အတွေးကဗျာများ- ၈

in #myanmar7 years ago (edited)

IMG_20171211_182328.jpg

ဖော်မဲ့အလွမ်း

အဖော်တွေနဲ့ ကွဲခဲ့ရဒီရာသီ
စတည်းချရာ လက်ပံပင်ကြီးမှာလဲ
လူတိုင်းနေရာကိုယ်စီနဲ့
ငါ့အတွက်တစ်ကိုင်းစာပင် နားစရာမရှိပါလား၊အော်- နေရာတစ်နေရာစာ ရှားနေပါပေါ့။

အားမလျော့ပါဘူးလေ
နောက်တစ်ပင်ပြောင်းနားမယ်၊ ဘ၀ဆိုတာ ဒီလိုပဲလေ ဟိုပြောင်းဒီနားပေါ့။
စေးနဲပင်မှာ စေးနဲသီးလေးတွေခူးစားရင်း
ငါ့အဖော်ကို ရှာနေမိတယ်၊ မမြင်ရသော်လည်း မြင်နေသလိုခံစားမိတယ်လေ။

သဘာဝ က ငါ့ကိုသင်ပေးခဲ့တယ် ၊ ရန်သူလားမိတ်ဆွေလား ခွဲခြားတတ်ဖို့လေ
လောက်စာကို ကွေ့ရှောင်ရင်းပေါ့ ၊ တစ်ခါတစ်ခါ ငါစိတ်နာမိတယ်
အားနည်းသူကို မှ ရန်ပြုလိုကြသလား ငါကပဲ ပစ်မှတ်တစ်ခုဖြစ်နေရော့သလား
ဝေးရာ တစ်ပင်ကို ပြောင်းကာနားနေမိတယ်လေ။

နေလုံးနီနီ တောင်စွယ်မှာထိုးနေပေါ့
ငါ့အဖော်ဘယ်ဆီ ပျော်နေတယ်နေတယ်မသိ၊ လမ်းမပျောက်တတ်ပေမယ့်
လမ်းမေ့မှာစိုးတယ်ကွယ်။
အချိန်တန်လို့ ငါတို့အိမ်ပြန်ကြရမယ်လေ၊ ဖော်မဲ့သူငါမှာတော့
နင်မပါရင် ငါ လွမ်းနေရမယ်။

ငါ့အသံနင်ကြားပါစေလို့ ရင်ထဲနက်နက် ဟိုအတွင်းထဲကနေပေါ့
တအာအာ အသံပေးမိတယ်၊ ငါ့ဖော်များ ကြားပါစေတော့ရယ်လို့။
ဖော်မဲ့သူ ရင်ကိုဝင်ကြည့်စမ်းပါလား နွေရာသီဆိုတာ ငါ့အတွက်တော့
ဘာမှမထူးခြားတဲ့ ပြဇာတ်တေးသွားတစ်ပုဒ်ပါပဲလေ။

အိပ်တန်းတက်တော့မယ်ကွယ်၊ မနက်ဖန် ဒီနေရာမှာပဲ ငါလာစောင့်နေမယ်ငါ့ဖော်ရယ်။

ဈာန် ( မုံရွာ )

ကျီး.jpg

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 10:45 PM (17.3.2018)
Above Poem is Using Google Image.

#Myanmar #Poem #Love #Life #Esteem

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ဘဘ😍😍😍😍

ဗျဗျ ။

You got a 14.46% upvote from @nado.bot courtesy of @nyinyiwin!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

အ​ဖော်​မဲ့တဲ့သူတစ်​​ယောက်​ရဲ့ ခံစားချက်​​တွေကို နားလည်​လာမိ​ပေါ့

ခံစားချက်ခြင်း တူနေပီဆို နားလည်မှုလေးတွေ ဖြစ်ပေါ်လာကြတာပဲလေ။ အားပေးမှုကို ကျေးဇူးပါ။

ဈာန်(မုံရွာ)ရဲ့ ဖော်မဲ့အလွမ်းမှာ
ပျော်မယ့်လမ်းရှာခဲ့ပေမယ့်
ခနော်ခနဲ့ လမ်းမှာ
ပန်းရှာရပြီကွယ်...
လွမ်းစရာ ရာသီရယ်။

