No Return of the Rivers ပြန်မလာသောမြစ်များ အပိုင်း (၂)

in #myanmar6 years ago (edited)

image
မောင့်ကိုလွမ်းတိုင်း ကျွန်မတာဝန်ကျနေသည့် ကလေးတက္ကသိုလ်မှနေ၍ မကွေးသို့ လာကာ မောင့်ခြေရာများကို ကောက်တတ်သည်။နေရာဟောင်းဆိုသည်မှာ ကျန်ရစ်သူအဖို့ နှလုံးသည်းခြေပျက်မျှခံစားရသော အရပ်ဖြစ်သော်လည်း ကျွန်မ မလာဘဲမနေနိုင်ပါ။ကျွန်မက ရုပ်သိပ်မချောလှ။အသားညိုပြီး ၀တ်ပုံစားပုံကအစ အချိုးမကျလှပေ။တွေ့ ရာလုံချည်နှင့် တွေ့ ကရာအင်္ကျီကို လိုက်ဖက်သည် မလိုက်ဖက်သည်မသိ ဖြစ်သလိုတွဲဝတ်တတ်သည်။ဆံပင်နည်းနည်းရှည်လာလျှင်ပင်စိတ်အိုက်တတ်သော ကျွန်မသည် မောင်ဆံပင်ရှည်ချန်ခိုင်းသည်နှင့် မငြည်းမငြူပင် အရှည်ထားခဲ့လေသည်။မောင်က ကျွန်မအပျော်အပါးမက်လှသည်ကိုလည်း မကြိုက်ပါ။ပျော်ပွဲရွှင်ပွဲ သွားချင်ကြောင်းပြောလျှင် စိတ်ကောက်တတ်သည်။ကျွန်မယောကျာ်းလေးအပေါင်းအသင်းများနှင့် စကားပြောလျှင်လည်း လွန်စွာသ၀န်တိုလှသည်။မောင့်ကိုချစ်သည့်စိတ်ဖြင့် ကျွန်မအစစအရာရာ မောင့်အလိုအတိုင်းဖြစ်အောင် နေခဲ့သည်ချည်းပင်။ရုပ်ချောလွန်းလှသောမောင်က အ၀တ်အစားဝတ်လျှင်ပင် စမတ်ကျကာ သားနားနေတတ်သည်။
တတိယနှစ်ဖြေဆိုအပြီးတွင် ကျွန်မက မဟာတန်းတက်ခွင့်ရပြီး မောင်ကတော့ ရိုးရိုးအောင်ကာ သူ့ မြို့ လေးက စီးပွားရေးဘဏ်တွင် အလုပ်ရသွားခဲ့သည်။အလုပ်အားသော စနေတနင်္ဂတိုင်း မောင်က ကျွန်မရှိရာမကွေးသို့ လာတွေ့ တတ်လေသည်။မောင့်သတင်းကို မောင်အလုပ်ထဲရောက်ပြီး ၂လအကြာတွင် ကျွန်မဆီရောက်လာခဲ့ခြင်းဖြစ်သည်။ကြားကာစက ကျွန်မမယုံခဲ့ပါ။မလိုသူတွေ၏ကြားစကားဟုသာ စိတ်တွင်တွေးမိသည်။သို့ သော် သတင်းကြားပြီး တစ်လအကြာတွင် မောင်ကျွန်မဆီလာလည်မှုများ ကျဲပါးလာခဲ့သည်။အစက တစ်လတွင် ၄ခါလာရာမှ နောက်ပိုင်းတွင် တစ်လ၂ခါသာ လာတော့လေသည်။ကျွန်မမောင့်ကိုဖွင့်မမေးရဲပါ။မောင့်နှုတ်ဖျားမှနေ၍ ဟုတ်တယ် မောင် နောက်တစ်ယောက်နဲ့ တွဲနေတယ်ဟု ဖြေလိုက်မှာကိုကြောက်သည်။မောင့်အရိပ်အကဲကိုကြည့်ရင်း မောင့်ရှေ့ တွင်မငိုမိအောင်ထိန်းချုပ်ရင်း ဖွင့်မမေးရက်ပဲ မြိုသိပ်ရင်းမှ ကျွန်မ မဟာဝိဇ္ဇာတန်းနောက်ဆုံးနှစ် ရောက်လာခဲ့သည်။
image

