ထိုညတစ်ည(စ/ဆုံး)

in #myanmar6 years ago

အဖြစ်ပျက်လေးက လွန်ခဲ့တဲ့တစ်နှစ်လောက်ကပါ...အဖြစ်ပျက်လေးမပြောခင် အဲညကအဖြစ်ပျက်တွေမှာပါဝင်ခဲ့တဲ့ သူငယ်ချင်းပေါင်းဖော်တွေကို မိတ်ဆက်ပေးပါရစေ......ဖြစ်ရပ်မှန်ဆိုဖြစ်ခဲ့တယ်ဆိုပါတော့.....ပြန်တွေးတိုင်းမနေ့တစ်နေ့ကအလား ကြက်သီးထမိတုန်းပဲဗျာ....

အဲကျွန်တော် ဆယ်တန်းအောင်ပြီး ပထမနှစ် ရုက္ခဗေဒဘာသာရပ်နဲ့ ပထမနှစ်စတက်တုန်းကပေါ့......တက္ကသိုလ်ကျောင်းသားဆိုတော့ ဖလန်းဖလန်း ဟိုပြေးဒီကမြင်းကောင်းတာပေါ့.....အဲမှာတစ်မေဂျာထဲကိုသူငယ်ချင်း၆ယောက်ပေါင်းဖြစ်ခဲ့တယ်....နာမည်တွေကိုတော့အတိုခေါ်တာပဲတင်ပြတော့မယ်ဗျာ......
image


ကျွန်တော်တို့အဖွဲ့မှာအရပ်အပုဆုံးနဲ့ဟာသအပြောဆုံးတစ်ယောက်ပါတယ်သူနာမည်က အောင်စိုးလင်းတဲ့  နောက်တစ်ယောက် အရပ်ရှည်ရှည်နဲ့မေဂျာKing ကိုပိုင်

နောက်တစ်ယောက် ကဂိမ်းဂျိုး ကိုထွဋ်...နောက်တစ်ယောက်က လေးလုံး(မျက်မှန်)ကိုသော်နဲ့ ကြွက်တွင်း(အရက်သမား)ကိုဇင် တဲ့ဗျာ ကျွန်တော်အပါဝင်ဆို ၆ယောက်ပေါ့ဗျာ.....တက္ကသိုလ်ကြီးကတော့ ရှမ်းပြည်တောင်ပိုင်းကတောင်ကြီးတက္ကသိုလ်ကြီး မှာ ကျောင်းတက်နေတာပေါ့......တောင်ကြီးသားဆိုတော့ အနည်းဆုံးတော့ဆိုင်ကယ်နဲ့ဖင်နဲ့မခွာတာ လူတိုင်းသိလောက်မှာပါ....



ဒါပေမဲ့ ထူးထူးဆန်းဆန်း ကိုသော်နဲ့ ကိုထွဋ်ကဆိုင်ကယ်လုံးဝမစီးတက်ဘူးအကြောင်းကသူတို့နှစ်ယောက်လုံး မျက်စီမှုန်နေလို့ပါပဲ.....ကိုပိုင်ကတော့ ဒိုလို့ခေါ်တဲ့ဆိုင်ကယ်အမြင့်ကြီးစီးတာသူကဒေါင်ကောင်းကောင်းနဲ့ဆိုတော့......ကျွန်တော်နဲ့ ကျန်တဲ့သူကတော့ Auto Click လေးတွေပဲပေါ့......



အဲအဖြစ်ပျက်ဆီသွားမယ်ဗျာ ဖြစ်ပုံက မှတ်မှတ်ရရအဲညတောင်ကြီးမြို့ မှာCoca-colaကလုပ်တဲ့ Showပွဲတစ်ခု လာတယ်ဗျာ....စိုင်းစိုင်းခမ်းလှိုင်တို့ မိစန္ဒီတို့လာတော့ ပွဲကကျိတ်ကျိတ်တိုးပဲ....အဝေရာမီးပုံးပျံကွင်းဆို အချို့တောင်ကြီးရောက်ဖူးတဲ့သူတွေသိပါလိမ့်မယ်......နှစ်စဉ်နှစ်တိုင်း တန်ဆောင်တိုင်ပွဲတော်ကြီးကျင်းပတဲ့ ကွင်းပြင်ကြီး........လူငယ်သဘာဝခုန်ကြကကြပေါ့ Showပွဲဆိုတော့ ကျွန်တော်တို့ကလဲအကဲလေး....

