အချစ်ဦး (First Love)
ကျနော့်ရဲ့ပုံမှန် life ဖြတ်သန်းပုံကဒီလိုဗျာ
မနက် 7 am လောက်ဆိုထ ရေချိုးမျက်နှာသစ်ပြီး breakfastစား လိုအပ်တဲ့ file တွေပြန်စီပြီး တစ်နေ့တာအလုပ်အတွက်plan ချပြီးရင် ရုံးသွားဖိုအဆင်သင့်ဖြစ်ပြီ။
8:30am လောက်ဆို ferry ရောက်တယ်။ 9am ရုံးတက်ပေါ့ဗျာ။ အလုပ်အကြောင်းတွေကတော့ဒီတိုင်းပြောရင်ပျင်းစရာကောင်းမယ်ဗျ။ ဒီတော့ကျော်လိုက်မယ်။
ညနေ 6pm ရုံးဆင်းပြီးသင်တန်းမရှိတဲ့နေ့တွေဆို 7:30pm လောက်အိမ်ရောက်တယ်။
ရေချိုး ညစာစား ဘုရားရှိခိုး တရားထိုင်ပြီးချိန်ဆို 9pm ။
ညဖက်ရုံးအလုပ်တွေပါလာတဲ့နေ့ဆိုရင်တော့ 11 or 12pm လောက်ထိရောက်သွားတယ်။
ပြီးရင်တော့အိပ်ချိန်ပေါ့ဗျာ။ ညဖက် သင်တန်းသွားတဲ့နေ့တွေဆို ကျနော်ပြန်ရောက်ချိန်က 9 or 9:30 ဆိုတော့ရေချိုး တရားထိုင်ပြီး (သိပ်နောက်ကျသွားရင်ထမင်းစားဖို့အဆင်မပြေတော့ဖူး)
သစ်သီးဖြစ်ဖြစ် မုန့်ဖြစ်ဖြစ် တစ်ခုခုစားပြီးရင်နားချင်ပြီဗျ။ အလုပ်ကိုခေါင်းထဲမထည့်ချင်တော့ဖူး။
အလုပ်တာဝန်က သက်တမ်းကြာလာတာတဲ့အမျှ ပိုကြီးလာတာပဲရှိတယ်။ ဒီတော့ကျနော့ရဲ့အချိန်တွေအားလုံးအလုပ်ထဲမှာ။ မိသားစုအတွက် မိတ်ဆွေအပေါင်းအသင်းအတွက် ကျနော့ရဲ့ဝါသနာတွေအတွက် ကိုယ်ပိုင်အချိန်တွေက Sunday တစ်ရက်တည်းမှာစုပြုံနေတယ်။ ဒါတောင်သင်တန်းရှိရင်ပါသွားသေးတယ်။ ဒီတော့အပေါ်ကရေးထားသလောက်က နေ့စဉ်ဖြတ်သန်းနေရတဲ့ regular life ကြီး။
ကြာတော့ကျနော်ငြီးငွေ့လာတယ်။ ညဖက်တွေမှာ fb သုံးချိန်တစ်နာရီလောက်သီးသန့်ပေးထားလိုက်တယ်။ ငယ်ပေါင်းတွေနဲ့စကားပြော စနောက် သတင်းဖတ် music down ပေါ့ဗျာ။
တစ်ရက်...ဟိုကောင်တွေ ကျနော့ကိုလာပြောတယ်။
မင်း အကောင့်အတုတစ်ခုလုပ်ထားစမ်းပါတဲ့။ ငါတို့တွေးချည်းသိတဲ့ fb account တဲ့။
ဘာလုပ်ဖို့တုန်းဆိုတော့လုပ်ချင်တာအကုန်လုပ်လို့ရအောင်တဲ့။
လိုတော့မလိုပေမယ့် မလုပ်လည်းတဂျီဂျီဖြစ်နေမှာဆိုတော့ လုပ်လိုက်တယ်။
မြန်တယ်လေ အကောင့်သစ်လုပ်တာ အလွန်ဆုံးကြာ 2min ပေါ့ဗျာ။
ဒါက gmail နဲ့ security ဖြစ်အောင်လုပ်မှ။ ph no နဲ့ဆို ခုလုပ်ခုရတာမလား။
