G3 & B Pyae

in #myanmar6 years ago (edited)

ဟူးးး မွှေးလိုက်တာ ဟင်းနံ့လေးတွေ !
မိုးကအေးအေး စာကျက်နေရင်း ဘယ်အိမ်ကချက်တဲ့ဟင်းနံ့ရယ်မသိ ဗိုက်တွေဆာလာတယ်အနံ့ရလိုက်တာ ။ B Pyae ပြောသံကြားတော့ မမကြည်ချက်ထားတဲ့ဟင်းကမွှေးနေလို့ သူဝင်စားခဲ့တဲ့အကြောင်း မမသက်က ပြောပြတော့ ကိုယ့်အတွက် ပါဆယ်မထုတ်လာလို့  ရန်လုပ်ရသေးတာ ။

ဟန်မဆောင်နိုင်တော့ဘူး ဆာလာပြီ ။ မမကြည်ဆီသွားတောင်းမှအကြံရပြီး အိမ်ချင်းကပ်နေတော့ အမြန်ပြေးတော့တာပေါ့ ။ စားလို့ ကောင်းကောင်းနဲ့စားလိုက်တာ အိပ်ချင်လာတယ် ။ စာမကျက်သေးဘဲ ဖုန်းလေးကလိရင်း တမှေးလေးမှေးအုံးမှပါ ။ ညက ကိုဖြိုးဇော်ဦးတို့ စာကြည့်တိုက်က ငှားလာတဲ့ စာရေးဆရာမ Sandipoe ရဲ့ ထွေလီဆန်းပြားတဲ့တချို့မိန်းကလေးတွေအကြောင်းစာအုပ်ဖတ်ပြီး သီချင်းလေးနဲ့ညိမ့်လိုက်အုံးမယ်ကွယ် ။

ဖုန်းထဲက သီချင်းဖွင့်မယ်နှိပ်လိုက်တော့
ကြိုက်ရာရွေးပါ

*စိတ်နှလုံးအေးချမ်းရန် တရားထိုင်နည်း

*စိတ်တည်ငြိမ်အောင်နေနည်း ( ကျွန်တော်၏ အတွေးအမျှင်လေးများ )

*တရားထိုင်ကြည့်ကြပါစို့ 

*ကံကောင်းခြင်းအတွက် ရှင်းလင်းချက်

ဟင် ! ညက down တုန်းက သီချင်းတွေက ဘယ်နှယ့် တရားတွေပြောင်းကုန်တာပါလိမ့် ? အယ် ဟုတ်သား g3 က လင့်တွေနဲ့မှား down မိတာကိုး ။ မထူးပါဘူး စာမကျက်ခင် ၁၅မိနစ်တော့ တရားထိုင်လိုက်အုံးမှပါဆိုပြီး နားကြပ်လေးဘေးချပြီး တရားထိုင်လိုက်တော့တာပေါ့ ။

မျက်လုံးက ပေကလပ် ပေကလပ်ဖြစ်ပြီး ထိုင်နေကျမဟုတ်တော့ ဂနာမငြိမ်ဘူး ။ မျက်လုံးထဲ steem ဈေးထိုးကျတဲ့ အနီစာတန်းကြီးမြင်နေတာ ဒုက္ခပါဘဲ ။ ဘုန်းဘုန်း gunapera ဆီနည်းလေးသွားမေးမှဆိုပြီး သွားလိုက်တာ ကျောင်းမှာ ဘုန်းအမျိုးရိုးရာအစွဲနတ်ကိုးကွယ်တဲ့ကရင်အမျိုးတွေနဲ့ ငြင်းခုန်နေလို့  အသာလစ်ပြေးခဲ့ရတယ် ။

ဗိုက်ကပြန်ဆာလာတာနဲ့ ငှက်ပျောသီးတလုံးဝယ်စားပြီး အိမ်ပြန်လာခဲ့တော့တာ လမ်းမှာ g3က လူ၃ဦးက ကိုယ့်များပြောနေသလားထင်ရတယ် ။ တယောက်က R သုံး R ဆိုတာဘာလဲရှင်းပြနေတော့ ငှက်ပျောခွံအမှိုက်ကို စည်းကမ်းမရှိ ခုနလေးတင်လွှင့်ပစ်ခဲ့မိတာ သတိရလာတာပေါ့ ။