ဝင်ဆွဲပြီးကတာပေါ့အဖွဲ့လိုက် ကရင်းသီချင်းဆိုရင်း ဟိုအရက်ဂျိုးကိုဇင်က RCလို့ခေါ်တဲ့ အရက်ကို Coca-colaဘူးထဲရောပြီး ကောင်းနေတာ သူတစ်ယောက်ထဲမဟုတ်ဘူးအဖွဲ့ထဲကကောင်တွေပါလိုက်တိုက်တာ အကုန်လုံးလဲရီဝေဝေ.....ကျွန်တော်အပါဝင်..မသောက်ဖူးလိုလားမသိဘူး လျှာတွေအာတွေလေးလာရော....



အဲညတိုက်ဆိုင်တော့ တောင်ကြီးအောက်နားက မြို့သစ် အေးသာယာမြို့လေးမှာရှိတဲ့ နည်းပညာတက္ကသိုလ်ကလဲ Fresher welcomeအတွက်IC အဖွဲ့ညမှာလာမယ်လို့ကြားတော့ Coca-cola Showပွဲပြီးတာနဲ့ဆက် ဒိုးတာပေါ့.......ဟိုရောက်တော့လည်းICပွဲမှာထပ်ကဲကြပေါ့ သောက်ကြစားကြနဲ့ နာရီက၁၁နာရီ ကိုတင်းတင်းညွှန်ပြနေပြီ........အေးသာယာ နဲ့တောင်ကြီးက တောင်ပေါ်တောင်အောက်မြို့လေး ခန့်မှန်းခြေ၁၅မိုင်လောက်တောင်တက်လမ်းကို ပတ်ပြီးတောင်ကြီးမြို့ကိုပြန်ရတယ်.....တစ်လမ်းမောင်းဆိုတော့ အေးဆေးပေမဲ့ တောင်ပတ်လမ်းဖြစ်လို့ လမ်းမီးတိုင်တွေအပြည့်တော့မရှိဘူး......ရှမ်းပြည်နယ်ဆိုတဲ့အတိုင်းကျောင်းတက်စ လ၁၂လပိုင်း ဒီဇင်ဘာ ဇန်​န၀ါရီ အလွန်အလွန်အေးတဲ့ လ လူခဲ့မတက်အေးတာ...ရောက်ဖူးနေဖူးသူတိုင်းသိပါလိမ့်မယ်......ကျွန်တော်တို့ကဲလို့ဝပြီး ပြန်ဖို့လုပ်တာပေါ့......၁၂ကထိုးခါနီးနေပြီလေ.....
image


တောင်ကြီးမြို့ကိုမတက်ခင်လမ်းပြေလေးတွေမောင်းရင်းပေါ့.......ကိုပိုင်နဲ့ ကိုထွဋ်ကတစ်စီး ဒိုကြီးနဲ့....ကျွန်တော်နဲ့ ကိုအောင်စိုးလင်းကတစ်စီး....ကိုဇော်နဲ့ ကိုသော်ကတစ်စီးမလမ်း မကမ်းလေးမောင်းရင်း သီချင်းတွေဆိုရင်း......ညဖက်ဆိုတော့ လမ်းလည်းအတော်ရှင်း အေးတာတော့အရိုးထဲထိ........ကျွန်တော်ကတော့ ကိုအောင်စိုးလင်း မူးနေတော့ကျွန်တော်မောင်းပေးတာပေါ့.....

