လွမ်းစေတီ (ဇာတ်သိမ်းပိုင်း)
"သားကျော်ဆွေ မှောင်လှချည်လားသားရယ်"
အမေ့အသံကြောင့် အိမ်ရောက်မှန်း သတိထား
လိုက်မိသည်။
"ခက်လာမယ်ဆိုလို့ လွမ်းစေတီကနေ
စောင့်နေတာအမေ ခက်က အခုထိမလာဘူး"
ဒေါ်မြမြက သက်ပျင်းချလိုက်ရင်း သားသိမယ်
ထင်နေတာ ခက်တို့ မိသားစု ဒီမနက်ကပဲ
နယ်ပြောင်းသွားကြပြီလေ။"ဗျာ ......."
ပျက်ယွင်းသွားသောမျက်နှာနှင့် အိမ်ထဲသို့ 
ဝင်သွားသော သားကိုကြည့်ကာ ဒေါ်မြမြ
စိတ်မကောင်း။သားနှင့် ခက်ဆိုသော ကလေးမ
လေး၏သံယောစဉ်ကို မိခင်ဖြစ်သောမိမိက အသိဆုံး။သို့သော် ဘ၀ချင်းက ကွာခြားလှသည်လေ ။တစ်နေ့ တော့ သားစိတ်ထဲက ဒဏ်ရာတွေ ပျောက်သွားမှာပါလေ။
လွမ်းစေတီဘုရားကုန်းပေါ်တွင် ကြွေကျနေသော သစ်ရွက်များကိုကောက်ကာ ခက်နာမည်ကို ရေးနေမိသည်။ ကြာခဲ့ပေပြီ။ ခက်သူ့ ဘ၀ထဲကထွက်သွားခဲ့သည်မှာ သုံးနှစ်သုံးမိုးရှိခဲ့ပြီ။ဆယ်တန်းကို
နှစ်ယောက်စလုံး ကောင်းမွန်စွာအောင်မြင်ခဲ့သည်။ဆယ်တန်းအောင်သည့်နေ့ က ခက်ရောက်လာလေမလားဟု မျှော်လင့်ကာ လွမ်းစေတီကုန်းပေါ်တွင် နေ၀င်သည်အထိ စောင့်နေမိသည်။
သို့သော်ခက်ရောက်မလာခဲ့။ဘယ်ကိုပြောင်းသွားသည်ဟုလည်း မသိ။၃နှစ်လုံး စာလေးတစ်စောင်မျှပင် ရောက်မလာခဲ့ပါ။ကျော်ဆွေပင် ဦးကျော်ဆွေဘ၀သို့ ရောက်ကာ ကျောင်းဆရာလေး
တစ်ယောက် ဖြစ်နေပေပြီ။အချိန်တွေကုန်လွန်ခဲ့
သော်လည်း ခက်ကို တစ်နေ့ မှမေ့မရခဲ့ပေ။ခက်ပြန်လာမည်ဟု မသေချာသော်လည်း တစ်နေ့တော့
ပြန်လာနိုးနိုးဟူသည့် ခံစားချက်ဖြင့် ညနေကျောင်းဆင်းတိုင်း လွမ်းစေတီကို မပျက်မကွက် အရောက်လာပြီး မိုးချုပ်သည်အထိ စောင့်နေတတ်သည်။
ဒီနေ့ လည်းနေ၀င်သွားပေပြီ။
သို့သော်ခက်ရောက်မလာခဲ့။ဘယ်ကိုပြောင်းသွားသည်ဟုလည်း မသိ။၃နှစ်လုံး စာလေးတစ်စောင်မျှပင် ရောက်မလာခဲ့ပါ။ကျော်ဆွေပင် ဦးကျော်ဆွေဘ၀သို့ ရောက်ကာ ကျောင်းဆရာလေး
တစ်ယောက် ဖြစ်နေပေပြီ။အချိန်တွေကုန်လွန်ခဲ့
သော်လည်း ခက်ကို တစ်နေ့ မှမေ့မရခဲ့ပေ။ခက်ပြန်လာမည်ဟု မသေချာသော်လည်း တစ်နေ့တော့
ပြန်လာနိုးနိုးဟူသည့် ခံစားချက်ဖြင့် ညနေကျောင်းဆင်းတိုင်း လွမ်းစေတီကို မပျက်မကွက် အရောက်လာပြီး မိုးချုပ်သည်အထိ စောင့်နေတတ်သည်။
ဒီနေ့ လည်းနေ၀င်သွားပေပြီ။
ဖိနပ်ကလေးကို ကောက်စီးကာ လွမ်းစေတီကုန်း
ပေါ်မှ ဆင်းလာခဲ့သည်။
"အား. ...."