မှတ်မှတ်ရရ ထိုနေ့ က မောင်ကျွန်မဆီလာတွေ့ သောနောက်ဆုံးနေ့ ဖြစ်ပြီး ကျွန်မအတန်းတင်စာမေးပွဲဖြေရန် ၂လအလိုတွင်ဖြစ်သည်။တစ်ချိန်တွင် ဤကဲ့သို့ သောအဖြစ်မျိုး မလွဲမသွေရင်ဆိုင်ရလိမ့်မည်ဟု တွေးထားခဲ့သော်လည်း တစ်ကယ့်တစ်ကယ်ရင်ဆိုင်ရတော့ ကျွန်မတုန်လှုပ်ချောက်ခြားခဲ့ရပါသည်။ထိုနေ့ က စနေနေ့ ဖြစ်ပြီး မောင်ကျွန်မဆီလာတွေ့ ခဲ့သည်။ကျွန်မနှင့်မောင် ခြံထဲကဒါန်းပြာလေးပေါ်တွင် ထိုင်နေချိန်မှာ မောင့်ဆီသို့ ဖုန်းဝင်လာခဲ့ခြင်းပင်။မောင်က ခြံဝသို့ ထွက်၍ ၁၅မိနစ်လောက်ဖုန်းပြောပြီး ကျွန်မဆီလျှောက်လာသည်။ချစ် ကိုယ့်မြို့ ကအမျိုးတွေလာလို့ အဲဒါမြသလွန်ဘုရားလိုက်ပို့ ခိုင်းလို့ မောင်လိုက်ပို့ လိုက်အုံးမယ်နော်။ကျွန်မ ဘာမှမတွေးဘဲ ရှောရှောရှုရှုပင် ခေါင်းငြိမ့်ခဲ့သည်။ပြီးမှပြန်တွေးမိတာက အဲ့နေ့ ကသာ မောင်သွားဖို့ ငြင်းခိုင်းခဲ့မည်ဆိုလျှင် မောင်နှင့်ကျွန်မလမ်းခွဲမည့်အချိန်က ဒိထက်တော့ နောက်ကျကောင်းနောက်ကျပေလိမ့်မည်။