အပြန်ပျော်ကြစကြနဲ့ ဆဲကဆိုကြနဲ့ပေါ့ဗျာ.....



တောင်တက်လမ်း စတဲ့နေရာမှာစတာပဲ အကောင်သားတွေက သောက်စားထားကြတော့ အပေါ့သွားချင်လာကြပြီ.....အဲနဲ့ပဲ အဖွဲ့လိုက်ရပ်ပြီး အပေါ့ပါးသွားကြတာပြီး ဆိုင်ကယ်ဆီတက်ပြီး သွားမယ်လုပ်တော့ ကိုပိုင်တစ်ယောက်ဆိုင်ကယ်စက်နိုးမရတော့ဘူး.......
image
မူးကွဲနေတဲ့ကောင်တွေလည်း အမူးပြေသွားပုံပဲ အဲလောက်အကြမ်းခံတဲ့ ဒိုကြီးက စက်နိုးမရတော့ဘူး.......အေးလို့နိုးမရလေသလား ဆီကုန်လေသလားအမျိုးမျိုးစစ်တာပေါ့......အကုန်ဘာမှမဖြစ် ကိုသော်ကတော့တိုးတိုးပြောနေတယ်...ဘာလဲသေချာမေးကြည့်တော့ခုရပ်နေတဲ့ နေရာက ဟိုတစ်လောက ကုန်ကားတစ်စီး နောက်ပြန်လှန်ကျမှောက်ပြီး ကားသမား၃ယောက်သေသွားတာတဲ့....... တောင်စတက်ဆိုတော့အနည်းငယ်တော့မတ်စောက်တယ်......အားလုံးကလဲစနောက်တယ်ပဲပေါ့.....ကိုသော်ကိုဝိုင်းဆဲစနောက်ပြီး လျှောက်မခြောက်နဲ့ ဘာညာပေါ့........



ဘာကိစ္စဖြစ်သိမသိ၁၀မိနစ်လောက်နေရော စက်ပြန်နိုးလို့ရလာတယ်.......အဲဒါနဲ့ပဲ ဆက်မောင်းလာတာပေါ့....ဆိုင်ကယ်ကသုံးစီး နှစ်ယောက်တစ်စီးနှုန်းနဲ့မလမ်းမကမ်းအနေကနေမောင်းလာရင်း......သုံးစီးလုံးက တစ်စီးနဲ့တစ်စီးမျက်ခြေပျက်သွားတာ တောင်ပေါ်ဒေသတစ်ခုရှိတာညဆိုမြူနှင်းတွေအရမ်းကျတက်တာ....ဒါပေမဲ့ ခုဟာက ရှေ့နောက် ဆိုင်ကယ်ကလုံးဝမမြင်ရတော့တာ....ကျွန်တော်တိုနှစ်ယောက်ကလဲ ဟိုကောင်တွေ ဘယ်နားကျန်ခဲ့ သလား ကျော်သွားလေသလား...တစ်လမ်းမောင်းဆိုတော့ ဒီတစ်လမ်းပဲတောင်ပေါ်တက်လမ်းပဲရှိတာပေါ့.......နောက်မှာ
ဆိုင်ကယ်မှောက်နေလား စိတ်ပူမိနေတာ......သောက်ထားစားထားတော့ ပုံမှန်မောင်းတယ်ဆိုတော့အရမ်းမစိုးရိမ်မိပေမဲ့ သူငယ်ချင်းဆိုတော့စောင့်ရင်းပေါ့ .....ခနအကြာတော့ ပြန်ပေါ်လာတယ်နောက်မှာဆိုင်ကယ်နှစ်စီး သူတို့လာပြီဆိုတော့ သူတို့နောက်ကလိုက်မယ်ပေါ့ အစီစဉ်နဲ့ နောက်ဆုံးက မောင်းပြီးလိုက်ခဲ့တယ်.....


