Forex Trading Part 2 (What major currency in the forex)

in #myanmar7 years ago

What is major currency in the forex
Forex မှာ ဘာတွေ ၀ယ်ရောင်း ကြမှာလဲ

ပြောရရင်တော့ ငွေ ပေါ့ဗျာ။

ဒါပေမယ့် နိုင်ငံတစ်နိုင်ငံ သုံးတဲ့ ငွေကြေးက တစ်ခုနဲ့ တစ်ခု မတူညီဘူးလေ။

မြန်မာပြည်မှာ ကျပ် သုံးတယ်။ ထိုင်းမှာ ဘတ် သုံးတယ်။အဲ့တော့ မတူညီတဲ့ ငွေကြေး နှစ်ခု ကို အရောင်း အ၀ယ်ပြုလုပ်ရမှာပါ။(ရွှေ၊ ငွေ၊ ရေနံ စတာတွေ ကိုလည်း အရောင်းအ၀ယ် ပြုလို့ရပါသေးတယ်။ လောလောဆယ်တော့ ရှုပ်သွားမှာ စိုးလို့ မရေးသေးပါဘူး။)

8-major-currencies.png

Forex မှာ ဓနအားဖြင့် အင်အားကြီးနိုင်ငံတွေ ရဲ့ ငွေကြေး အကြမ်းဖျင်း ၈ မျိးရှိတယ်။

USD - အမေရိကန် ဒေါ်လာ ,

EUR - ဥရောပ အဖွဲ့ဝင် နိုင်ငံတွေ သုံးတဲ့ ယူရို,

JPY - ဂျပန် ယန်း,

GBP – Great Britain Pound အင်္ဂလန် ပေါင် ,

CHF - ဆွစ်ဇာလန် ဖရန့်,

CAD - ကနေဒါ ဒေါ်လာ,

AUD - သြစတြေးလျှ ဒေါ်လာ,

NZD - နယူးဇီလန် ဒေါ်လာ။

ကျနော်တို့က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ၀ယ်တယ် ဆိုပါစို့။ အဲ့ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဈေးကွက် အသေးလေး တစ်ခု ကို ၀ယ်တာပါပဲ။

အမေရိကန် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေပေါ်မူတည်ပြီး အမေရိကန် ငွေကြေးဟာ တက်နိုင်၊ ကျနိုင်ပါတယ်။Forex မှာ မတူညီတဲ့ ငွေကြေးစုံတွဲ ကို ၀ယ်ရောင်း ပြုလုပ်ရတာ ဖြစ်တဲ့ အတွက် တစ်ခု ၀ယ်ရင် တစ်ခု ရောင်းရတာပါပဲ။ဥပမာ EUR/USD အတွဲမှာပေါ့။

မိမိက Buy ဆိုပြီး ၀ယ်တယ်ဆိုရင် EUR ကို ၀ယ်တာဖြစ်ပြီးတော့ USD ကို ရောင်းတာပါပဲ။

Sell ဆိုပြီး ရောင်းတယ် ဆိုရင်တော့ EUR ကို ရောင်းပြီးတော့ USD ကို ပြန်ဝယ်တာပါ။

ငွေကြေးစုံတွဲ မှာ ရှေ့က ငွေကြေး ကို ကြည့်ပြီး Buy/ Sell သတ်မှတ်ရပါတယ်။

Major Currency Pairs - အဓိက ငွေကြေးစုံတွဲများ။

အမေရိကန် ဒေါ်လာ USD ပါတဲ့ ငွေကြေးစုံတွဲတွေ ကို Major Currency Pairs - အဓိက ငွေကြေးစုံတွဲ လို့ ခေါ်ပါတယ်။အဲ့ဒါတွေကတော့ EUR/USD, USD/JPY, GBP/USD, USD/CHF, USD/ CAD, AUD/USD, NZD/USD တို့ဖြစ်ပါတယ်။Major Cross Currency Pairs (or) Minor Cross Currency Pairs - သာမည ငွေကြေးစုံတွဲများ။အမေရိကန် ဒေါ်လာ USD မပါတဲ့ ငွေကြေးစုံတွဲတွေ ကို Major Cross Currency Pairs (or) Minor Cross Currency Pairs - သာမည ငွေကြေးစုံတွဲ လို့ခေါ်ပါတယ်။

အဲ့ဒီမှာ EUR, JPY, GBP ပါတဲ့ ငွေကြေး ဆိုပြီး သုံးပိုင်း နဲ့ မပါတဲ့ ငွေကြေး ဆိုပြီး တစ်ပိုင်း ထပ်ပိုင်းပါတယ်။EUR ပါတဲ့ အတွဲတွေကတော့ - EUR/CHF, EUR/GBP, EURCAD, EUR/AUD, EUR/NZD

