ရင်သွေးငယ်လေးများ အစဉ်ကျန်းမာအောင် ဘယ်လိုပြုစုစောင့်ရှောက်မှာလဲ?steemCreated with Sketch.

in #myanmar7 years ago

နုနယ်လွန်းသော ရင်သွေးငယ်လေးများအား ကျန်းမာပျော်ရွင်စွာ လူ့လောကထဲမှ ရှင်သန်နေကြစေလိုသည်မှာ မိဘတိုင်း၏ မေတ္တာစေတနာပင် ဖြစ်ပါသည်။ မိမိဗိုက်ထဲမှ ရင်သွေးလေး လူ့လောကထဲ ရောက်ချိန်မှ စပြီး အရွယ်ရောက်သည်အထိ အဆင့်ဆင့် ပြုစုပျိုးထောင်ရာတွင်လည်း မှာယွင်းမှု မရှိစေရန် ဂရုတစိုက်ဖြင့် အရိပ်တကြည့်ကြည့် ကြည့်နေတတ်ကြသည်မှ မိဘများ၏ ပူပန်မှုပင် ဖြစ်ပါသည်။ မွေးဖွားပြီးကာစ လသားအရွယ် ရင်သွေးလေးများ ပိုင်ဆိုင်ကြသော မိဘများ အနေနှင့်လည်း စကားမပြောတတ်ရှာသေးသော သားသမီး၏ အငို အရယ် အပြုမူလေးသာ ကြည့်ပြီး နေထိုင်ကောင်းခြင်းမကောင်းခြင်းကို ဆုံးဖြတ်ကြရပါသည်။ "သားသား/မီးမီးလေး နို့စို့နည်းနေမလား? မှိန်းလွန်းနေမလား? ဝမ်းခဏခဏ သွားပြီး ဝမ်းများပျက်နေမလား? ခုခံနိုင်စွမ်းမရှိသေးသော သားငယ်/သမီးငယ်လေးအား မှတ်,ခြင်,ယင် နှင့် ပုရွက်ဆိတ်လေးများ ကိုက်နေမလား? " အစရှိသော ပူပန်မှုများသည် လသားအရွယ် မိဘများ၌ တွေ့ရတတ်သော ပူပန်မှုများပင် ဖြစ်ပါသည်။ "အစကောင်းမှ အနှောင်းသေခြာ " ဆိုသည့်စကားပုံအတိုင်း နုနယ်လွန်းသော စကားမပြောတတ်သေးသော ငြင်းဆန်ခွင့်မရှိသေးသော သားသား မီးမီးလေးများကို ရောဂါဘယ ကင်းစွာရှင်သန် ကြီးပြင်းနိုင်စေရန်အတွက် နည်းလမ်းမှန်မှန် ပြုစုစာင့်ရှောက်နိုင်ရန် ဖေဖေ မေမေတိုင်း ကျန်းမာရေး ဗဟုသုတများ ရှာဖွေဖက်ရှု လေ့လာဖို့ လိုအပ်ပါသည်။