ကျွန်တော်မောင်းရင်းကိုပိုင်ဆိုင်ကယ်ဖက်ကိုကြည့်လိုက်မိတာ သုံးယောက်ဖြစ်နေတယ်ဗျ......ဒိုဘီးကသုံးယောက်အေးဆေးဆံ့တာမှန်ပေမဲ့ ခုသုံးယောက်စီးနေတော့ ဘာလို့များလဲပေါ့.........နောက်ကိုသော်နဲ့ကိုဇင်ဖက်ကိုကြည့်မိမှကြက်သီးတွေထခေါင်းတွေကြီးသွားတာ....

ဆိုင်ကယ်နောက်ဘက်တန်းကိုကိုင်ပြီးအပြေးလိုက်နေသလိုပဲ ဆိုင်ကယ်တစ်စီးအရှိန်စဉ်းစားကြည့်ပေါ့ဗျာ......ဆိုင်ကယ်နောက်ဖက်တန်းကို လက်ကဆွဲပြီး ပြေးလိုက်နေတာ ကိုသော်နဲ့ကိုဇင်ကြည့်တော့လည်းသူတို့နောက်မှာဘာကောင်ပါလာလဲသိပုံမရ.....ကျွန်တော်တော့ဆိုင်ကယ်မောင်းရင်းအအေးဒဏ်ကော ကြောက်တဲ့ ဒဏ်ကော ခံရတော့ ကြက်သီးတွေတစ်ဖြန်းဖြန်း လူသားတစ်ယောက်က ဆိုင်ကယ်လက်တန်းကို ကိုင်ပြေစလိုက်ဖို့ဆိုတာမဖြစ်နိုင်.......ပြီးတော့ထပ်ကြည့်မိတာ ဒီဖက်ဆိုင်ကယ်မှာကိုသော်ကောကိုဇင်ကောရှိပါလျက် ကိုပိုင် ဆိုင်ကယ်မှာဘာလို့၃ယောက်ဖြစ်နေတာလဲဆိုတဲ့ အဖြေပါပဲ.........လာတာ၆ယောက်ပြန်တော့၈ယောက်လိုဖြစ်နေပြီ........နောက်က ကိုအောင်စိုးလင်းကိုလည်းပြောတော့ သူလည်းတွေ့တယ်တဲ့...ဟာဒါဆို သေချာသလောက်ဖြစ်နေပြီ....သရဲတစ္ဆေတွေကပ်ပါလာပြီဆိုတာ.....ဆိုင်ကယ်ကိုလီဘာအကုန်ဆွဲပြီး ကိုပိုင်နဲ့ ကိုဇင်တို့အရှေ့ရောက်အောက်မောင်းလိုက်ပြီး ကိုအောင်စိုးလင်း ကိုပြောခိုင်းတာပေါ့ ငနဲသားကကြောက်ပြီးအသံတောင်မထွက်ဘူး........

အရှိန်လျော့ပြီး ကိုပိုင်ဆိုင်ကယ်ကိုယှဉ်မောင်းပြီး ကျွန်တော်လည်းကြောက်လန့်အားနဲ့ `မင်းတို့ဆိုင်ကယ်နောက်မှာ သရဲကပ်လာတယ်´လို့ ခပ်ကျယ်ကျာ်အော်လိုက်တော့ ဆိုင်ကယ်backမှန်ထဲကတွေ့သွားပုံရတယ်...ဆိုက်ကယ်ကြီးထိုးရပ်ပြီးနှစ်ကောင်သားဆင်းပြေးရော......အကောင်မဲမဲကြီးကတော့ဆိုက်ကယ်ပေါ်ငုတ်တုတ်.........အဲအဖြစ်ပျက်မှာကျနော်တစ်ယောက်ထဲမြင်တာမဟုတ်ပါဘူး.......အကုန်လုံးမြင်တယ်....ပွဲထဲသောက်လာတာတွေအမူးပြေကုန်တယ်.....