နောက်တဦးကလဲ ထပ်ရှင်းပြန်တယ် ဥပဒေအကြောင်းတွေ ။ ဘုရား ဘုရား ငါအမှိုက်လွှင့်ပစ်တာများ ဒဏ်ငွေဆောင်ရတော့မလားမသိ တွေးမိလာတယ် ။ တော်သေး ထို၃ဦးထဲက ကိုနန်းထိုက်က B Pyae မြင်ပြီး မင်္ဂလာပါလို့ နှုတ်ဆက်တော့ ကိုယ်လဲဘယ်ရမလဲလေ ကိုရီးယားသင်ခန်းစာ ၂၆ထဲကလို ကိုရီးယားလိုပြန်နှုတ်ဆက်လိုက်တာ စကားပြတ်သွားတယ် ။

အိမ်ပြန်တာဘဲကောင်းပါတယ်လေ ။ ဟာ! ရှေ့မှာ ချစ်ဆုံးလာနေပါလား ။ မဖြစ်ဘူး သူမမြင်ခင် ဟိုဘက်လမ်းကလှည့်ပြန်မှ တော်ကြာ မမဘုတ်ဘုတ်ဆိုပြီး လာပြောနေရင် ပြသာနာလေ ။

ပြောပြောဆိုဆိုနဲ့ လမ်းထဲကွေ့ဝင်လိုက်တာ My Photo ဆိုတဲ့ ကိုအေးဇော်ကြီးရုတ်တရက်မြင်လိုက်တာ သရဲမှတ်ပြီး ပြေးတော့တာပေါ့ ။ ဘယ်လိုအိမ်ရောက်လာတယ်မသိတော့ပါဘူးတော် မောလိုက်တာဟက် ! ။ စာမေးပွဲပြီးရန် ၂ရက်အလို အမှတ်တရပေါ့ ။

IMG_20171001_233000.JPG

@pyaesonekhinkhin

MSC 021

Sort:  

ဟူးးး မွှေးလိုက်တာ ဟင်းနံ့လေးတွေ !အိမ်ပြန်ပြီးစားတာဘဲကောင်းပါတယ်လေ ။

ဟားး ချက်တဲ့လူက သိတောင်မသိရှာဘူး ဒီပိုစ့်

တရားမှတ်တာလဲ ငါ့အတိုင်းပါလား 😁

အဟေး ဟုတ်လားအူးထွေးရေ

You got a 2.18% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

မမစကန်ထရီက. ခေးကို ဘုတ်ပေးပု😭😭😭
ခေးကမမစကန်ထရီကို G3 ရွာလမ်းထိပ်မှာ . နေတိုင်းထိုင်စောင့်နေရတယ်😭😭😭

အန်တီဘုတ်ပေးပါ့မယ်ကွယ် မမကစာမေးပွဲရှိလို့ နေမှာပါ

ဘာခေးလဲလူကဖြင့်ကြီးအိုမနက်

အယ် နာ့သဲကို အ့လိုကျောဘာနက်

တော်​​သေးတာ​ပေါ့ဗျာ ..​နောက်​တစ်​ခါဆို
ငှက်​​ပျောခွံ တစ်​ခါပစ်​ ​ထောင်​ဒဏ်​ သုံးနှစ်​နှင့်​ ​steem တစ်​​သောင်း တစ်​ခါတည်း ​ပေါင်းပြီး ဒဏ်​​ပေးမတဲ့ မ Pyae ​ရေ ..😂

အမလေး ဒိုးခပါဘဲ ပစ်ရဲတော့ဘူး

တရဲ တရဲ😂

ပြေး ပြေး ကွီးအောင်

😂😂😂😂😂😂

သူ့မပြောနဲ့နော် ဟီးး တရဲရီးသူက

😂😂😂

thanks

စာ​လေး​ကောင်းလျှက်​ ပုံက ဖျက်​ :P

ဟိုက် !
စာလေးကောင်းဘို့ က အဓိကကျ
ပုံကလှမှလှ

မယ်ပြည့် ဘုတ်ဘုတ်

ပေးမယ် မမစုရေ
သမီးမနက်ဖန် စာမေးပွဲကအပြန် G 4 အတွက် suprise လုပ်ပေးမယ်နော်

ပျော်ပြီလေ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60678.52
ETH 2339.38
USDT 1.00
SBD 2.48