image
ယနေ့ခေတ်တွင် မွေးကင်းစကလေး အများစု အဖြစ်များသော အသားဝါ ရောဂါကြောင့် ဖေဖေမေမေများ စိတ်သောကများ ဖြစ်ကြရသည်ကို တွေ့မြင်ရပါသည်။ သို့ပေမဲ့ ရောဂါဖြစ်သည်ကို သိသိချင်း ဆေရုံသို့သွားကာ ဆေးကုမှု ခံယူလျင် သက်သာစေမည့် ရောဂါဖြစ်သဖြင့် မစိုးရိမ်ရပါ။ မိဘများအနေနှင့် သားသား မီးမီးလေး၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ဆရာဝန်များ၏ ကုသမှုတွင် ပူးပေါင်းပါဝင်ရန် များစွာလိုအပ်ပါသည်။ ရောဂါပြင်းထန်ပါက လိုအပ်လျင် မီးပြကုသခြင်းများ ပြုလုပ်သင့်ပါသည်။ ဆရာဝန်များမှ ကလေး၏ ရောဂါအခြေနေပေါ် မူတည်ပြီး မီးပြကုသရန် ညွှန်ကြားထားသည့်အတိုင်း ရက်အရေတွက်အတိုင်း မိဘများဘက်မှ စိတ်ရှည်စွာဖြင့် တိတိကျကျ ကုသခွင့်ပေးရန် အထူးလိုအပ်ပါသည်။ အချိန်မီ ကုသလျင် အသားဝါရောဂါသည် ပျေက်ကင်းနိုင်သော ရောဂါဖြစ်ပြီး ကုသချိန်နောက်ကျပါက အသားဝါရောဂါ၏ နောက်ဆက်တွဲ " K " ရောဂါဝင်နိုင်ပါသည်။ " K " ရောဂါသည် ကလေးငယ်များ၏ ဦးနှောက်နှင့် အာရုံကြောကို ဆိုးရွားစွာထိခိုက်စေသည့် ရောဂါတစ်ခု ဖြစ်ပါသည်။ " K " ရောဂါ ဝင်သွားသော ကလေးသည် အသက်ရှင်ရန်လည်း ခက်ခဲသလို အသက်ရှင်ပါကလဲ ထိုကလေးငယ်သည် တစ်သက်လုံး သူတပါးကိုသာ အားကိုးပြီးနေရမည့် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာချို့ယွင်းမှု ခံစားနေရသော ကလေးငယ် အဖြစ် ရှင်သန်နေထိုင်ရပါလိမ့်မည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးငယ်များ မီးပြသည့်အခါ စိုးရိမ်မှုမရှိဘဲ ဆရာဝန်များညွှန်ကြားသည့်အတိုင်း အချိန်အတိအကျ အပြည့်ဝပြသင့်ပါသည်။ မိမိကလေး မီးပြရသည်ကို စိုးရိမ်ပြီး မီးပြချိန် မပြည့်ဘဲ ဆရာဝန်ခွင့်ပြုချက် မရသေးမီ ဆေးရုံမှ ဆင်းမသွားသင့်ပါ။

မိဘများအနေနှင့် ကလေး၏ အခြားသော အသက်အန္တရယ်ကို ထိခိုက်စေမည့် ရောဂါလက္ခဏာများကို လေ့လာသိရှိထားရန်လည်း လိုအပ်ပါသည်။ စကားမပြောတတ်သေးသော ကလေးငယ်များ၏ နာကျင်ကိုက်ခဲခြင်း မူးဝေမောပန်းခြင်း နေသာထိုင်သာ မရှိခြင်းများကို သိရှိရန် ကလေးငယ်လေး၏ ပုံမှန်မဟုတ်သော ပြုမူလှုပ်ရှားမှုတိုင်းကို မိဘများ သတိထား စောင့်ကြည့်ပေးရန် လိုအပ်ပါသည်။ ပုံမှန်မဟုတ်သော လှုပ်ရှာမှုများဖြစ်သည့် ငိုသံ အသက်ရှူ သံများနှင့် အိပ်စက်ပုံများကိုလည်း သတိထား ကြည့်ရှုလေ့လာရန် လိုအပ်ပါသည်။ ရင်သွေးလေး၏ ပုံမှန်မဟုတ်သော ငိုသံများဖြစ်သည့် အာခေါင်ခြစ်ပြီး အဆက်မပြတ်ငိုခြင်း ကလေး အားနည်းလွန်း၍ ငိုသံတိမ်ဝင်သွားခြင်းများ ကြားရပါက ရင်သွေးလေးအား စိတ်ပူသင့်ပါသည်။ ထိုပြင် ပုံမှန်မဟုတ်သော အသက်ရှုမြန်လွန်းပြီး လည်ပင်းအောက်ပိုင်းနှင့် နံရိုးကြား ကြွက်သားများ ချိုင့်ဝင်သွားခြင်း တို့သည် သားသား မီးမီးလေးများ လေရှူ ဖို့ ကြိုးစားအားထုတ်ခြင်း ဖြစ်သည်ဟု ဖေဖေ မေမေများ သိသင့်ပါသည်။

