အားကိုးရာမဲ့ကြလေပြီ
ဘယ်မှာလဲ ငြိမ်းချမ်းရေး
ဘယ်မှာလဲ ပျော်ရွှင်မှု
ဘယ်မှာလဲ ခရစ္စမတ်
ဘယ်မှာလဲ လက်ဆောင်တွေ
ဘယ်မှာလဲ နွေထွေးမှု
ဒါတွေအားလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အပူအပင်တွေ
သောကတွေ
ငိုကြွေးခြင်းတွေ
အော်ဟစ် အသနားခံတဲ့အသံတွေ
ဆုံးရှုံးမှုတွေ
နာကျင်စရာတွေကိုပဲ ခရစ္စမတ်ကာလက ယူဆောင်လာခဲ့တယ်။
ဒါတွေအားလုံးကို ကမ္ဘာကြီးက မမြင်သလို နေတယ်၊
မကြားသလို နေတယ်၊
ကိုယ်နဲ့ မဆိုင်သလိုနေတယ်။
ဒီလောကကြီးမှာ မေတ္တာတရားတွေ မရှိတော့ပြီလား
ကိုယ်ချင်းစာတရားတွေ မရှိတော့ပြီလား
သွေးချင်း ညီနောင်ဆိုတဲ့ စိတ်တွေ ကင်းမဲ့ကုန်ပြီလား
ဘာကြောင့် ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ကြတာလဲ
ဒီနေ့မှာလည်း အပြစ်မဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးပြီးတော့
မညှာမတာ မီးရှို့သတ်လိုက်ကြတယ်။
ကမ္ဘာကြီးမှာ လက်နက်ရှိသူက လက်နက်မဲ့သူကို ဒီလိုပဲ အနိုင်ကျင့် ဗိုလ်ကျလို့
ရသလား
ဒီလိုပဲ မတရားသတ်ဖြတ်လို့ရသလား
မတရားမှုကို အလိုမရှိဘူးဆိုတဲ့သူတွေ နိုင်ငံတွေ ဘာလုပ်နေကြလဲ
ဒီတိုင်းပဲ ကြည့်ပြီးတော့ သာယာနေကြတာလား
လူတိုင်းမှာ အခွင့် အရေးကိုယ်စီနဲ့ အိပ်မက်တွေကိုယ်စီရှိကြတယ်။
အခုတော့ အဲဒီအခွင့်အရေးနဲ့ အိပ်မက်တွေကိုပါ မက
အနာဂတ် တိုင်းပြည်နဲ့ လူမျိုးကိုပါ သတ်ဖြတ်နေကြတာဟာ
အလွန်ပဲ စက်ဆုတ်ရွံရှာဖွယ်ကောင်းတယ်။
ဒီမကောင်းတဲ့ စစ်တပ်ကို အားပေး အားမြှောက်ပြုနေကြတဲ့သူတွေလည်း
အလွန်ပဲ ယုတ်ညံ့တဲ့စာရင်းထဲ ပါပြီးတော့ လူလိုအသက်ရှင်နေထိုင်ဖို့
မထိုက်တန်တဲ့သူတွေဖြစ်တယ်။
ဒီလို ရက်စက်ယုတ်မာတဲ့သူတွေအတွက် ကမ္ဘာကြီးက ဘာကြောင့်လက်ခံနေတာလဲ
ဒီလို ရက်စက်ယုတ်မာတဲ့သူတွေကို ကမ္ဘာကြီးက ဘာကြောင့်ခွင့်ပြုနေတာလဲ
အလုံးစုံပျက်စီးအောင် ဖျက်ဆီးနေသူတွေကို ဒီလိုပဲရပ်ကြည့်နေကြမှာလား
လက်နက်မဲ့ အဖိနှိပ်ခံပြည်သူတွေအပေါ်ကို အကြမ်းဖက်သတ်ဖြတ်နေတဲ့
မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ မကောင်းခဲ့တာကို
ကမ္ဘာကြီးက သိသိနဲ့ ခွင့်လွှတ်နေတာဟာ ကျန်နေသေးတဲ့
မြန်မာပြည်သူတွေကို သတ်ဖြတ်ခွင့် ပြုနေတာနဲ့ အတူတူပါပဲ။
နေ့စဥ်နာကျင်စရာတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက်
အားကိုးရာ မဲ့နေပြီလား
ကူကယ်သူ မရှိတော့ပြီလား