ရုတ်တရက် ခြေမတွင် ဆစ်ကနဲဖြစ်သွားသည်။
ကျော်ဆွေငုံ့ ကြည့်လိုက်တော့ မြွေပွေးတစ်ကောင် ဘေးမှခြုံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား
လေ၏။ အားတင်းကာ ဆက်လှမ်းသော်လည်း
ခေါက်ခနဲလဲကျသွားသည်။တဖြည်းဖြည်းနှင့် မူးဝေလေးလံလာကာ လောကတစ်ခွင်လုံး
အမှောင်တိကျသွားသည်။ဘုရားကုန်းပေါ်တွင်
သစ်ရွက်များ တဖြောက်ဖြောက် ကြွေကျနေကာ ဆည်းလည်းသံတချွင်ချွင် ထွက်ပေါ်နေသည်။
မြင်ကွင်းတွင် မိမိနှင့်ခက်၏ရုပ်ပုံများ ပေါ်လာ
သည်။
"ဟဲ့ကျော်ဆွေ ငါ့ကို စောင့်အုံး ရော့ရော့ ငါ့လက်ကိုလှမ်းဆွဲလိုက်"
"ငါနင့်ကို ချစ်တယ်ခက်"
ခက်ကပြုံးရင်း မိမိရင်ခွင်အတွင်းသို့ တိုးဝင်လာ
သည်။
"ငါလည်း နင့်ကိုချစ်တယ်ကျော်ဆွေ"
ကျော်ဆွေမျက်နှာလေးတဖြည်းဖြည်း ပြုံးလာ
သည်။ထို့ နောက် တစ်လောကလုံးမှောင်သွားလေသည်။
"အန်တီမြ အန်တီမြ"
" ဟဲ့ ဘယ်သူတုန်း"
ဒေါ်မြမြ ရွေးနေသော ဆန်ဗန်းကို ချကာ အိမ်ရှေ့ ထွက်လာခဲ့သည်။ ဆံပင်အတော်ရှည်မည့် မိန်းက
လေးတစ်ယောက် ဒေါ်မြမြ သေချာကြည့်လိုက်
သည်။
"အန်တီ သမီးပါ ခက်လေ
ကျော်ဆွေဘယ်မှာလဲဟင် သမီးသူနဲ့တွေ့ချင်လွန်းလို့ ဒီရွာကို တာဝန်ကျအောင် လျှောက်ခဲ့တာ
သမီးခု ကျောင်းဆရာမဖြစ်နေပြီ
သူဘယ်မှာလဲဟင်"
ဒေါ်မြမြ မျက်ဝန်းမှ မျက်ရည်များ စီးကျလာကာ
ခက်ကို ဖက်ထားလိုက်သည်။
ခက်မမောမပန်းပြေးနေသည်။မတ်စောက်သော
တောင်ကို တက်နေသည်ဟုမတွေး။ ခြေမတွင်
ကျောက်ခဲများနှင့် တိုက်မိကာ သွေးချင်းချင်းနီနေ
သော်လည်း ဂရုမစိုက်။ ရောက်ပါပြီတောင်ထိပ်ကို။ အုတ်ဂူဖြူဖြူလေးက မျက်လုံးရှေ့တွင်စီးကြိုလျက်။
"မောင်ကျော်ဆွေ "
"အသက် ၂၁ နှစ်"
"၁၄ရက် ၂လ ၂၀၁၈တွင်ကွယ်လွန်သည်"
ခက်အုတ်ဂူရှေ့တွင် ပုံကျသွားသည်။
"ငါ့ကို စောင့်ရင်း သေသွားတယ်တဲ့လား ကျော်ဆွေရယ်။ ငါလာဖို့ ကြိုးစားခဲ့ပေမယ့် အဖေက ခွင့်မပြုခဲ့ဘူး။ဒါကြောင့် ငါမလာနိုင်ခဲ့တာပါဟာ
ငါကျောင်းဆရာမ ဖြစ်အောင်လုပ်ပြီး အဖေ့ကို
မရရအောင်ခွင့်တောင်းတယ်။နောက်ဆုံးတော့
ဒီရွာကလေးမှာတာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုချက်
ရရခြင်း ငါပြေးလာခဲ့တာ ကျော်ဆွေ
ဒါပေမယ့် ငါနောက်ကျခဲ့ပြီပဲ။
ငါနင့်ကို ချစ်တယ်ကျော်ဆွေ။ ငါနင့်ကို အရမ်းချစ်တယ် ကျော်ဆွေရဲ့ ....."