JPY ပါတဲ့ အတွဲတွေကတော့ - EUR/JPY, GBP/JPY, CHF/JPY, CAD/JPY, AUD/JPY, NZD/JPY

GBP ပါတဲ့ အတွဲတွေကတော့ – GBP/CHF, GBP/AUD, GBP/CAD, GBP/NZD

တို့ဖြစ်ကြပြီး၊ ကျန် မပါတဲ့ အတွဲတွေကတော့

AUD/CHF, AUD/CAD, AUD/NZD, CAD/CHF, NZD/CHF, NZD/CAD ဖြစ်ပါတယ်။

Exotic Currency Pairs – အရှိန်ယူ ငွေကြေးစုံတွဲများ။

ဓနအင်အားကြီးနိုင်ငံ နဲ့ ဖွံဖြိုးစပြုနိုင်ငံ - ဓနအားနည်းတဲ့ နိင်ငံ တို့ ရဲ့ ငွေကြေးအတွဲတွေ ကိုတော့ Exotic Currency Pairs – အရှိန်ယူ ငွေကြေးစုံတွဲ လို့ ခေါ်ပါတယ်။

ဥပမာ အမေရိကန် ဒေါ်လာ နဲ့ ဟောင်ကောင်ဒေါ်လာ အတွဲမျိး။

Forex မှာ ငွေကြေးစုံတွဲ တော်တော်များများဟာ Exotic Currency Pairs ဖြစ်ပါတယ်။

ငွေကြေးစုံတွဲတွေ ထဲမှာ Major Currency Pair ထဲက EUR/USD ဟာ Forex ဈေးကွက်မှာ အရောင်းအ၀ယ် ပြုလုပ်မှု အများဆုံး ငွေကြေးစုံတွဲ ဖြစ်ပါတယ်။

Forex ဈေးကွက်ကြီး တစ်ခုလုံးရဲ့ လေးပုံ သုံးပုံ နေရာ ယူပါတယ်။

Spread - ရောင်းဈေး၊ ၀ယ်ဈေး ကွာဟချက်လည်း နည်းပါတယ်။

Forex ဈေးကွက်မှာ ငွေကြေး အရောင်းအ၀ယ် ပြုလုပ်နည်းများ။

On the Spot Order - တိုက်ရိုက် ၀ယ်ရောင်းပြုလုပ်ခြင်း။

ဒါကတော့ လူတိုင်းနဲ့ ရင်းနှီးပါတယ်။အခု ဒီဈေးနဲ့ ကြိုက်တယ်။ အခု ၀ယ်တယ်။အခု ဒီဈေး နဲ့ ကြိုက်တယ်။ အခု ရောင်းမယ်။

ဒါပါပဲ။ ဘာမှ မထူးခြားပါ။

Future Order - ကြိုတင် ၀ယ်ရောင်း ပြုလုပ်ခြင်း။မနက်ဖြန် သို့မဟုတ် သတ်မှတ်ထားတဲ့ ရက် တစ်ရက်ရက်၊ တစ်ချိန်ချိန်မှာ ဒီငွေကြေး ဒီလောက်ပမာဏ ၀ယ်မယ်ဆိုတာ ကို ကြိုမှာထားတာကို ပြောတာပါ။

Optional Pending Order - ကြိုက်ဈေးရောက်မှ ၀ယ်ရောင်း ပြုလုပ်ခြင်း။လာလောဆယ် Honda Fit ကားဈေးက ၁၂၀ ဖြစ်နေတယ်ဗျာ။ ဈေးတက်နေလို့ ၀ယ်မစီးသေးဘူး။ သိန်း ၁၀၀ ဖြစ်ရင်တော့ ၀ယ်မယ်ဗျာ။ဒီသဘောပါပဲ။
လက်ရှိပေါက်ဈေးမှာ ၀ယ်ရောင်း မလုပ်သေးဘဲ မိမိသတ်မှတ်ထားတဲ့ ကြိုက်ဈေးတစ်ခု ရောက်မှ အလိုလို ၀ယ်ရောင်း ဖြစ်အာင်လုပ်တာကို ပြောတာပါ။

NEXT Lot, Pip, Pipette နှင့် Leverage များအကြောင်း။
Part 1 ကိုမဖတ်ရသေးရင် ဒီနေရာမှာ ဖတ်နိုင်ပါတယ်
https://steemit.com/myanmar/@pyinmana/forex-part-1-forex-market-yapaslayakhng

Sort:  

ဘီဂိန်နာတွေအတွက် ဗဟုသုတရတဲ့ post လေး ကောင်းတယ်သားရီး

နောက်ပိုင်းမှ strategy တွေ ပေးမယ် eurusd ONLY DAIL 200 PIP

Coin Marketplace

STEEM 0.29
TRX 0.24
JST 0.041
BTC 92793.00
ETH 3248.71
USDT 1.00
SBD 7.48