သုံးတတ်​လျှင်​​ဆေး မသုံးတက်​လျှင်​​ဘေး(အပိုင်း ၁၁)

in #myanmar6 years ago

2018 water festival plan
IMG_62468975776536.jpeg
၂၀၁၈ သင်္ကြန်​ပိတ်​ရက်​ဟာဆိုရင်​ဖြင့်​ ၅ရက်​ဖြင့်​ သာဖြတ်​သန်းခဲ့ရတယ်​။ IMG_62842138675667.jpegအရင်​က ၁၀ရက်​နီးပါး ပိတ်​​သော်​လည်း ​ယခုနှစ်​မှာ ၅ရက်​သာဖြစ်​​သော​ကြောင့်​ အစီစဉ်​​တွေလဲဖြတ်​ခဲ့ရတာ​တွေများတယ်​။
သင်္ကြန်​မကျခင်​ တစ်​လ​လောက်​အလိုထဲက ခရီးစဉ်​​တွေကို သူငယ်​ချင်း​တွေ group ​လေးဖွဲ့ပြီး​ဆွေး​နွေးဖြစ်​တယ်​ ။
Group ထဲမှာ လူ​တွေက များ​တော့ သိတဲ့အတိုင်းဘဲ တစ်​​ယောက်​တစ်​​ပေါက်​စီနဲ့ မသွားချင်​တဲ့လူမရှိ သွားမယ်​ဆိုတာကြီးဘဲ။
နေ့တိုင်း​ပြောဖြစ်​တယ်​ ခရီးစဉ်​အ​ကြောင်း​လေး​တွေ သွားချင်​တဲ့​နေရာ​တွေကလဲစုံလို့ ဘယ်​သွားလို့ သွားရမှန်း​တောင်​ မသိ​တော့ မဲများတဲ့ဘက်​ကို ​ရွေးဖို့ဆုံးဖြတ်​လိုက်​တယ်​။ FB_IMG_1488962410925.jpg
ဘယ်​​နေရာသွားသွား လိုက်​မဲ့လူက
ကိုယ်​အပါအဝင်​ ၃​ယောက်​က ပင်​တိုင်​စံ ​လေ။
ဘယ်​သွားသွားရတယ်​ လိုက်​မယ်​ဆိုတာကြီးဘဲ။shopping ထွက်​ပြီး ခရီးစဉ်​​တွေအတွက်​ ဝယ်​ကြမယ်​​ပေါ့ လူစုပြီး ခရီးမထွက်​ခင်​ ဝယ်​ကြရ​အောင်​ဆို​တော့ အားလုံးက ငြင်းသူမရှိ ok ဆို​ပြေ ပြန်​​ရော။
အဲ့လိုနဲ့​ဆွေး​နွေးလာတာ ၃လပိုင်းကုန်​တဲ့​နေ့​ရောက်​လာခဲ့ပြီ။ group ထဲမှာ စကားသံ​တွေငြိမ်​သက်​ကုန်​ပြီ။ ကျွန်​မက ​ပြောလိုက်​ပါသည်​ ။ ကဲ သူငယ်​ချင်းတို့​ရေ ခရီးသွားကား​တွေက ဘိုကင်​လုပ်​မှရ​တော့မယ်​ စာရင်းအတိကျ​ပြောကြ​တော့ ဘယ်​နှစ်​​ယောက်​လဲ​ပြောကြ​တော့ဆို​တော့ ။ ဘယ်​ကားနဲ့သွားမှာလဲ ။ဈေးက ဘယ်​​လောက်​လဲ ။ဘယ်​နှစ်​ရက်​လဲ။
သင်္ကြန်​တွင်းလား နဲ့အသံ​တွေထွက်​လာပြီ။
အရင်​က မရှိတဲ့ plan ​တွေလဲ ​ပေါ်လာပြိီ။ သင်္ကြန်​တွင်းဆို မသွားချင်​တဲ့လူလဲ​ပေါ်လာသလို ​ဈေးကြီးလို့ မသွားချင်​တဲ့လူနဲ့
ပိုက်​ဆံမရှိလို့ မသွားချင်​တဲ့လူနဲ့ အကုန်​ကျများလို့ ​ချွေတာချင်​တဲ့လူနဲ့​ပေါ်လာလိုက်​တာ
ရှိတဲ့လူလဲကုန်​ပြီ။ ​နောက်​ဆုံးကျွန်​မနဲ့သူငယ်​ချင်းနှစ်​​ယောက်​သာကျန်​ခဲ့​တော့သည်​။
သိလိုက်​ပါသည်​ ။ ထိုအဖွဲ့သားများနဲ့ခရီးစဉ်​မှာ ဘယ်​လိုမှဖြစ်​​မြောက်​လာနိုင်​ဖွယ်​မရှိ​ကြောင်းသိလိုက်​ရပြီ။
သူငယ်​ချင်းတစ်​​ယောက်​က လာ​ပြောသည်​။
ဘယ်​လိုလုပ်​မလဲတဲ့ ​မေး​တော့ ။ကျွန်​မက​ပြောလိုက်​ပါသည်​။ ငါ​တော့​တော်​တော်​စိတ်​ကုန်​သွားပြီ။ သူကလဲဟုတ်​တယ်​တဲ့ ။ လူမစုံရင်​​ပျော်​စရာမ​ကောင်းနိုင်​တာနဲ့ သူငယ်​ချင်းနှစ်​​ယောက်​တိုင်​ပင်​ပြီး အစီစဉ်​ဖြတ်​သိမ်း​ကြောင်း group တွင်​ ​ကြေညာလိုက်​သည်​။
အဲ့ချိန်​တွင်​ group ထဲတွင်​ကြားလိုက်​ရသည်​မှာ ကိုယ့်​​တွေ အပြစ်​​တောင်​ ​ပြော​နေကြ​သေးတယ်​ ။ ကိုယ်​ကဘဲ စဖြတ်​သလိုမျိုးကြီး။
စကားဆိုတာ လွယ်​လွယ်​မ​ပြောသင့်​ပါဘူး ။
ဘယ်​အရာမဆို ကိုယ့်​ဘက်​က အဆင်​​ပြေခြင်း
မ​ပြေခြင်းဆိုတာ ရှိပါတယ်​ ။ ကိုယ်​မတွက်​မဖြစ်​နိုင်​တဲ့အရာတစ်​ခုကို ရပါတယ်​ လုပ်​လို့မရပါဘူး။
ကျွန်​မတို့ group ထဲမှာ​ဆွေး​နွေးချိန်​ထဲက မသွားနိုင်​တဲ့လူ မသွားချင်​တဲ့လူ စိတ်​မပါတဲ့လူ​တွေအစ ထဲက ​ဘေးဖယ်​​နေခဲ့မယ်​ဆိုရင်​ ရှိတဲ့လူနဲ့ခရီးစဉ်​ဖြစ်​ခဲ့မှာပါ။
အခု​တော့ အချိန်​ကုန်​တယ်​ စိတ်​ပင်​ပန်းတယ်​ ဖုန်း​ဘေကုန်​တယ်​ အကျိုးမရှိပါဘဲနဲ့ ကုန်​ဆုံးခဲ့ရတယ်​ ။ အရင်​ဆုံးစဉ်းစားမဆုံးဖြတ်​ဘဲ
သူများ အို​ကေ ကိုယ်​ လိုက်​အို​ကေ ​နေလို့​တော့မရပါဘူး။
အခုချိန်​မှာ​တော့ ကုန်​ခဲ့တဲ့အချိန်​​တွေ
ဖုန်း​ဘေပိုက်​ဆံ​တွေ​အတွက်​နှ​မြော​နေမိ​တော့တယ်​။
ဘယ်​အရာမှ ကိုယ့်​သ​ဘောထားလိုမဟုတ်​ဘူးဆိုတာလဲသိလာခဲ့တယ်​ ။
ထို့​ကြောင့်​ မယုံကြည်​ရ​သော သူများ​တွေနှင့်​ အချိန်​ကုန်​ ဖုန်း​ဘေကုန်​ စိတ်​ပင်​ပန်း​သော အကျိုးမရှိ​သော အလုပ်​များကို စိတ်​ကုန်​သွားပါသည်​ ။ ဒါ​ကြောင့်​ သုံးတတ်​လျှင်​​ဆေး မသုံးတတ်​လျှင်​ ​ဘေး ဆိုသလို မလိုအပ်​သည်​များကို ​လျော့ချ၍ တကယ်​လုပ်​ရန်​လိုအပ်​သည်​များကိုသာ အစားထိုး ပြီး လုပ်​​ဆောင်​ နိုင်​ပါ​စေ​ကြောင်း ရည်​ရွယ်​၍ ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။
Thanks for steemit member all my fri
Own feel writing
Photo credit by facebook image
MSC-233
@nwenwe