ကျွန်တော်လည်းကြားဖူးနားဝ လမ်းမှာရှိတဲ့ ဝါးခြမ်းပြားကို ယူပြီး ဝေရမ်းနေလိုက်တယ် .......အဲလိုလုပ်နေတုန်း ကိုဇင်တို့ဆိုင်ကယ်ရောက်လာပြီးသူတို့လည်းဆိုင်ကယ်ကိုပစ်ချပြီးကျနော်တို့ဆီအပြေးပြေးလာခဲ့တယ်.....

သူတို့လည်းဆိုင်ကယ်backမှန်နောက်ကနေ တွေ့ရတယ်လို့တိုးတိုးတိုးနဲ့ပေါ့....အကုန်လုံးကပူးကပ်နေပြီး တြိဂံပုံမျိုး ဒိုဆိုင်ကယ်ကြီးပေါ်မှာဟိုသရဲကငုတ်တုပ်ထိုက်ဆဲ ခုနကဆိုင်ကယ်နောက်လိုက်ပြေးနေတဲ့ အရိပ်မဲကြီးကလည်း ကိုဇင်တို့ဆိုင်ကယ်နားရပ်နေတယ်......အေးနေတာကိုပင်မအေးနိုင်တော့ ဇောချွေးတွေပြန်လာရင်း......ဝါးခြမ်းတုတ်ကိုဝှေ့ယမ်းပြီး ဆိုင်ကယ်နားကပ်သွားတော့ ခုန်ဆင်းသွားတယ် ဟိုအရိပ်မဲကြီးကလဲ နောက်ဆုတ်သွားတယ်....ကြားဖူးနားဝ သရဲတစ္ဆေတွေကဝါးစိမ်း ဝါးခြမ်းပြားတွေကိုကြောက်တယ်ဆိုတာ...
image


၆ယောက်လုံးဆိုင်ကယ်စက်နိုးနေတာကိုး ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေတယ် အရိပ်မဲကြီးနှစ်ခုက ဘာတွေကြံစည်နေလဲမသိ ကျောမလံလောက်အောင်ကြောက်နေမိတာ...ဖြစ်ချင်တော့ လက်ကချော်ထွက်ပြီး ဝါးခြမ်းပြားဒုတ်လေးလွှင့်ကျသွားရော ပြောလို့မကောင်းအရိမ်မဲကြီး နှစ်ကောင်အသေပြေးလိုက်လာရော....လီဘာကုန်တင်ပြီး ပြေးတာပဲ........

ကျွန်တော်တို့လည်းမသေရုံမောငိးပြေးတာပေါ့.....

အရိပ်မဲကြီးနှစ်ခုမြို့ဝင်နားရောက်တော့ မဝေးကနေလှမ်းကြည့်နေရင်းကျန်ခဲ့တယ်.......လိုက်တော့မလာတော့ဘူး.....

အိမ်ပြန်ရောက်တဲ့အထိရင်ဘက်ထဲလန့်နေတုန်းပဲ...လန့်လဲလန့်. ...နောက်နေ့စုံစမ်းကြည့်တော့ ကျွန်တော်တို့အပေါ့စွန့်တဲ့နေရာက ကားမှောက်သေသွားတဲ့နေရာဆိုပဲဗျာ........နောက်ဆိုဘယ်သောအခါမှ ညဖက် လုံးဝမသွားမလာတော့တာပါပဲဗျာ.......သူတို့လည်းအတော်ကြောက်သွားပုံပဲ နောက်ညဖက်ထွက်ဖို့ လုံးဝမသွားတော့တာပါပဲ.....