မောင်ထွက်သွားပြီးခနနေတော့ ပွဲရုံမှ ဖုန်းဆက်သည်။အိမ်က ပိုက်ဆံပို့ လိုက်သည်ဆိုသဖြင့် ကျွန်မ အရှေ့ ကုန်းသို့ တစ်ကိုယ်တည်းလာခဲ့လေသည်။ကံဆိုးသည်ဟုပင်ပြောရမည်။ပွဲရုံမှပြန်အဆင်းတွင် ကျွန်မအအေးသောက်ချင်လာ၍ foreverသို့ ဝင်ခဲ့လိုက်သည်။ထိုစဉ်မှာပင် မောင်နှင့်ထိုအမျိုးသမီးကို တွေ့ ရခြင်းပင်။မောင့်ကိုကျွန်မက အရင်မြင်ခဲ့သည်မို့ ကျွန်မမျက်နှာပျက်ယွင်းသွားမှုကို မောင်မတွေ့ လိုက်။ကျွန်မ ပြင်ဆင်ပြီးချိန်မှ မောင်က ကျွန်မကိုမြင်သွားခဲ့သည်။ကျွန်မ၏ခြေလှမ်းများက ကျွန်မသတိမထားမိခဲ့စဉ်မှာပင် မောင်တို့ ဝိုင်းသို့ ဦးတည်သွားခဲ့လေသည်။မောင်၏လုပ်ဖော်ကိုင်ဖက် မောင့်ထက်အသက်နည်းနည်းကြီးသည်ဟူသော ထိုအမျိုးသမီးသည် မောင့်ထက်ကြီးသည်ဟု မထင်ရလောက်အောင် နုပျိုကာ ကျွန်မထက်လည်း အပုံကြီးလှပါသည်။ကျွန်မမောင်တို့ ဝိုင်းရှေ့ ရပ်လိုက်တော့ မောင်က ကျွန်မကို တောင်းပန်ကြည့်ဖြင့် ခခယယကြည့်နေသလောက် ပါးနပ်ပုံရသော ထိုအမျိုးသမီးကတော့ နည်းနည်းမှကြောင်မသွားပါ။ထိုင်လေညီမ ကိုဖြိုးသူငယ်ချင်းထင်တယ်။မမနဲ့ တော့မသိဘူးနော။တစ်ကယ်ဆိုကျွန်မနဲ့ မောင်ချစ်သူတွေဆိုတာ ထိုအမျိုးသမီးလည်း သိပြီးဖြစ်မှာပါ။ကျွန်မသံပုရာရည်တစ်ခွက်မှာလိုက်၏။ကျွန်မ စကားစဖို့ အားယူလိုက်စဉ်မှာပင် ထိုအမျိုးသမီး၏ နှုတ်ဖျားမှ အသံဆက်လက်ထွက်ပေါ်လာသည်။ကိုဖြိုးကကြည့်အုံး ဒီလောက်လှပြီး ချစ်စရာကောင်းတဲ့ သူငယ်ချင်းရှိမှန်းမမကို ပြောမထားဘူး။မမတို့ မင်္ဂလာဆောင်ကြရင် လာဖြစ်အောင်လာရမယ်နော် မမနာမည်က။သိပါတယ် မမ ချိုလွင်လွင်မဟုတ်လား ဖြိုးပြောဖူးပါတယ်။မောင်က ကျွန်မထိုအမျိုးသမီး နာမည်သိနေခြင်းကို အံ့သြမှင်တက်စွာကြည့်နေလေသည်။အသားအတော်ကြီးဖြူကာ လှပသော မျက်ဝန်းများက မောင့်ကိုညို့ ယူနိုင်စွမ်းရှိပုံပေါ်သည်။ကျွန်မမောင့်ကို ကလိလိုက်သည်။ဖြိုးနင့်မှာ ဒီလောက်လှတဲ့ ချစ်သူမမတစ်ယောက်ရှိပြီး မကြာခင်လက်ထပ်တော့မယ်ဆိုတာ ဘာလို့ ငါ့ကိုမပြောတာလဲ။
သျိုတယ်နော် ကျွန်းမပြုံးစစဖြင့်ပြောနေသလောက် မောင့်မျက်ဝန်းများမှာတုန်လှုပ်ခြောက်ခြားနေပြီး နှုတ်ခမ်းများလည်း တုန်ယင်နေသည်။ဟင်းဟင်းဟင်း ထိုအမျိုးသမီး၏ရယ်သံခပ်လွင်လွင်ကလေးထွက်ပေါ်လာသည်။ကိုဖြိုးကအာ့လိုပဲညီမရေ သူ့ အကြောင်းကိုမမအသိဆုံး။ရယ်မောကာ ပြောနေသော ထိုအမျိုးသမီးမျက်ဝန်းထဲတွင် အောင်နိုင်သော အပြုံးမျိုး ပြုံးနေသည်ကို မိန်းကလေးခြင်းမို့ ကျွန်မက ပိုသိပါသည်။မောင်နှင့် ၃နှစ်ကျော်တွဲလာခဲ့သည့် ကျွန်မလောက် ဘယ်လောက်ပိုသိမှာမို့ လို့ လဲ။ပျက်ယွင်းနေသော မောင့်မျက်နှာကိုကြည့်ကာ ကျွန်မထရပ်လိုက်သည်။ကျွန်မသွားသင့်ပြီလေ။နှုတ်ဆက်ကာ ပြုံးပြခဲ့သမျှ အိမ်အပြန်လမ်းရောက်မှ ကျွန်မမျက်ရည်တွေ တသွင်သွင်စီးလာခဲ့သည်။ထိုနေ့ ညက မောင်၉နာရီကျော်မှ အိမ်ပြန်လာပြီး ကျွန်မမျက်နှာကို ကြာမြင့်စွာကြည့်ရင်း စကားတစ်ခွန်းဆိုသည်။ချစ် သိပ်ဟန်ဆောင်ကောင်းတာပဲနော်။မောင်လေချစ်ကို ကျေးဇူးလည်းတင်တယ် အားလည်းနာတယ်။အားလုံးကမောင့်အမှားပါချစ်။အလုပ်အတူတွဲလုပ်ရင်း အနေနီးစပ်မှုကို မောင်မရှောင်နိုင်ခဲ့တာပါ။အခုတော့ မောင်နဲ့ သူက ရှင်းရှင်းလင်းလင်းအခြေအနေ မဟုတ်တော့ဘူး။ကျွန်မ အံ့သြမှင်တက်စွာပင် မောင့်ကိုငေးကြည့်နေမိသည်။ကျွန်မချစ်ခဲ့ မြတ်နိုးခဲ့သောမောင်က ဒီလိုလွယ်လွယ်နဲ့ ယိမ်းယိုင်လွယ်တတ်ခဲ့သူတစ်ယောက်လား။မောင်က ကျွန်မလက်ကို ဆုတ်ကိုင်လိုက်ရင်း သူ့ ပါးပေါ်တင်လိုက်သည်။မောင့်ကိုကြိုက်သလိုသာအပြစ်ပေးပါနော် ရိုက်လိုက်ပါ။ကျွန်မလက်ကို ရုန်းလိုက်ရင်း ပြုံးလိုက်မိသည်။ချစ်ခွင့်လွှတ်ပါတယ်မောင်။မောင့်ကိုမမုန်းပါဘူး။မောင်သွားပါ သာယာပျော်ရွှင်တဲ့ဘ၀ကို အေးအေးချမ်းချမ်းနဲ့ သာ တည်ဆောက်ပါတော့မောင်။အဲ့သည့်နေ့ က ထွက်ခွါသွားသော မောင့်ကျောပြင်ကို မျက်ရည်များကြားမှ မှုန်ဝါးဝါး နောက်ဆုံးမြင်လိုက်ရခြင်းပင်ဖြစ်လေသည်။နောက် ၃လလောက်ကြာတော့ သတင်းစာထဲတွင် လက်ထပ်ပြီးစီးခြင်းသတင်းပါလာခဲ့သည်။သတင်းစာကို မြင်စဉ်က ကျွန်မ တက္ကသိုလ်ဘာသာရပ်နည်းပြ ရာထူးအတွက် အင်တာဗျူးဖြေနေသည့် နေ့ တွင်ပင်ဖြစ်သည်။လူပေါင်းများစွာရှေ့ တွင် ကျွန်မမျက်ရည် မကျခဲ့ပါ။၃နှစ်ဆိုသောအချိန်မှာ သာမန်လူတစ်ဦးအတွက် တိုတောင်းလှသော အချိန်ကာလတစ်ခုဖြစ်သော်လည်း မောင့်ကို မေ့မရစွာ တမ်းတနေမိသော ကျွန်မအဖို့ ကြာမြင့်လှပေဦးမည်​.......
ဆက်​ပါဦးမည်​.......
image

