မောင့်ကို သေစေညွှန်းရော့သလား
ဆရာဝန်၏ဆေးခန်းသို့ နေထိုင်မကောင်းဖြစ်သော ယောက်ကျားကြီးတစ်ယောက် မိန်းမနှင့် အတူရောက်လာသည်။ လူနာကို စမ်းသပ်စစ်ဆေးပြီးနောက် သီးသန့်ဆွေးနွေးလို၍ ဟုဆိုကာ အခန်းထဲ ခေတ္တခဏ နေရစ်ခဲ့ပါရန် ဆရာဝန်က လူနာ၏ဇနီးသည်ကို မေတ္တာ ရပ်သည်။ လူနာယောက်ကျား နားလည်မှုရှိစွာဖြင့် အခန်းအပြင်သို့ ထွက်သွားသည်။
နှစ်ယောက်တည်းကျန်သောအခါ ဆရာဝန်က အမျိုးသမီးကိုပြောသည်။
" ခင်ဗျာယောက်ျား...စိတ်ရောကိုယ်ပါ ပင်ပန်းနေတာကြောင့် အအိပ်ပျက်အစားပျက်ပြီး အခုလို တစ်နေ့တစ်ခြား ပိန်ချုံးလာတာဗျ၊ အဲဒီတော့...သူလုပ်ချင် ဖြစ်စေချင်တာမှန်သမျှကို ဖြည့်ဆည်းပေးပါ ၊ ဥပမာ သူအလုပ်မလုပ်ချင်ဘူးဆိုရင် မလုပ်ပါစေနဲ့ ၊ အိမ်မှာပဲထိုင်နေပါစေ ၊ နံနက်စာကို...အိပ်ရာထဲယူလာခဲ့လို့ သူ အမိန့်ပေးရင် မငြိုမငြင်ယူလာပေးပါ ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြင်ကိုထွက်ချင်တယ်ဆိုလည်း မတားပါနဲ့ "
"နို့မဟုတ်ရင် ဘာဖြစ်မလဲ "
" သူမကြာခင်.....သေပါလိမ့်မယ် "
မိန်းမဖြစ်သူ အပြင်သို့ထွက်လာသောအခါ ယောက်ျားကလှမ်းမေးသည် ။
" မင်းကိုဆရာဝန်ကဘာပြောလိုက်သလဲကွ"
" ရှင်.....မကြာခင်သေမယ်တဲ့ "
Done
Thanks
Good
Thanks
Good
Good
Thanks
Thanks