fake account သုံးတာ မကောင်းမှန်းတော့သိတာပေါ့ဗျာ။ ဒါပေမယ့်လည်း လိုအပ်တယ်ဗျ။ ကျနော်တို့အားလုံးအရွယ်ရောက်လာတဲ့အခါငယ်ငယ်တုန်းကလိုမလွတ်လပ်ကြတော့ဖူး။ အလုပ်ကိုယ်စီ တာဝန်ကိုယ်စီနဲ့ မိသားစုရှိတဲ့လူတွေဆိုပိုဆိုးတယ်ဗျ။ ဒီတော့စိတ်ပြေလက်ပျောက်ပေါ့ဗျာ။ သူငယ်ချင်းတွေ ပျော်ရတာပေါ့။ ဘယ်သူ့ကိုမှထိခိုက်အောင်တော့ကျနော်တို့မပျော်ခဲ့ကြပါဖူး။ ဒါကကျနော်တို့စည်းကမ်းပါ။
ဒီလိုနဲ့ official account အစား fake account ပဲအသုံးများလာခဲ့တယ်။ အပျော်သုံးတာဆိုတော့ပိုပြီးစိတ်လွတ်လပ်တယ်ဗျ။ တစ်ယောက်နဲ့တစ်ယောက်စရင်းနောက်ရင်းနဲ့ နေလာကြရင်းတစ်နေ့..
ကျနော်လိုင်းသုံးနေတုန်း post လေးတစ်ခုတက်လာတယ်။ပြောရရင် story လေးတစ်ခုပေါ့။
ဘာရယ်မဟုတ်ဖူးဖတ်မိရင်းနဲ့ story ထဲက name က post ပိုင်ရှင်ရဲ့ name နဲ့တူနေတော့အဖြစ်မှန်လားဘာလားပေါ့ဗျာ။
စိတ်ဝင်တစား (စပ်စုရင်း) သူ့ wall ထဲဝင်ကြည့်မိရင်းနဲ့ ညဆယ်နာရီထိုးသွားတယ်။
ပထမဆုံးကျနော့အချိန်တွေကို သူယူမှန်းမသိ ယူသွားခဲ့တာ။
ဆက်ပါမည်…
@paingphyothu
MSC-201
ဝမ်းနည်းစရာတေ မဖတ်ချင်ဖူးးနောာာ :(
ဝမ်းနည်းစရာလေးတွေပါလာခဲ့ရင် နားလည်ပေးပါဗျာ။
ဘ၀ဆိုတာပျော်စရာချည်းပဲတော့ဘယ်ဖြစ်ပါ့မလဲလေ။
goodတယ်ဗျာ နောက်post ကိုမျှော်နေမယ်
thank you ပါဗျာ
လိုင်းပေါ်တက် စပ်စု တယ်ပေါ့လေ
အဲလိုပြောတော့လည်း မှန်ထာ
ခက်တယ်ဗျာ အသက်ကြီးမှအချစ်ကြောင်းတွေဖတ်နေရတယ်။ ကောင်းတယ်
ခုမှဘွစတာမလား ဘဒိုရ
အသက်များ စကားထဲထည့်ပြောနေသေးဒေ မေ့ထားလိုက်
မျှော်နိုင်သမျှတော့မျှော်ဦးနော်
မဆုံနိုင်သေးတော့ အဝေးကလွမ်းးးးး
ဇာတ်လမ်းလေးစလာp
အားပေးနေပါတဟ်ဗျာ
ကျေးဇူးပါဗျ
အချစ်ဦးကတော့ အသေချစ်
အချစ်ဦးလည်းဟုတ် အချစ်ဆုံးလည်းဟုတ် နောက်ဆုံးအချစ်လည်း ဟုတ်ပါတယ်
အဲဒါနဲ့တရားမထိုင်ဖြစ်တော့ဘူးပေါ့။
ချက်ချင်းကိုသိသွားတာပဲလား..
ဟုတ်ပါရဲ့ဗျာ
အချစ်က ခါးတယ်ဗျ တကယ်တော့
အဲဒီအခါးကိုပဲ ဆေးဖက်ဝင်တယ်ထင်ပြီးသောက်သုံးနေကြတာ
Good.
thanks ပါဗျ