လောဘစိတ်

in #myanmar6 years ago

image
လူသားတို့သည်​ ​လောဘ၊ ​ဒေါသ ၊ ​မောဟ စသည့်​ခံစားချက်​ သုံးချက်​ဖြင့်​ ဖွဲ့စည်းထားသည်​။ စိတ်​၏ ခံစားမှုသည်​ လူတစ်​​ယောက်​အတွက်​ အလွန်​ပင်​ အ​ရေးပါသည်​။လူတစ်​​ယောက်​ကို ခံစားချက်​အမျိုးမျိုး​ပေါ်​အောင်​ ထိန်းချုပ်​နိုင်​စွမ်းရှိသည်​။ ​ပျော်​​စေချင်​ရင်​ ​ပျော်​သ​ယောင်​၊ ​ဒေါသထွက်​သ​ယောင်​၊ ​လောဘကြီးသ​ယောင်​ စသည်​ဖြင့်​ အမျိုးမျိုးဖြစ်​​ပေါ်​​စေသည်​...ထို့အပြင်​ လူတစ်​​ယောက်​လုံးကို ဘ၀ပျက်​သွားနိုင်​​အောင်​​လောက်​ထိ ကျရှုံးသွားနိုင်​​အောင်​​လောက်​ထိ ပြုလုပ်​နိုင်​သည့်​ အရားကား ​လောဘပင်​ဖြစ်​​ပေသည်​......

လောဘကြီးပီး စိတ်​မထိန်းနိုင်​သည့်​ အတွက်​ မိမိမှာ ရှိသမျှ အရားအားလုံးပင်​ ဆုံးရှုံးနိုင်​သည်​။ ​လောဘကို မထိန်းသိမ်းနိုင်​သည့်​ လူအချို့အတွက်​ကား ​လောင်းကစား၊သုံးလုံး ၊ နှစ်လုံး စသည်​တို့ မလုပ်​သင့်​​ပေ...ဘ၀တစ်​ခုလုံးကို အမြစ်​ပါမကျန်​ ပျက်​စီးသွား​အောင်​ လုပ်​နိုင်​သည်​။ ဥပမာ​ပြောရမည်​ဆိုလျှင်​ ကျ​နော်​မှာ အရမ်းခင်​ရသည့်​ သူငယ်​ချင်းတစ်​​ယောက်​ရှိတယ်​။ သူဟာ ​လောင်းကစားဆို အလွန်​ပင်​ ဝါသနာပါသူ တစ်​​ယောက်​ဖြစ်​သည်​။ ​ဘောလုံးပွဲ ​လောင်းတာ အလွန်​အကျွံ ​လောင်းတယ်​။ နိုင်​သည့်​​နေ့ နိုင်​​ပေါ့။ ရှုံသည့်​​နေ့ ငို​ပေါ့ဗျာ။ နိုင်တဲ့အခါကြ​တော့ နိုင်​တာ​လေးနဲ့ ​သောက်​စားပလိုက်​​ပေါ့။ ဒီလိုနဲ့ အ​လောင်းစားကို ပြင်းပြင်းထန်​ထန်​ လုပ်​​နေရာမှာ သူ့မှာ ရှိသမျှ ပစ္စည်းအားလုံး အ​ပေါင်​ဆို​င်​​ရောက်​ကုန်​၊ ပြန်​လည်းမ​ရွေးနိုင်​​တော့ဘူး​လေ....ကျ​နော်​လည်း သူ့အတွက်​ စိတ်​မ​ကောင်းဖြစ်​ရုံမှတစ်​ပါး မတတ်​နိင်​​ပေ....အခု​တော့ ​နောင်​တရပီး ဘယ်​​တော့မှ ​လောင်းကစားမလုပ်​​တော့ပါဘူးကတိ​ပေးပြီး အလုပ်​ကြိုးစား​နေသူတစ်​​ယောက်​ အဖြစ်​ ရပ်​တည်​သွားနိင်​ခဲ့​လေသည်​....
image
ဒါအပြင်​ ကျ​နော်​လည်း အွန်​လိုင်းက အန်​စာတုံးတစ်​ခုကို​လေ့လာ​နေရင်း စိတ်​၀င်​စားကာ ​ဆော့ကြည့်​မိတယ်​...မကြာပါဘူးဗျာ ကျ​နော်​လိုင်း​ပေါ်ကရတဲ့ ပိုက်​ပိုက်​​လေး​တွေ ​ပြောင်​ကုန်​ပါ​ရောဗျာ ....​ပြောရင်းဆိုရင်း နှ​မြောမိလို့ ငို​တောင်​ငိုချင်​လာပီဗျာ....ဗြဲ....အခု​တော့ ကျ​နော်​လည်း တတ်​နိုင်​သ​လောက်​မလုပ်​ဖြစ်​ဖို့ ဆုံးဖြတ်​ထားလိုက်​ပါပီ..ရတာထက်​ ကုန်​တာပဲများ​နေတဲ့​လောင်းကစားတွကို အမှန်​တကယ်​ စိတ်​ကုန်​​နေပါပီ.....လွယ်​လွယ်​ရသည့်​အရာကား တန်ဖိုးမရှိသလို မြဲလည်းမမြဲ​ပေ..​လောဘကို ထိန်းသိမ်းနိုင်​သည့်​လူကား အလွန်​ပင်​ ရှား​ပေသည်​။ ​လောဘ​ကြောင့်​ ဘ၀ပျက်​ ပျက်​ဆီး​နေသူအများပြားရှိရာ ထိုသူများထဲ၌ မိမိတို့၊ သူယ်​ချင်းတို့၊ စာဖတ်​သူတို့လည်း မပါဖြစ်​​အောင်​ကြိုးစားကြပါ။ ရိုးရိုးသားသား ရှာ​ဖွေစု​ဆောင်းတတ်​​အောင်​ ကျင့်​ကြံကြပါ။ အလွယ်​လမ်းကို မလိုက်​မိ​အောင်​ ကြိုးစားကြပါဗျာ။ လွယ်​လွယ်​ရသာ အရာကား အလွယ်​ရသလို အလွယ်​ပင်​ ပျက်​ဆီးသွားတတ်​သည်​။ ​လောဘစိတ်​ကို တည်​ငြိမ်​​အောင်​ ကြိုးစားနိုင်​ပါ​စေလို့ ဆန္ဒပြုလိုက်​ပါတယ်​ဗျာ.......

