စိုရိမ်စရာ တီဘီ(TB) ရောဂါsteemCreated with Sketch.

in #myanmar7 years ago

နေ့စဉ်စားဝတ်နေရေးအတွက် ရုံးကန်နေရတဲ့လူသားတွေကြားမှာ TB ရောဂါ ဖြစ်ပွားခြင်းဟာအင်မတန်မှ စိတ်အနှောက်ယှက်ဖြစ်စရာတစ်ခုပါ။လေမှတဆင်ကူးဆက်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် HIV ရောဂါဆိုးကြီးထက် ကြောက်စရာကောင်းလောက်အောင်ကူးစက်လွယ်တဲ့ရောဂါတစ်ခုလို့ဖော်ပြရလျင် မမှာနှုင်ပါဘူး။
image
ရောဂါနုမှသာအနည်းဆုံး ၆ လဆေးသောက်ရပြီး ရောဂါပိုပြင်းထန်ရင့်မာသူတွေအတွက် ၈ လ ၉ လ ခန့် သောက်ဆေး အပြင်ထိုးဆေးအပါ ပြင်းပြင်းထန်ထန် တိုက်ဖျက်ရတတ်ပါတယ်။လူလတ်ပိုင်းအသက်ရွယ်လူနာတွေအတွက် ကုသရတာ အပန်းမကြီးလှသော်လဲ နုနယ်တဲ့ ကလေးသူငယ်များမှာတော့ ဒီရောဂါဟာ အင်မတန်မှကြောက်စရာကောင်းပြီး ထိုရောဂါ တိုက်ဖျက်တဲ့ဆေးဝါများကလဲ ကလေးသူငယ်များနှင့် မမျှအောင်ပြင်းထန်လှပါတယ်။
image
ယနေ့ချိန်ခါ မှာလဲ ဆေးရုံဆေးခန်းတိုင်မှာ လိုလို TB ရောဂါ လာရောက်စစ်ဆေးကုသသူတွေထဲမှာ လူကြီးတွေသာမက ကလေးသူငယ်များလည်း ပါဝင်နေတာတွေ့ရတဲ့ပတွက် မိဘတိုင်ကလည်း မိမိ ရင်သွေးကလေးသူငယ်များကို ပြင်ထန်လှတဲ့ ၎င်း ဂေါမှ အထူးကြိုတင်ကာကွယ်စေလိုပါတယ်။
image
TB ရောဂါကူးစက်ခံစားနေရတဲ့လူနာတစ်ယောက်အနေနဲ့ နေ့စဉ်သောက်သုံးရန်ညွှန်ကြားထားသော ဆေးဝါများကို အထူးသတိထားသောက်သုံးရပါမယ်။ဆေးသာက်သုံးမှု့တစ်ရက် ပျက်ကွက်တာနဲ့ အစမှပြန်လည်သောက်ရတာဖြစ်တဲ့အတွက် အင်မတန်မှ အချိန်ပေးရပါတယ် ။ သောက်သုံးရန်ဆေးဝါတွေကလဲ ပြင်းထန်လှတဲ့အတွက် ဆေးဝါးတွေရဲ့ဒဏ်ကိုခံနှိုင်စေရန်အလို့ငှာ အာဟာရရှိမဲ့ ဆေးဝါးများ နဲ့ အစားအစားတွေကို ဂရုတစိုက် ဖြည့်စွက်စားသုံးရတဲ့အတွက် အကုန်ကျလဲများပါတယ် ။
ကိုယ်ခံအား အားနည်းသော လူနာကို နေ့စဥါမပျက်မကွက် အချိန်မှန် ဆေးသောက်ရန် / ဆေးရှိန်ကြောင့် ခံတွင်းပျက်ပျက်နေသူအား ကောင်းနိုးရာရာ အစားသောက်များ အဆင်သင့်ပြုလုပ်ပေးရန် အနည်းဆုံးမိသားစုဝင်တစ်ယောက်က အလုပ်ပျက်ခံအချိန်ပေးရပါတယ်။လူနာကိုယ်တိုင်ကလဲ ပျင်းထန်လှတဲ့ ဒီဆေးဝါးတွေသောက်သုံးရတဲ့ အတွက် အရှင်လတ်ငရဲကျနေသယောင် ပူပျင်းလှတဲ့ဝေဒနာကိုလဲ ခံစာရပါတယ် ။ မလွဲသာလို့ဒီရောဂါဆိုးကြီးခံစားရပါ လျင် မိမိကြောင့် အခြားမိသားစုဝင်များ အလွယ်တကူ မကူးစက်စေရန် ဆင်ချင်နေထိုင်ဖို့လိုအပ်သလို မိမိ ကိုယ်ကိုလဲ ဂရုတစိုက်နေထိုင်ရန်လိုအပ်ပါသည်။
နေ့စဉ်ပုံမှန်ရေချိုးခြင်း အာဟာရရှိတဲ့ အစားစာများဂရု တစိုက်စားသုံးခြင်း အမောပန်းခံနိုင်ရန်လေ့ကျင့်ခန်းလုပ်ခြင်း သက်သာချောင်ချိတဲ့ အဝတ်စားများ ဝတ်ဆင်ခြင်း ဆေးသောက်နေစဉ် ၆ လ အတွင်း မိမိစိတ်အား Relax ဖြစ်မဲ့ စာပေများဖက်ရှုခြင်း အထူးသဖြင့် ဆေးအားပုံ မပျက် မကွက်သောက်သုံးခြင်းဖြင့် မိမိရရှိထားတဲ့ ရောဂါကိုစိတ်တည်ငြိမ်စွာဖြင့် ကုသစေလိုပါသည်။
photos credit : google
Own writer: @poewuttyee
image

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54274.36
ETH 2279.16
USDT 1.00
SBD 2.33