သားသား မီးမီးလေးများ ပုံမှန်အခြေနေ မဟုတ်သော အရေပြား အရောင် အရေပြားပေါ်မှ အနီစက်များ နှင့် ဆီး/ဝမ်းတို့ သွားသည့် အရေအတွက် တို့ကိုလည်း ဂရုပြု စောင့်ကြည့်သင့်ပါသည်။ သွေးလှည့်ပတ်မှုတွင် အရေးပေါ် အခက်အခဲရှိနေသော သားသား မီးမီးများသည် ဖြူဖပ်ဖြူယော်ဖြစ်ခြင်း နှုတ်ခမ်းနှင့် တစ်ကိုယ်လုံး ပြာနှမ်းနေခြင်း တို့ဖြစ်တတ်ပါသည်။ ထို့ပြင် သားသား မီးမီးတို့၏ ခန္ဓာကိုယ်ပေါ်တွင် အနီစက်များတွေ့ပါက ဝက်သက် သွေးလွန်တုတ်ကွေးနှင့် အခြားသော ကူးစက်ရောဂါများ ဖြစ်တတ်သည်ကို သိရှိသင့်ပါသည်။ သို့ပေမယ့် အနီစက်တိုင်းတော့ အန္တရယ် မရှိစေပါ။ အနီစက်လေးများ တွေ့ရှိပါက လက်ကလေးနှင့် အသာအယာဖိကြည့်ပြီး အရောင်မှိန်မသွားမှသာ သွေးကြောများ ရောင်ရမ်းခြင်း သွေးကြောပေါက်ခြင်းများ ဖြစ်စေသဖြင့် အချိန်မီ ကုသပေးရန် လိုအပ်ပါသည်။ ထို့ပြင် သားသား မီးမီးလေးများ ပုံမှန်ထက်ဆီးသွားနှုန်း နည်းလွန်းနေပါက ရေဓါတ်ခမ်းခြောက်သော လက္ခဏာဖြစ်၍ မေမေများ ရေနှင့် အခြားသော ရေဓါတ်ပါဝင်သည့် အစားအသောက်များ ပြည့်ဝစွာ စားသုံးရန် လိုအပ်ပါသည်။

ဖေဖေမေမေများ ရင်သွေးလေးအား အခြားသော ပြင်ပရောဂါများ ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် မွေးစမှစ၍ လိုအပ်သောကားကွယ်ဆေး များကို အသက်ရွယ်အလိုက် တိုက်ကျွေးခြင်း ဆေးထိုးပေးခြင်းများကိုလည်း မပျက်မကွက် ပြုလုပ်သင့်ပါသည်။ ထို့အပြင် မွေးကင်းစ ရင်သွေးလေးများ ဖျားနာပါက ကူးစက်ရောဂါကြောင့် ဖြစ်နိုင်၍ ဆရာဝန် နှင့် ချက်ခြင်းစစ်ဆေးရန် လိုအပ်ပါသည်။ သုံးလအောက် ရင်သွေးလေး ဖြစ်ပါက ကိုယ်ပူချိန် 38°C ကျော်လျင် ဆေးရုံသို့ သွားရောက် ကုသသင့်ပါသည်။ ရင်သွေးငယ်လေးများ ရုတ်တရက် ပြင်းထန်စွာဖျားနာပါက ဆိုးရွားသော အခြေအနေသို့ လျင်မြန်စွာရောက်ရှိတတ်သဖြင့် အရေးကြီးသော လက္ခဏာများကို သိရှိပြီး အချိန်မီ ကုသခြင်းဖြင့် ရင်သွေးလေးများအား ကျန်းမာစွာ ပြုစုပျိုးထောင်ရာတွင် အထောက်ကူဖြစ်စေရန် ဤဆောင်းပါလေးဖြင့် ရေးသားတင်ပြလိုက်ပါသည်။
Own writer: @poewuttyee
image

Sort:  

Nice Article For Knowledge!

အသိပညာတိုးစေပါတယ်ဗျာ နောက်များမတော်တဆ အိမ်ထောင်ကျခဲ့ရင် အသုံးဝင်တာပေါ့ဗျာ တစ်ခြားခလေးပေါက်စ မိခင်တွေကိုလည်း အဆင်ပြေရင်ပြောပြနိုင်တာပေါ့ဗျာ ကျေးဇူးပါ

ကလေးပေါက်စ အိမ်ထောင်သည် ကိုဒွန်တို့ ကိုသက်တို့ ဖတ်ကြဟေး။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54166.76
ETH 2272.15
USDT 1.00
SBD 2.34