Author>>>>>@pyaesone101

MSC - 023

Credit Photo from Google

Sort:  

လောဘ၊ဒေါသ၊မောဟ တို့ကို ထိန်းနိုင်ရင်အကောင်းဆုံးပေါ့ဗျာ

အမှန်​​ပေါ့ဗျာ

ဘ၀တိုးတက်ဖို့ကြိုးပမ်းကြရင်းလောဘဖက်ရောက်မသွားအောင်တော့ ထိန်းသိမ်းနိုင်ကြရင်အကောင်းဆုံးပါပဲရှင်

အ​ကောင်းဆုံး​ပေါ့ဗျာ ဖြစ်​တတ်​တာ​လေး​တွေ​ရှောင်​ကြတာ​ပေါ့

လောဘကြီးတာတော့မပြောနဲ့တစ်ဆထိုး အဆ ၅၀၀ လိုချင်တာ

ဟုတ်​ပါ့ဗျာ ကျ​နော်​လည်း အဲ့လိုစိတ်​​ကြောင့်​ ​ပြောင်​​ရောဗျာ

သံသရာမှာဒုက္ခအ​ပေးဆုံး​လေဘ

ဟုတ်​ပါတယ်​ ဆိုးကြိုးအများကြီး​ပေးတယ်​ဗျာ

လောဘစိတ်ကြာက်စရာကောင်းတယ်

ကြောက်​စရာ​ကောင်းတာထက်​ကို ပိုပါတယ်​ဗျာ

ကြောက်​စရာ​ကောင်းတာထက်​ကို ပိုပါတယ်​ဗျာ

ပတ်​ဝန်းကျင်​မှာ​လောင်းကစား​ကြောင့်​​ဘဝပျက်​သွားသူအများကြီး​တွေ့ဖူးပါရဲ့။

ဟုတ်​တယ်​ ကျ​နော်​လည်း အများကြီး​တွေ့ဖူးတယ်

လောဘထိန်းနိုင်တာ အကောင်းဆုံးပါပဲ။

ထိန်းနိုင်​တဲ့သူတစ်​​ယောက်​ ဖြစ်​​အောင်​ ကြိုးစားကြရမှာ​ပေါ့ဗျာ

စွန့်စားတာနဲ့ လောဘ ဘယ်လိုကွာလဲဗျ စဉ်းစားလို့မရဘူး

ရလိုစိတ်​နဲ့ စွန့်​စားရင်း ​လောဘ​တွေ ၀င်​လာတတ်​တယ်​ဗျ သတိထားသင့်​တာ​ပေါ့ ကိုမြင့်​​ရေ

Congratulations @pyaesone101! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

လောဘထိန်းဖို့လိုပါတယ်

ဟုတ်​တယ်​ ကွီး​ရေ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62382.95
ETH 2427.50
USDT 1.00
SBD 2.58