ခက်၏ ရှိုက်သံက ခပ်တိုးတိုးထွက်ပေါ်နေလေ
သည်။
လအနည်းငယ်အကြာတွင် မြိုင်ရွာကလေးတွင်ရှိ
သော လွမ်းစေတီကုန်းပေါ်၌ မိန်းမပျိုလေးတစ်
ယောက်ကို တွေ့ ကြရ၏။ ထိုမိန်းကလေးသည်
ရံဖန်ရံခါတွင် သစ်ရွက်ကြွေများကောက်ကာ
နာမည်ရေးနေတတ်သည်။ တစ်ခါတစ်လေကျ
ခဲလုံးကိုကောက်ကာ ခြောက်ထဲပစ်ချနေတတ်ပြန်သည်။တစ်ခါတစ်ရံတွင်အုတ်ဂူဖြူဖြူလေးဘေးတွင် ထိုင်ကာ စကားပြောနေတတ်သည်။ တစ်ခါတစ်
လေကြပြန်တော့ တောင်ကုန်းထိပ်မှနေ၍ အဝေးမှ
မြူဆိုင်းနေသော ရှုခင်းများကို လွမ်းမောစွာငေးနေတတ်ပြန်သည်။ထိုမိန်းကလေးကား အခြားမဟုတ်။ မြိုင်ရွာတစ်ရွာလုံးမှ ချစ်ခင်လေးစား အားထားရ
သော ကလေးများ၏ ပညာရေးကို မြှင့်တင်ပေးနေသည့် ကျောင်းဆရာမလေး ခက် ပင်တည်း။
လွမ်းစေတီကုန်းပေါ်တွင် သစ်ရွက်ကြွေများ တရှဲရှဲ ကြွေကျနေသည်။ လေအဝှေ့ တွင် ဆည်းလည်းသံ တချွင်ချွင်ကလဲ လှုပ်ခတ်နေလေတော့သည်။
Author by Pyae Sone Aung
MSC - 023
Credit photo from Google
အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပြီကွယ်။
😢😢😢😢😭😭
Thanks
သစ်ရွက်ကြွေသံမိုက်တယ် တရှဲရှဲ တဲ့:-) :-) :-) စတာနော်
ပိုပီးအသက်ဝင်အောငလု့ပါဗဲာဟ
Thanks
စိတ်မကောင်းပါဘူးကွယ်
နိုနဲ့နော် တိတ်တော့
အလွမ်းဇာတ်သိမ်းကြီးလားကွာ
အွန်း အလွမ်းသမားလေးပါလို့
စိတ်မကောင်းပါဘူး
နိုချင်နေတာနော်
အဆင်ပြေမလားဆိုပီး မျှောလင့်နေ၇ာကနေ သူမက ထားသွားတော့ သူ့ခမျာ မျှော်နေ၇ှာတယ် စိတ်မကောင်းဘူးဗိာ
အကနုပေးထားတဲ့ ဘုတ်နည်းက တော်တော်အဆင်ပြေတယ်ဗျ စမ်းကြည့်တာတော့
so sad..
So sad story
လွမ်းစရာတွေပါလား။
ုတ္တ္ကြီးေ၇ယဟ
လွမ်းစ၇ာတွေ ဆိုတာထက် တကယ်ကြေကဲာနေတာကိုးဗျ တော်တ်ေခံစား၇တယ်ဗျာ
အလွမ်းဓာတ်ခံတော်တော်ရှိပုံရတယ်။
ကျေကွဲနေတာပါဆို
လွမ်းပါတယ်ကွယ်
me too