သိပ်​မကွဲတယ

ဂမ္ဘီရဆန်​ဆန်​​တွေပဲ​ရေးတယ်​​နော်​ဖတ်​လို့​ကောင်းပါသည်​ရှင်​။

ဝါသာနာပါတာကိုး အင်​ဂျင်​နီယာ့ ရုံးကိစ္စ့က တင့်​​ကောင့်းပါ

ဗဟုသုတ၇ပါတယ်​ဗျာ

ဟုဟု

ကြောက်စရာကြီး။

ဟုတယ်​မ

ဖတ်လို့ကောင်းပါသည်။

ဟုဟု

ူ​သေ​ခေါင်​ရဲ့ ​ခေါင်းကိုတကယ်​ဖြတ်​လိုက်​တာလားဗျ

တကယ်ြုတ်​တယ်​​ပြောတယ်​ အဆစ်​အရင်ြုတိတာ

ခေါင်းစဉ်နဲ့တင်လန့်တယ်ဗျာ...

ငိငိ

ကြောက်​စရာ​ကောင်းတယ်​ဆိုလို့ အိပ်​ကာနီးမှဖတ်​​တော့မယ်

ဟူဟု

ကြောက်​စရာကြီးဗျာ

Coin Marketplace

STEEM 0.25
TRX 0.27
JST 0.041
BTC 98368.70
ETH 3601.84
SBD 1.59