စကားချပ်။   ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

                                                       လေးစားလျက်

                                                 MSC no.152

                                                 @saihack

                                     Photo crd from Google




Sort:  

ဆိုင်ကယ်နဲ့ပြေးခဲ့ကြသည်ပေါ့
ဖြစ်တက်ပါတယ်
သရဲကြောက်တယ်ဆိုတဲ့ ဝါးခြမ်းပြားကို လက်ကလွတ်သွားရတယ်လို့😂😂

ကြောက်ကြောက်နေမို့ပါ😁😁

ကိုယ်တို့ တက္ကသိုလ် ကျောင်းသားဘဝတုန်းကတော့
ပုဂံ ညောင်ဦးမှာ ည ညဆို အဖွဲ့စု ပြီး ဂူကျောင်းဘုရားတွေဆီ
သရဲ အရှာ ထွက်ကြတာ ပျော်စရာကြီးကွာ😁

ငင့်သရဲရှာထွက်ကြတာ အမလေးဗျာ မကြောက်ဘူးလားဗျ😨

အံ့ဖွယ်သုတပဲ သရဲကို မကြုံဖူးသလို ကြုံလဲမကြုံချင်ဘူး ။ နာနာဘာဝလောကကိုတော့ သနားနာပဲသိတယ်။

ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို
ဝတ္ထုလေး သဖွယ်တင်ပြသွားတာ တော်တယ်ဗျာ သရဲဝတ္ထုတွေမှာကောင်းအောင်ရေးနိုင်သလို အခြား အချစ် အလွမ်း ဟာသဝတ္ထုလေးတွေ ရေးပေးပါအုံး ဖတိချင်လို့ တောင်းဆိုပါရစေ ညီလေးရေ

ဟုတ်အကို ဒီတစ်ပုဒ်ပြီးရင်တော့ အချစ်ဝတ္ထုတစ်ပုဒ်စီစဉ်ထားပါတယ်ဗျ

ကို @saihack ရဲ့ သရဲအကြောင်းရေးသားထားတာလေးတွေ အမြဲလိုလို စောင့်ဖတ်မိနေရင်းကနေ ကိုယ်တိုင်ကြုံခဲ့ရတာလေး တစ်ခု ရေးချင်စိတ်ပေါက်လာမိတယ် ။ ဒါပေမဲ့ကျွန်တော်က အဲ့တစ်ခုပဲ ကြုံဖူးတာမို့ ကို@saihackလောက်တော့ အရေးသားအဆင်ပြေမယ်မထင်ပါဘူး။ ရေးတော့ ကြည့်ချင်သေးတယ် စာတစ်ပုဒ်စာတော့ရမယ်ထင်တယ်ဗျ။ တစ်ပုဒ်ပဲရေးမှာမို့ သရဲ ခရေစီကို @saihackဆီ ခွင့်တောင်းပါရစေဗျာ။

ဟုတ်အတွေ့ကြုံလေးတွေပြန်သိရတာပေါ့ဗျာ ရေးပေးနော်စောင့်ဖက်မယ်ဗျ သရဲခရေဇီဆိုတော့ 😁😁😁

တစ်ဘ၀လုံး သရဲတွေနဲ့ဘဲကြုံတော့မှာဘဲဆိုရင် သရဲအကြောင်းတွေဘဲ ဖတ်ရမယ်ထင်တယ် ကြောက်ပါတယ်ဆိုမှဗျာ

နောက်ပြောင်းရေးတော့မားရယ်😁😁

ကြောက်​စရာကြီး

အားပေးလို့ကျေးဇူးပါ ဗျ

ရေနိုင်​လိုက်​တာ မရိုးဘူးပဲ၊

တော်သေးတာပေါ့ဗျာ လမ်းပေါ်မှာ ၀ါးခြမ်းပြားက အဆင်သင့်ရှိနေလို့

အတွေ့ကြုံလေးတွေပေါ့ဗျာ

ကျ​နော့်​ msc g1ထဲမှာ သရဲ​ကြာင်းကို ပီပြင်​​အောင်​ ​ရေးသားနိုင်​တဲ့သူရှိတာ ဂုဏ်​ယူတယ်​ဗျာ

ကျေးဇူးပါဗျ MSC g1အတွက်အမြဲကြိုးစားနေပါမယ် အားပေးလို့ဆက်ကြိုးစားနေပါတယ်ဗျ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56665.04
ETH 3021.71
USDT 1.00
SBD 2.22