@pyaesone101

MSC - 023

credit Photo from Google

Sort:  

ဘာလိုလိုနဲ့ အပိုင်း(၂)တောင်ရောက်လာပြီကောဗျာ...

ဟဲ ဟဲ.....

သင်္ကြန်နားနီးလာတော့ အလွမ်းတွေလည်း တိုးလာကြတယ် ။ အားပေးခဲ့ပါတယ်ရှင်။

အလွမ်းသမားလေးတစ်ယောက်မလို့ပါ

တကယ်ပဲ ၀တ္ထုကြီးတစ်ပုဒ် ရေးတော့မှာလား။

အနည်းကျင်း​လေးပါဗျဲာဲဟဟ

လွမ်းကွာ လွမ်းလွမ်း လွမ်းချင်သလောက်သာလွမ်း vote ခဲ့ပြီ

ချစ် ချစ်က လွမ်းလို့တဲ့ စာမုပို့ပေးထားတာ ဟဲ ဟဲ

လွမ်း ​နေပါတယ်​ဆို ဟင့်​ 😢

အလွမ်းသမားလေးတစ်ယောက်မလို့ပါ

အကြိုက်​သာလွမ်းဗျာ vote မယ်

အလွမ်းသမားလေးတစ်ယောက်မလို့ပါ

လွမ်းနိုင်​လွန်းသူရယ်

လွမ်းပါရ​စေဗျာ😭😭😭

ကိုယ်လည်းဝင်လွမ်းသွားတယ်လိုစ့်😊

ဖတ်လို့ကောင်းတယ်ဗျာ

ကျေးဇူးပါ ကိုမြင့်​​ရေ

လွမ်းလို့ကောင်း😊

အလွမ်းသမားလေးတစ်ယောက်မလို့ပါ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56681.24
ETH 3016.79
USDT 1.00
SBD 2.28