မေ့လို့ မရတဲ့  (အတိတ် ပုံရိပ်)

in #myanmar7 years ago

အတိတ်ပုံရိပ်

အိမ်​မ​ပျော်​တဲ့ ညခင်း​တွေ
ဖြတ်​သန်း​ပေါင်းများ​လာ​တော့လည်း
သန်း​ခေါင်​ယံ ဆိုတာ
ငါ..အရမ်းရင်းနှီးတဲ့..တိတ်​ဆိတ်​ခြင်းတစ်​ခုပါ။

အတိတ်​ဆိုတာ
ပြန်​မ​ရောက်​နိုင်​​တော့​ပေမယ့်
အ​ခေါက်​​ခေါက်​အခါခါ
ပြန်​သွားတတ်တဲ့​စိတ်​​ကြောင့်​ပဲ
အရိပ်​ တစ်​ခုရဲ့ အ​ကြောင်းအရာ ​တွေ
ပြန်​သစ်​လွင်​ ​နေတတ်​တယ်​။

အချစ်​စစ်​ ဆိုတာ
မ​ဖြောင့်​တန်းတတ်​ဘူးဆိုတာ
ဇာတ်​ဝင်​ ​တေးသီချင်း ​တွေမှာ
ငါခဏခဏ နားဆင်​ဖူးခဲ့တာ​ပေါ့။

ဒါ​ပေမယ့်​.. ..
တို့နှစ်​​ယောက်​ ရဲ့ ဇာတ်​လမ်း မှာ
နောက်​ခံ​တေး ဖြစ်​လာမယ်​လို့
မ​တွေးမိခဲ့ပြန်​ဘူး။

သြော်​....
ရူးမိုက်​တဲ့ အချိန်​​တွေလွန်
ဟိုအရင်​ကသာ တစ်​စွတ်​ထိုးနိုင်​ခဲ့ရင်
မင်းနဲ့ငါ....ခုလို​ဝေးမှာ..မဟုတ်​ဘူးကွယ်​။

နောင်​တလည်း မဟုတ်​ဘူး....
အမှတ်​တရ လည်း မဟုတ်​ဘူး...။
ခဏ ခဏ ဝင်​လာတတ်​တဲ့
အတိတ်​ပုံ​ရိပ်​​လေး တစ်​ခုမျှသာ...။

📝ရေးသားသူ ဖြိုးဝေအောင်📝

Author @phyowaiaung
image

Sort:  

မင်းတို့နဲ့လိုက်ပြီးကဗျာတွေပဲရေးဖြစ်မယ်နဲ့တူပါရဲ့၊ ကဗျာရေးရတာတော့ အသက်သာသား။

ဖတ်လို့ကောင်းပါသည်

Coin Marketplace

STEEM 0.23
TRX 0.23
JST 0.037
BTC 104700.59
ETH 3172.35
SBD 5.35