TB ရောဂါလက္ခဏာsteemCreated with Sketch.

in #myanmar7 years ago

နေစဉ်ညနေဘက်ရောက်တိုင်း အပူကြီးပြီးဖျားနာခြင်း,ရက်ကြာရှည်စွာချောင်းဆိုးခြင်း,သိသာစွာအအိပ်အစားပျက်ခြင်း,ကိုယ်ခံအားနည်းပြီးအလွယ်တကူမောပန်းခြင်း,ကိုယ်အလေးချိန်လျော့ကျခြင်း,စသည့်ရောဂါလက္ခဏာများဖြစ်ပေါ်ပါကနီးဆက်ရာ ဆေးရုံ/ဆေးခန်းရှိ TB ရောဂါ တိုက်ဖျက်ရေးဌာနသို့ အမြန်ဆုံးသွားရောက်၍ စစ်ဆေးကုသမှု့ခံယူရန်လိုအပ်ပါသည်။
image
TB တိုက်ဖျက်ရေးဌာနမှ ဆရာ/ဆရာမ များ၏လမ်းညွှန်မှု့ဖြင့် TB ရောဂါ ရှိမရှိသေခြာစေရန် အနီးစပ်ဆုံးဓါတ်ခွဲခန်းတွင် ဓါတ်မှန်ရိုက်ပြီး ရောဂါကိုအတီပြုရန်လည်းအထူးလိုအပ်ပါသည်။ထို့နောက် သွေးဖောက်စစ်ခြင်း,သလိပ်စစ်ဆေးခြင်း များလဲတိကျစွာဆောင်ရွက်ရပါမည်။
image
TB ရောဂါ တိုက်ဖျက်ရန်သုံးစွဲရမည့် ဆေးဝါးများမှာ ပြင်းထန်လှသည့်အတွက် ရောဂါကိုတိကျစွာ ရှာဖွေစစ်ဆေး အတည်ပြုပြီးမှသာ သက်ဆိုင်ရာကျန်းမာရေးဌာနများမှထုတ်ပေးရပါသည်။သို့မှသာ TB ရောဂါဝေဒနာရှင်များလဲ ပျင်းထန်လှသည့်ဆေးဝါးများဖြင့် ရက်ရှည်ကုသမှု့ကို စိတ်ချလက်ချ ခံယူနိုင်မည်ဖြစ်ပါသည်။
image
လူနာရှင်များဘက်မှလည်း TB ဆေးဝါးများကို ပြင်ပတွင် ဝယ်ယူရခက်ခဲပြီးငွေကုန်ကြေးကိများသော်လည်း TB ရောဂါ တိုက်ဖျက်ရေးဌာနများမှ အလွယ်တကူထုတ်ပေးတာဖြစ်တဲ့အတွက် ရောဂါနုစဉ်ကတည်းက အမြန်ဆုံးကုသမှု့ခံယူစေချင်ပါသည်။
မူရင်းရေးသားသူ: @poewuttyee
image

Sort:  

ညီမကဆရာဝန်​လားဗျ

ကိုအတာဦးလဲ ​ဆေးယဉ်​ပါးtv ​ရောဂါအ​ကြောင်း လိုက်​​နေရသူပါ sis

Good Article

ဆရာဝန်နဲ့တူတယ်

thanks for sharing

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54274.36
ETH 2279.16
USDT 1.00
SBD 2.33