၂ဝ၁၇ ခုနှစ်အတွင်း ခရီးသွားတွေ အလည်ပတ်ဆုံး နေရာများ travelling areasteemCreated with Sketch.

in #myanmar7 years ago (edited)

၂ဝ၁၇ ခုနှစ်အတွင်း ခရီးသွားတွေ အလည်ပတ်ဆုံး နေရာများ
၂ဝ၁၇ ခုနှစ်အတွင်း ထူးခြားတဲ့ အကြောင်းအရာတွေ၊ စိတ်ဝင်စားစရာအဖြစ်အပျက်တွေ၊ အချက်အလက်တွေ အကြောင်းတင်ပြနေတဲ့ ဒီကဏ္ဍကနေ ဒီတစ်ခါမှာတော့ ၂ဝ၁၇ ခုနှစ်အတွင်း ခရီးသွားတွေ အလည်ပတ်ဆုံး ခရီးသွားဒေသတွေအကြောင်းတင်ပြပါမယ်။

၁။ ဟောင်ကောင်

image

ဟောင်ကောင်ကတော့ ခရီးသွားလာရောက်မှုအများဆုံး စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ၂ဝ၁၆ ခုနှစ်အတွင်း ဟောင်ကောင်ဒေသကို လာရောက်တဲ့ခရီးသွား ၂၆ သန်းကျော်ရှိခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်မကုန်ခင်အချိန်မှာ လာရောက်သူ ၂၅ သန်းကျော်ရှိခဲ့ပြီး အရင်နှစ်ကထက် လျော့နည်းသွားတဲ့ အနေအထားရှိပေမယ့် ဒီပမာဏဟာ ဒုတိယနေရာက မြို့ထက်သာလွန်နေဆဲဖြစ်ပါတယ်။ နှစ်မကုန်သေးတဲ့အတွက်လည်း စာရင်းတွေထပ်တိုးလာဖို့ ရှိနေပါတယ်။ ဟောင်ကောင်ဟာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟောင်ကောင်သဘာဝ ပန်းခြံလည်းတည်ရှိသလို မီးတောင်တွေ၊ သဘာဝကျောက်ဆောင်တွေ အများအပြားလည်း တည်ရှိတဲ့အတွက် ကမ္ဘာ့လှည့် ခရီးသွားတွေစိတ်ဝင်တစားလာရောက်လေ့ရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ၊ စိတ်ဝင်စားစရာနေရာတွေနဲ့ ဆွဲဆောင်ထားနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

၂။ ဘန်ကောက်

image

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ကတော့ ခရီးသွားလာရောက်မှု ဒုတိယအများဆုံးနေရာမှာ တည်ရှိနေပါတယ်။ ၂ဝ၁၆ ခုနှစ်အတွင်း ခရီးသွား ၂၁ သန်းကျော် လာရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွင်းမှာတော့ ၂၃ သန်းကျော်ထိ လာရောက်ခဲ့တယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့ဟာ လည်ပတ်စရာနေရာတွေ များပြားသလို၊ သယ်ယူပို့ဆောင်ရေးစနစ်လည်းကောင်းမွန်တဲ့အတွက် ခရီးသွားတွေ ကြိုက်နှစ်သက်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြဘုရား၊ ပသူနန်းဧရိယာ၊ ခေါက်ဆမ်လမ်း၊ တရုတ်တန်းစတဲ့ နေရာတွေဟာ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်တစားလာရောက်လေ့ရှိတဲ့ ဘန်ကောက်မြို့ရဲ့ နေရာဒေသတွေဖြစ်ပါတယ်။

၃။ လန်ဒန်

image

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကတော့ ခရီးသွားလာရောက်မှု တတိယအများဆုံးနေရာဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်အတွင်း ခရီးသွား ၁၉ သန်းကျော်လာရောက်ခဲ့ပြီး ၂ဝ၁၇ အတွင်းမှာတော့ ခရီးသွား ၁၉ သန်းကျော်အထိ လာရောက်ခဲ့ပါတယ်။ ရှေးဟောင်းအဆောက်အအုံအများအပြားကို တွေ့ရှိလေ့လာနိုင်သလို တခြားဆွဲဆောင်မှုကောင်းတဲ့ နေရာအများအပြားလည်းတည်ရှိပါတယ်။ London Eye လို့ခေါ်တဲ့ လန်ဒန်မြို့ကို အပေါ်စီးက ကြည့်နိုင်တဲ့ လူစီးချားရဟတ်၊ Big Ben လို့ခေါ်တဲ့ ရှေးဟောင်းနာရီစင်၊ လန်ဒန်တာဝါနဲ့ ဘက်ဂင်ဟမ်နန်းတော်တို့ဟာ လန်ဒန်မြို့ရဲ့ ကျော်ကြားတဲ့နေရာတွေဖြစ်ပါတယ်။

၎။ စင်ကာပူ

image

အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံလို့ သတ်မှတ်ခံထားရတဲ့ စင်ကာပူနိုင်ငံကတော့ ခရီးသွားအလာရောက်ဆုံး စာရင်းရဲ့ နံပါတ် ၄ နေရာမှာ တည်ရှိနေပါတယ်။ ၂ဝ၁၆ ခုနှစ်အတွင်း လာရောက်တဲ့ ခရီးသွား ၁၆ သန်းကျော်ရှိပြီး ၂ဝ၁၇ ခုနှစ်အတွင်းလာရောက်သူ ၁၇ သန်းကျော် ရှိခဲ့ပါတယ်။ Gardens by the Bay လို့ခေါ်တဲ့ ပန်းခြံ၊ စင်ကာပူရုက္ခဗေဒပန်းခြံ၊ Waterfront Promenade စတဲ့ နေရာတွေကတော့ စင်ကာပူရဲ့ အထင်ကရနေရာတွေဖြစ်ပါတယ်။

၅။ မကာအို

image
မကာအိုကတော့ခရီးသွားလာရောက်မှုအများဆုံးနိုင်ငံတွေရဲ့အဆင့်၅နေရာမှာရပ်တည်နေပါတယ်။၂ဝ၁၆ခုနှစ်အတွင်း ၁၅ သန်းကျော်လာရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှာတော့ ၁၆ သန်းကျော်လာရောက်ခဲ့ပါတယ်။ မကာအိုတာဝါ၊ Fortaleza do Monte လို့ခေါ်တဲ့ မကာအိုပြတိုက်၊ A-Ma ဘုရားကျောင်း၊ The Ruins of St.Paul အဆောက်အအုံစတာတွေကတော့ မကာအိုကို ခရီးသွားတွေ စိတ်ဝင်တစားလာရောက်စေတဲ့ နေရာတွေဖြစ်ပါတယ်။

နောက်နှစ်တွေမှာ မြန်မာနိုင်ငံရဲ့အထင်ကရ ဖြစ်တဲ့ ပုဂံ လိုနေရာမျိုးလဲပါလာနိုင်ပါတယ်။ အားပေးကြပါဦး။

Credit - CNN photo

Sort:  

Interesting!

သွားချင်လိုက်တာ

ဟုတ်အကို ကျေးဇူးပါ

ခရီးသွားဝါသနာပါတယ်

Coin Marketplace

STEEM 0.15
TRX 0.24
JST 0.037
BTC 93453.45
ETH 1773.87
USDT 1.00
SBD 0.86