ကျလိကျလိ မြည်သံ …… ၂

in #myanmar6 years ago

တခုခုကို အာရုံစိုက်တာများလာရင်လည်း ကျလိ ကျလိ အသံက နားထဲကတဆင့် နားထင်အထိ လေတိုးဝင်လာသလို ဖြေးညှင်းစွာ မြည်လာတာကို ကိုယ့်ကိုယ်ကို သတိထားမိလာတာ အကြိမ်ကြိမ်ရှိနေခဲ့ပါတယ် ။

မခံမရပ်နိုင်အောင် တခါတလေ ခံစားမိသလို တခါတလေကျတော့လည်း ကျလိ ကျလိမြည်သံကို နားထင်ကနေဘယ်ထိသွားမလဲဆိုတာ မျက်စိကိုမှိတ်ပြီး သေသေချာချာ လွှတ်ထားရင်း အာရုံထဲမှာ စူးစူးစိုက်စိုက်ခံစားကြည့်ပစ်လိုက်ပါတယ် ။ ကျလိကျလိ မြည်သံရဲ့ အပျော့ အပြင်း အလိုက် ပေါ့ ။

နားအူလို့  တဝှီဝှီ မြည်သံမျိုးကို online အသုံးများလို့  အိပ်ရေးပျက်သူတိုင်း ကြုံဘူးမှာပါ ။ ထို feel လို တကျစ်ကျစ်မြည်ရင်း တခါတရံဖြစ်ပေါ်လာတာပါ ။

B Pyae အိမ်နဲ့ သူငယ်ချင်းတွေကိုပြောပြတော့ အရူးတယောက်လိုအကြည့်နဲ့ အထူးအဆန်းဆိုပြီး အဟား ခံရပါသေးတယ် ။

ကိုယ့်မှာက သူတို့ နဲ့မတူတဲ့ အကြောင်းအရာတွေက ရှိနေလို့ ပါလားဆိုတဲ့ စိတ်ကို ဖြည့်တွေးပြီး စိတ်ညစ်စရာများကို အတတ်နိုင်ဆုံး ဥပေက္ခာပြုထားလိုက်ပါတယ် ။ အဲလိုဆင်ခြင်မနေရင် ကျစ်ကျစ် ကျစ်ကျစ်နဲ့ အစပျိုးပြီး ကျလိကျလိ အသံက ဦးနှောက်ထဲထိ ထိုးဖောက်တော့မလို ခံရခက်အောင် နှိပ်စက်တတ်လို့ ပါဘဲ ။

အဲ့လိုဖြစ်လာပြီဆို B Pyae က ချက်ချင်းအာရုံကို လွှဲပြီး တွေးလက်စအတွေးတွေကိုဖြတ်ပြီး steemit post တွေကို vote / ment ပေးတာတို့  စာရေးတာတို့  ဂိမ်းဆော့တာတို့ ကို ပြောင်းပြီး အာရုံလွှဲလိုက်တာပါဘဲ ။
B Pyae တခါတခါစဉ်းစားမိတာက နားေးသွားတဲ့လူကြီးတွေတပ်သလို နားကြပ်တခုလောက်သာ ကျလိကျလိမြည်နေတုန်းမှာ တပ်ထားလိုက်ရင် အကျယ်ကြီးမြည်ပြီး အိမ်ကလူတေများကြားဖူးအောင် ပြချင်မိတယ်လို့  စဉ်းစားမိတာပါ ။

MSC က အကိုအမတွေလဲ B Pyae စာကိုဖတ်ပြီး အထူးအဆန်းလို ဖြစ်နေမယ်ဆိုတာ နားလည်ပါတယ် ။ ဒါပေမယ့် B Pyae တကယ်အဲ့လို အခုဖြစ်လို့ စာ ထရေးပြီး အာရုံလွှဲလိုက်တာပါဘဲ ။

မယုံရင် ပုံပြင်တပုဒ်လို မှတ်ပြီး B Pyae ဟာသရေးသွားတယ်လို့ ဘဲ မှတ်ပါ ။ နေမကောင်းဖြစ်ချိန်မို့  ဒီလို ဖြစ်တာလားလို့  ကိုယ့်ဘာသာလဲ တွေးမိပါတယ် ။ B Pyae စာကိုဖတ်ပေးတာဘဲ ကျေးဇူးတင်လှပါပြီ ။ နေသာမကောင်းတာ B Pyae စာရေးအပြီးပုံတင်ဘို့  ဓာတ်ပုံရိုက်ကြည့်တာ လှတယ်တော့ ခ်ခ် ။

received_268653770372020.jpeg

@pyaesonekhinkhin

MSC021

Sort:  

ဦးနှောက်နဲ့အာရုံကြောသမားတော်ပြကြည့်ညီမလေးမပေါ့နဲ့

ကိုယ်တော့ ဝူ ဝူ..နဲ့ ပါပဲ

ညီမလေးခေါင်းထဲထိ တကျစ်ကျစ်မြည်တာ

ချစ်စရာသမီးလေး

thank you အန်တီရေ
ပုဂံကျ မုန့် ကျွေးမှာ

မှတ်ထားမယ်နော်

ကျလိ ကျလိ နပြည့်

ဟိ ကျလိကျလိမမစုရေ

အား မရှိ. လို့ အကြောဆေး.သွင်း အားဆေး. တေစားမမစကန်ထရီ ဟိဟိ . ခေး. လည်း ဖိနေတေ. ခေါင်း နဲ့ နား ထဲက . တဂီ ဂီ ဂီ.. နဲ့ . မြည်နေတေ😃😃😃😃

ယုံပါတယ် ညီမလေးရေ
ကျန်းမာရေးဂရုစိုက်နော့

ဟုတ် နာမတေပု ရေကူးတတ်တယ် ပူနက်အကို

အဲ့ကျလိ ကျလိက တော်တော်ဆိုးတာက အကောင်တစ်ကောင် ဝင်ပြီးကိုက်နေသလို ထင်ရတယ် အတွင်းပိုင်း အထိဘဲ ။ တူချင်မှတော့ တူမှာပါလေ ။

တူတူဘဲ
နာအားရှိသွားပီ နာခံစားရတာ အကိုတေသိလို့ 

ကျစ်ကျစ်နဲ့ မည်တာပါ ကျလိကျလိ မဟုတ်ပါဘူး

ကျစ်ကျစ်က အစလေ
အ့ကို လိုက်ခံစားကြည့် အဆုံးရောက်ခါနီးကျ ကျလိကျလိပါတယ်ဆို

နေမကောင်းလည်းလှတယ်တော့
ကျန်းမာရေးကိုလည်းဂရုစိုက်အုံးနော် သမီးလေး

ဟုတ်အဖွား
အဖွားလည်း အားမွေးထားနော် ပုဂံမှာ ဓာတ်ပုံရိုက်ရအောင်

ဆရာဝန်​​တွေနဲ့. ပြကြည့်​ ​ပေါ့

ဟုတ် thanks

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.029
BTC 69505.86
ETH 2493.71
USDT 1.00
SBD 2.54