Sort:  

ကျနော်တို့တော့ဒီနှစ်သင်္ကြန် ရေလုံးဝ(လုံးဝ)ကိုမစိုခဲ့ဘူးဗျာ သမီးလေးက မျက်စိအောက်က အပျောက်မခံလို့

ဟုတ်​လား

တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်ရမှာပဲလေ နော့😅

ဟုတ်​တယ်​ မလုပ်​နိုင်​ရင်​ အ​စောထဲက မစသင့်​ဘူး​နော်

လူအကြောင်းပေါင်းကြည့်မှသိတဲ့

မှန်​တယ်​ ဆရာ

ဒါဆိုအစီစဉ်​မ​အောင်​မြင်​လိုက်​ဘူး​ပေါ့...

သင်္ကြန်​​တော့လည်​လိုက်​ရတယ်​ Next post တွင်​ ဆက်​လက်​​ရေးသားပါမည်

ညီမက ပြုံးကြီးနဲ့ ရုံချင်းတူလို့ ထင်‌တယ်‌။တစ်‌ ခြားဟာ ‌ရေးပါဦး။

ရေရှည်​​ရေးရမှာမို့ သည်းခံပါ ​နော်

ကောင်းပါ၏

ဒါဆို သင်္ကြန်တွင်း ဘာမှလုပ်လိုက်ရဘူးပေါ့။

ကံ​ကောင်းလို့ လည်​လိုက်​ရတယ်

မမ fb မှာ ခရီးသွားရန် တိုသ်ပင်စဉ်က လူတေအမျာကြီး တလအလို တဝက် တပတ်အလို ဆယ်ယောက် တရက်အလိုမှာ ကိုယ်တျောက်ထဲ ကျန်တာ အာ့ပုံ သတိရမိတယ် ညီမ 😁😁
FB_IMG_1524186232758.jpg

ဟုတ်​တယ်​ အဲ့တိုင်းဘဲ

သင်္ကြန်တွင်းမှာ အိမ်တွင်းပုန်း လုပ်လိုက်ရတယ်ဆိုပါတော့

next post တွင်​ ဆက်ပါမည်

အကို မင်းကို ပုဂံခေါ်သားပဲ လိုက်ဖူးတဲ့
ကောင်လေးနဲ့ လည်မှာဆို

Ha Ha ဘဲရမယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54414.30
ETH 2295.54
USDT 1.00
SBD 2.30