မိမိကိုယ်ကိုသုံးသပ်ခြင်း …… ၈

in #myanmar6 years ago (edited)

တနေ့တနေ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရတာလည်း မရိုးနိုင်ပါဘူး ။ ကိုယ်မှားတာလည်းရှိသလို မှန်တာတွေလဲရှိခဲ့ပါတယ် ။ မှန်တာလုပ်ခဲ့တဲ့အတွက်က သိပ်အကြောင်းမထူးလှပေမယ့် မှားတာလုပ်မိခဲ့တာကျ ကိုယ့်ကိုယ်ကိုထပ်ပြီး ဝေဖန်ကြည့်ဖြစ်တယ် ။

  • ဒီအမှားကို ကိုယ်ဘာကြောင့် လုပ်ဖြစ်ခဲ့သလဲ ?

  • ဒီအမှားဟာ ကိုယ့်အတွက် ကောင်းကျိုးဖြစ်ခဲ့သလား ?
    ဆိုးကျိုးဖြစ်ခဲ့သလား ?

  • ကိုယ့်အတွက် ဒီအမှားဟာ ဘာအကျိုးမှမဖြစ်ခဲ့ပေမယ့် ကိုယ့်မိသားစုဆွေမျိုးနဲ့ တခြားသူတွေအပေါ်မှာ ဘယ်လိုအကျိုးတွေ သက်ရောက်နိုင်ခဲ့သလဲ ?

  • ဒီအမှားတခုအတွက် ဘာတွေဖြစ်နိုင်မယ်ဆိုတာကို အများကြီး စဉ်းစားရပါတယ် ။

received_217829152132236.jpeg

credit image source

ကိုယ်က အိမ်မှာ ကျောင်းတက်တဲ့အလုပ်ကလွဲပြီး အလုပ်ရယ်လို့  မယ်မယ်ရရ မလုပ်နိုင်တဲ့သူဆိုတော့ ကျောင်းကပြန်လာတာနဲ့ အိမ်မှာ အသင့်စားစရာနဲ့ wifi လေးဖွင့်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ တနေ့တာကို ကုန်ဆုံးစေခဲ့တာများနေတယ် ။

ကျောင်းစာဖတ်တာက အချိန်ခနလေးဆိုတော့ ဂိမ်းလေးဆော့လိုက်ရော ။

ဂိမ်းဆော့ရတာကြာလာတော့ ပျင်းလာတုန်း Messenger နဲ့ facebook က noti ringtone သံလေးက တတိန်တိန်နဲ့ ကြားရပြန်တော့ အဲ့ဘက်လှည့်ဖွင့်ကြည့်လိုက်ပြန်ရော ။

အဲ့လိုကြည့်နေရင်းက ဗိုက်ကလေးကဆာလာပြန်တော့ မာမီနဲ့အမဝယ်ထားပေးခဲ့တဲ့ မုန့် လေးထုတ်စားလိုက်ပြန်ရော ။

received_217829138798904.jpeg

credit image source

ဒါတင်မကသေးဘူး အိမ်ရှေ့ရောက်လာတဲ့ ရေခဲမုန့် သည် အချဉ်ပေါင်းသည် နဲ့ အော်သံကြားသမျှအသည်အကုန် ကိုယ်စားချင်စိတ်ရှိလာရင် ခေါ်စားလိုက်ပြန်ရော ။

ဗိုက်ကလေးဝလာတော့ မျက်လုံးလေးကလဲ အလိုက်တသိပါဘဲ သတင်းတန်းပို့ တာပေါ့ ။ စားပြီးအိပ်ချင်လာပြန်တော့ တရေးတမော အနားယူဘို့  အိပ်လိုက်ပြန်ရော ။

အိပ်ယာလေးကနိုးလာပြန်တော့ လိုင်းလေးပြန်ဖွင့် ဟိုဟိုဒီဒီကြည့်ရင်း အွန်လိုင်းစတိုးတွေက ကိုယ်ကြိုက်တဲ့အင်္ကျီပုံစံလေးနဲ့ ကိုယ်ကြိုက်တဲ့ အရောင်လေးတွေမြင်တော့ အိမ်ကိုပူဆာပြီး ဝယ်ခိုင်းလိုက်ပြန်ရော ။