အယ်ဗျာ ကိုဘီလျံနာရယ်၊ ကဗျာဆရာက မျက်ရည်လွယ်တယ်နော်၊ လွမ်းစရာတွေကြည့်ပြောနေပါနဲ့လို့။

နောက်​တခါ အ​ဖော်​​တွေနဲ့ ​တွေ့ပါ​စေ အ​ဖော်​ကွဲငှက်​က​လေး​ရေ့

ဟုတ်ဗျ ၊ ခံစားနားလည်းပီး အားပေးစကားလေးကြားရတာ ၀မ်းသာမိပါတယ်ဗျာ။

အော် ကဗျာရေးတော့လည်းကောင်းတာပါပဲဗျာ။လေးစားလျက်

အားပေးတာ ၀မ်းသာပါတယ်ဗျာ ။ ကဗျာလေး ရေးလိုက် စာလေးရေးလိုက် ဟိုစပ်စပ် ဒီစပ်စပ်ပါပဲဗျာ။

ဥသြ ဖွဲ့ မဟုတ်ဘဲ .. ကျီးမဲ ဖွဲ့ပေါ့ ..
ကဗျာလေး လှတယ် ..

ဟုတ်မမရေ ကျီးလေးတွေနေရာက ၀င်လွမ်းကြည့်တာ လွမ်းလို့ရသွားတယ်။ ဟီးး

You got a 100.00% upvote from @boostbot courtesy of @nyinyiwin!

Do you know, you can also earn daily passive income simply by delegating your Steem Power to @boostbot by clicking following links: 10SP, 100SP, 500SP, 1000SP

Thanks alot.

အကို့ကဗျာလေး ဖတ်ကောင်းတယ်။ အကိုရေးတာတွေ အများကြီး လိုင်းစုံတယ်နော်။ လေးစားအားကျပါတယ်ဗျာ။

လိုင်းစုံတယ်ရယ်လဲ မဟုတ်ပါဘူး ရေးတတ်သလောက် နဲနဲရေးကြည့်တာပါ။ အားပေးတာကျေးဇူးပါ။

ကဗျာကိုအရမ်းကြိုက်တယ် ကဗျာရေးရတာလည်းကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ ကဗျာရေးတဲ့သူတွေရဲ့ခံစားချက်က တခြားသူနဲ့မတူပဲ သိမ်မွေ့နက်နဲ့လို့။ စကားမစပ် အစ်ကို စေးနဲပင် နဲ့ စေးနဲသီး ဆိုတာ ဘယ်လိုမျိုးလဲဗျာ ။ မမြင်ဘူးလို့ပါ။

ဟုတ်ဗျာ့  ကဗျာနဲ့ပတ်သက်ပြီး ခံစားချက်ခြင်းတူလို့ လေးစားမိပါတယ်။ ယခုကဗျာထဲမှာပါတဲ့ စေးနဲပင်ဆိုတာ တစ်ချို့ဒေသတွေမှာ ကပ်စေးနှဲပင်လို့လည်းခေါ်တယ်ဗျ၊ အပင်ပုံစံက အပင်ကြီးမျိုး အရွက်က ပိတောက်ရွက်နဲ့ အတော်တူတယ်၊ အသီးသီးတယ် အဲဒီအသီးက ရေသဖန်းပင်လို၊ ကတွတ်ပင်လိုမျိုးသီးတယ်၊ လူတွေကတော့မစားပါဘူး ငှက်တွေသာ စားကြတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဲဒီစေးနဲသီးကိုလေးတွေကို ကောက်ပီး စက္ကူအရုပ်လေးတွေကို ကော်ကပ်ရာမှာသုံးကြဖူးတယ်။ နောက်နေ့ကျရင် သစ်ပင်ကိုဓါတ်ပုံရိုက်ပီး ပြပေးပါမယ်။

ဟုတ်ကဲ့

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58690.10
ETH 2310.28
USDT 1.00
SBD 2.49