ပုစွန်လုံး ကျောရိုးလမ်း
ပုစွန်လုံး ကျောရိုးလမ်း
ဘာရယ်မဟုတ် အပျင်းပြေလေး တစ်ခုတင်လိုက်မယ်နော်.....
တစ်ခါက ဘုန်းတော်ကြီးတစ်ပါးဟာ ဝက်လက်ကို နွားလှည်းနဲ့ ပြန်အလာမှာ ချီပါရွာသားတစ်ယောက်က လှည်းကြုံနဲ့လိုက်ခွင့်တောင်းလို့ လှည်းပေါ်တင်လာခဲ့ပါတယ်။
လှည်းဟာ လမ်းကွေ့တစ်ခုကို ရောက်လာခဲ့တယ်။ ဖွတ်ကြီးတစ်ကောင်ဟာ လှည်းရှေ့က ဖြတ်ပြေးပြီး လမ်းတစ်ဖက်ဘေးက ရပ်တန့်ငေးမောနေတုန်း လှည်းပေါ်မှာပါတဲ့ ဘုန်းတော်ကြီး ဟာ ဖွတ်ကြီးရဲ့ ကြီးမားရှည်လျားတဲ့ ကိုယ်ကြီးကိုကြည့်ပြီး တအံ့တသြပြောပါသတဲ့။
" အင်း.... တွင်းအောင်း သတ္တဝါမှန်သမျှတယ်ပြီး ကျောရိုးရှည်ပါကလား..."
ဒါကို လှည်းပေါ်မှာလိုက်ပါလာတဲ့ ချီပါရွာသားက ဝင်ပြောလိုက်ပုံက.....
" တွင်းအောင်းသတ္တဝါတိုင်း ကျောရိုးရှည်ရရင် ဘုရား ၊ ပုစွန်လုံး ရဲ့ ကျောရိုးကို မီးရထားလမ်း လုပ်ဖို့ပဲရှိတော့တာပေါ့..." တဲ့ ။
Good
Thanks
ဟေးဟေး
ဟဲဟဲ
အလို
အလဲ့
ဟီးဟီး...
ဟိုးဟိုး