Today feeling ……

in #myanmar6 years ago

ယောင်တောင်တောင်ဖြစ်နေတာနဲ့ အိမ်မှာရှိတဲ့အပင်တွေကို ရေလောင်း ပေါင်းသင်လိုက်လုပ်မယ် စိတ်ကူးမိပါတယ် ။ Sunday ဖြစ်ပေမယ့် အိမ်စောင့်ကျတဲ့ B Pyae တယောက် ကိုယ့်အလှည့်ကျ ပျင်းနေအောင် အိမ်စောင့်ရတော့တာပါ ။

တအိမ်လုံးပြင်ဦးလွင်ကို သွားကြတော့ B Pyae နဲ့ သားသမီးတွေ အိမ်မှာသောင်းကျန်းတော့တာပေါ့လေ ။ သောင်းကျန်းလွန်ပြီး တကောင်က B Pyae ပန်းနာနတ်ပင်နဲ့ထိမိလို့  အော်ပြေးတော့တာ ခုံအောက်ကကိုထွက်မလာတော့ဘူးလေ ။

ပန်းနာနတ်ပင်က ဆူးတွေနဲ့တော့ သွားတိုးမိတာ နာရှာမှာပေါ့လေ ။ ခွေးကိုပြေးကြည့်ပြီး အပင်ကိုလဲပြန်ကြည့်ရသေးတာ ။ အပင်က အဖူးလေးဖူးနေပြီ ။ သူအဖူးကြီးလာရင် ချစ်စရာလေးဆိုတော့ ကြွေသွားပြီလားစိုးရိမ်ရသေးတာ ။

received_934038763442641.jpeg

ပြင်ဦးလွင်ကို ခေါ်သွားဆိုတော့လဲမခေါ် ထားခဲ့ပြီးစိတ်မချဖြစ်နေတဲ့ခွေးသခင်ကလဲတမျိုးပါ ။ B Pyae အမပေါ့ သူ့ ခွေးကိုထားခဲ့ပြီး ဖုန်းခနခနဆက်မေးနေတာ ကောင်းကောင်းကို မနေရဘူး ခနခနဖြေနေရတယ် ။

သူရိုက်ထားတဲ့သူ့ ပုံကို သူ့ ခွေးပြလိုက်အုံးဆိုပြီး cb ကနေ ပုံပို့ သေးတာ ။ ကိုယ့်ထက်ဆိုးနေတယ်သူက ။ သူ့ ခွေးကိုပြတော့လဲ အဟုတ်သား ဖုန်းကိုကြည့်ပြီး သူ့ သခင်မှန်းလဲသိရော ဖုန်းကို လျှာနဲ့လျက်ပြီး အာဘွားတွေပေးနေတယ် ။ B Pyae သားသမီးတွေနဲ့များကွာပါ့ ။

IMG20180721103531.jpg

ကိုယ့်ကောင်တွေက ရေခဲမုန့် သည်လာရင်သာ ဝိုင်းအုံခေါ်အော်ကြတာ ။ ဒါမျိုးတွေကျ မတတ် သင်မရဘူး ပြောရင်းစိတ်တိုလာပါပြီ ။ အော်မယ် ငေါက်မယ်ဆို သူတို့ က အရင် စိတ်ကောက်ပြီး ကျွေးတဲ့အစာတောင် ထပြီး မစားကြဘူး ။ အတော်ဆိုးပါတယ် B Pyae လဲလေ ။

IMG_20180721_211958.jpg

စတီးမစ်ပိုစ်လဲ ရေးလို့ ရပြီ အကြံပေါက်ပြီး ရေးတင်လိုက်ပါတယ် ။ MSC မှ အကိုအမများ နဲ့ အားလုံးဘဲ မင်္ဂလာပါရှင် ။

@pyaesonekhinkhin

MSC 021

Sort:  

ခွေးလေးချစ်စရာလေး။လူလည်းလှပါတယ်ဗျ။

thank you bro

Up :)

What do you do ?

Nothing Special :)

ဒီခွေးလေး အတော် ဆိုးတယ်ပေါ့။ ငါ့ဆီပို့လိုက် ။

ဟိ ပို့ မယ်လေ

ဟုတ်သားပဲ သမီးရယ်
အာဝုလေးက ချစ်စရာကောင်းလိုက်တာ

ဟုတယ်ဖွားချစ်ရေ

ပုံထဲကကောင်မလေးက ချစ်စရာလေးနော် ဘူလေးလဲ

ဟွင့် B)

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68331.57
ETH 2650.11
USDT 1.00
SBD 2.69