Morning Paradise

in #myanmar7 years ago (edited)

လာ သူငယ်ချင်း
အဆင်ပြေတဲ့နေရာထိုင်
ကြိုက်သလိုသာမှာ
ဒီမှာကန့်သတ်ချက်မရှိဘူး။
Come on, dude.
Sit down anywhere
Order your likes
There is no limitation HERE.

ဗျို့ အစ်ကိုတို့
ဒီမှာ ဒါတွေ ဒါတွေရတယ်
ကြိုက်တာမှာစား ကျသလောက်ရှင်း
ဘာမှာမှာ မူလလက်ရာမပျက်ဘဲ။
Yes, sir.
We have this item and that item
Please tell your tastes, then check them out
Menu is the same from the beginning.

ကြိတ်ပြီ သူငယ်ချင်း
ငါ့ဝမ်းပူဆာ မနေသာသလိုပဲ
မျက်စိပသာဒလည်း ရှုမြင်ဦးမယ်
ရှေ့ကကောင်မလေး နိပ်သဟ။
May I, my friend
I have to fill in my stomach
And have to throw a glance to beauties
Wow, that girls are very nice.

အေးကွ သူငယ်ချင်း
ကယ်လိုရီတွေ ဘာတွေမသိဘူး
ဆိုင်မှာရောင်းသမျှ အာဟာရက
ငါ့ငွေမှီသမျှ ငါ့ဗိုက်ဝတယ်။
Of course, buddy.
I don't know Calorie
All I can get is okay
If my money is adequate for my appetite.

ဒီလိုရှိတယ် သူငယ်ချင်း
ထွေရာလေးပါး စပ်မိစပ်ရာ
ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့
ကမ္ဘာ့အရေးကငါတို့ပါးစပ်ဖျားမှာတဲတဲလေး။
I must say like that, dude
All our words have no direction.
Let it be whether it is right or not
The world balance is on our mouths.

ရှင်းမယ်ဟေ့ ညီလေး
နေဒဏ်လူဒဏ် အံတုခံစေပြီး
တစ်နေ့တာခရီးကို ရှေ့ဆက်မငြီးစေတဲ့
ငါတို့ရေနွေးကြမ်းစကားဝိုင်းသိမ်းပါပြီ။
Hey Waiter, bill please.
The tea house conversation,
which give us strength for our steps,
That not let us bewail today,
Is successfully OVER.

image

Feel by @sawlwin
photo credit Google
MSC 176

Sort:  

Thanks, bro.

နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ဒီလိုစကားဝိုင်းလေးတွေ ပျောက်ကွယ်သွားကြတော့မယ် အကုန်လုံးလိုလို သူ့ ဖုန်းသူပွတ်
ကိုယ့်ဖုန်းကိုယ်ပွတ်ဆိုတော့ အပြုသဘောမျိုးလေးရေးပေးရင်ပိုကောင်းမယ်

တင်ပါ့ ဘုရား ဆက်ကြိုးစားပါ့မယ်

so useful! bro

Happy, bro.

အတွေးကောင်းတယ်

ကျေးဇူးတင်ပါတယ်

ကောင်းတယ်​bro.... tea shop ​တောင်​မ​ရောက်​တာကြာပြီ

အဖော်နဲ့ လေကန်တာ အရသာရှိတယ်ဗျ

Coin Marketplace

STEEM 0.12
TRX 0.24
JST 0.030
BTC 82527.41
ETH 1668.20
USDT 1.00
SBD 0.68