ဒီလိုနဲ့ တနေ့တာလုံး လည်ပတ်လာလိုက်တာ အချိန်တွေဘယ်လိုကုန်မှန်းမသိ ကုန်သွားခဲ့တာ ရက်ပေါင်းမနည်းတော့ဘူးလေ ။

received_217829168798901.jpeg

credit image source

အရေးကြီးတာ တချက်ကျန်ခဲ့ပြီ ။ အဲ့ဒါသာထည့်မရေးဖြစ်ရင် ကျမဒီနေ့ ရန်လုပ်ခံရဘို့  သေချာပေါက်ပါဘဲ ။ ကျမရဲ့တနေ့တာကို ကုန်ဆုံးစေတဲ့ကိစ္စတွေမှာက အရေးကြီးတာက ကျမချစ်သူပေါ့ ။ ချစ်သူနဲ့ ဖုန်းလေးပြောလိုက် ဒါတင်မကဘူး လိုင်းပေါ်မှာ chat box က စာတွေပို့ လိုက်နဲ့ ရန်ဖြစ်စိတ်ကောက်ရနဲ့ အချိန်တွေကိုကုန်လွန်စေခဲ့ပေါ့ ။

တနေ့တာကုန်ခဲ့သမျှ ကိုယ့်အချိန်တွေကို ညရောက်တော့ မအိပ်ခင် စဉ်းစားရင်း နောက်တရက်အတွက် အိပ်ယာဝင်ပြီး ကိုယ့်အတွေ့အကြုံတွေနဲ့ ကိုယ့်အကြောင်းတချို့ကို စတီးမစ်တင်ရန် ပိုစ့်တပုဒ်အဖြစ် ဖန်တီးရေးသား တင်လိုက်နဲ့ အခုဆို အိမ်ထဲမှာ နေပေမယ့် စတီးမစ်မှာစာရေးတင်လို့  ဝင်ငွေတောင် ရနေခဲ့ပါပြီရှင် ။

received_217829132132238.jpeg

credit image source

@pyaesonekhinkhin

MSC 021

Sort:  

အလုပ်​​တွေအရမ်းရှုပ်​​နေ​တော့ ကျန်းမာ​ရေး ဂရုစိုက်​ပါ မ Pyae ​ရေ .. အစားအ​သောက်​​လေးလည်း ဂရုစိုက်​ဗျ .. 😀😀

ကျေးဇူးပါရှင့် ဂရုစိုက်ပါတယ်အကို

မုန့်လေးစားလိုက် စာလေးကျက်လိုက် ဂိမ်းကစားလိုက် အိပ်လိုက် postတစ်ခုဖြစ်သွားလိုက်ဆိုတော့ အဆင်ပြေတာပါပဲ ညီမလေးရ😁😁

ကောင်းပါ့ဗျာ

မကောင်းလို့ ရဘူး

အိမ်းးး တျောက်ထဲနက် အလုပ်ကိုရှုပ်နာပဲ... :D

ဟာ SL အလည်လာတယ်ဟေ့ မင်ဂလာဘာရှင့်

မင်ဂလာပါအေ...
ဒါနက် ဒီတခေါက်သုံးသပ်တာက ၈ဖြစ်ရမာလေ။
ခုနစ်၂ခါထပ်နေတယ်။
ချိတက်လာနေအူးမယ်.. :P

ရှုပ်နေတာတနေကုန် သနားစရာ

ဗြဲ ဟုတယ် သနားစရာလေးပါ

စားလိုက်​ အိပ်လိုက်နဲ့ ဝလာဦးမယ်နော်

ဝချင်တာ စစ်ရေ

စတီးမစ်​က ဝင်​​ငွေရ​နေပြီဆို​တော့ အားကျမိတယ်

steem တွေတိုးတယ်လေ sbd ကို bot တယ်လေ

ဇိမ်ကျနေတာပေါ့ မပြည့်

ဇိမ်တော့ကျတယ်လို့ ဆိုရမယ်အကို ဒါမယ့်စာရေးဘို့ စဉ်းစားရတယ်လေ

ပူပင်သောက ကင်းပြီး အေးချမ်းတဲ့ ဘဝလေးပါဘဲ မယ်ပြည့်ရေ

မယ်စုရေ မစ်တယ်နော်မမ

BP ရယ် ညည်းတစ်နေ့တာက
ပင်ပန်းချက် ချစ်သူနဲ့ စိတ်ကောက်တာရော

ဟားး အူးထွေးရေ အားကျနေလားရှင့်