ေ ဟာင်း နွမ်းမသွားတဲ့ အချစ်
ဟောင်းနွမ်း မသွားတဲ့ အချစ်
ငါရင်ခွင် ထဲမှ မင်းထွက်သွားခဲ့တာ
ရက်လတွေ ကြာခဲ့ပြီ
အမှတ် တရတွေ့ ကို တွေးမိတိုင်း
ငါရင်ခွင်ထဲမှ နာကျင်နေမိတယ်
မင်းနဲ့ လျှောက်ခဲ့ဘူးတဲ့လမ်းလေးကို
ငါတယောက်ထဲ ဖြတ်သန်းမိတိုင်း
ငါ မှာ အလွမ်းတွေ ဒဏ်ရာတွေ ကျန်ခဲ့တယ်
ဒီလမ်းလေးက ငါတို့ နှစ်ယောက်ရဲ့
ကြည့်နူးစရာ အမှတ်တရလေးတွေဟာ
December ရဲ့ လေနဲ့ အတူ
ပျောက်ဆုံးသွားခဲ့ ပါပြီ
မင်းအသံတွေ ငါနားထဲမှ သဲ့သဲ့ကြားတိုင်း
အရူးတယောက်လို့ပဲ ငါ ရှာနေမိတယ်
တို့ နှစ်ယောက်ရဲ့ အချစ်က အဆုံးသတ်ခဲ့ပေမဲ့
ငါရင် ထဲက မင်းကိုမြတ်နိုးတဲ့နှောင်ကြိုး က
ဖြတ်ဖို့ တကယ်ကိုခက်ခဲလွန်းတယ်
မင်းမရှိ တော့တဲ့ ငါဘဝရဲ့ နေတွေ ညတွေ
ွ တဖြေးဖြေးနဲ့ တိတ်ဆိတ် သွားခဲ့ပြီး
ငါ အတွေးတိုင်းမှ မင်းကနေရာယူနေဆဲပါ
မင်းပုံရိပ်ကငါအတွက် ဘယ်တော့မှ
ဟောင်းနွမ်းသွားမယ် မထင်ပါဘူး။
phyowaiaung
I love this poem, thanks!
thank you @chud. i try good more and more.
Welcome to MSC steemit Myanmar https://www.facebook.com/groups/308312782947531/permalink/380375525741256/
ဟုတ် ကျေးဇူး ပါ ။ ကျွန်တော် ဝင်ထားပါတယ်။ ကြိုဆိုတဲ့ အတွက် ဝမ်းသာပါတယ်။
အိပ်ထရို စပတ် ကြီးလာ vote ထားတော့ vote ရမှာတောင် နည်းနည်း လန့်လာသည် ။
အေးပါဟာ တခါတလေ ရတာပါဟာ နင်ကလဲ မနာလိုနေတယ်
Good poem
I like it
ကျေးဇူး ပါဗျာ။
မသိသေးတော့ မသိသလိုနေလိုက်တော့မယ်။
ပျော်လိုက်တာ ဆရာဖေဖေ အလည်လာတယ်။ promotion တင်ရင် သားရေးတာလေး ဝေဖန် ပေးအုံးနော် ဆရာ။