အဆင့်​အတန်း(အပိုင်း၂)

in #myanmar6 years ago (edited)

ပတ်​ဝန်းကျင်​သာယာလှပ​ရေး
ငယ်​စဉ်​ကတည်းက နုတ်​ကျိုးစွာသင်​ခဲ့ဖူးသည်​ ။
စည်းကမ်းသည်​ လူ၏တန်​ဖိုး ဆိုပြီး​တော့​ပေါ့။
စာစီစာကုံး​တွေ​လဲ ​မြောက်​များစွာ​ရေးသားခဲ့ဖူးသည်​။
စည်းကမ်းသည်​ လူတိုင်းအားလုံးတွက်​အ​ရေးပါသည်​။ မည့်​သည့်​​နေရာတွင်​မဆို စည်းကမ်းရှိမှ ​လူ​နေမူ့ဘဝမြင့်​မားမည်​ဟု ကျွန်​မ မြင်​မိသည်​။
ကျွန်​မတို့​နေ​သော မြန်​မာနိုင်​ငံ၏ ပတ်​ဝန်းကျင်​ကို ကြည့်​ကြည့်​ပါ။ လမ်းတစ်​​လျှောက်​ စွန့်​ပစ်​အမှိုက်​များဖြင့်​ ပျံ့ကျဲ လျှက်​အတိုင်းသားမြင်​​နေရတယ်​ ။ အ​ယောက်​တစ်​ရာတွင်​ တစ်​​ယောက်​သာ စည်းကမ်းရှိစွာစွန့်​ပစ်​ကြသည်​။
ကျွန်​မသည်​လည်း အလွန်​စည်းကမ်းရှိလှသည်​​တော့မဟုတ်​ပါ။ သူ့​နေရာနှင့်​သူ​တော့ စည်းကမ်းရှိစွာ​နေထိုင်​ပါသည်​။
FB_IMG_1525332814043.jpg
Crd ;myanmar maps and yangon bus
ကျွန်​မသည်​ တစ်​​နေ့မြို့ထဲမှ အပြန်​တွင်​ ဟယ်​ပင်​ မှတ်​တိုင်​နားအ​ရောက်​တွင်​ ကားလမ်းပိတ်​၍ ကျွန်​မစီးလာ​သော ကားမှာ ရပ်​တန့်​​သောအ​နေအထားဖြင့်​ စက်​နိုးထားလျှက်​သားရှိ​နေပါသည်​။
ကျွန်​မသည်​ ကားပြတင်း​ပေါက်​နားတွင်​ထိုင်​ပါသည်​။ကျွန်​မ၏​ဘေးတွင်​ အမျိုးသမီး​တစ်​​ယောက်​ထိုင်​​နေပါသည်​။ထိုအမျိုးသမီးမှာ ​အ​ရောင်းအဝယ်​လုပ်​ရင်းပြန်​လာပုံရပါသည်​။သူမမှာ လွယ်​အိတ်​တစ်​လုံးလွယ်​ထားပါသည်​။ ထိုအချိန်​တွင်​ကား​ပေါ်သို့ ​ရေသန့့်​ဗူး​ရောင်းသူတစ်​ဦးတက်​လာပါသည်​။ ကျွန်​မလဲ​ရေဆာတာနဲ့ ​ရေတစ်​ဗူးဝယ်​​သောက်​ပါသည်​။ သူမလဲဝယ်​​သောက်​ပါသည်​။ များမကြာမီတွင်​ သူမသည်​ သူ့၏လွယ်​အိတ်​ထဲမှ မုန့်​ဖတ်​ထုပ်​ ကို ယူ၍စားပါသည်​။FB_IMG_1525332337073.jpg
Crd; မြန်​မာ မုန့်​ဖတ်​ထုတ်
ပြီးလျှင်​ ကျွန်​မအား​ကျော်​လျှက်​သူမ၏လက်​က ပြတင်း​ပေါက်​နားသို့​ရောက်​လာပါသည်​။
သူ့မပုံစံမှာ အမိုက်​ချရန်​လုပ်​လျှက်​ရှိပါသည်​။ ကျွန်​မက​ပြောလိုက်​ပါသည်​။ အန်​တီလမ်းမကြီးက​ပြောင်​​လက်​​နေတယ်​ အမှိုက်​မရှိဘူးမချပါနဲ့​ပြော​တော့ လက်​တွန့်​ပြီး​နောက်​ဆုတ်​သွားသည်​။ ကားကလဲလမ်းပိတ်​တာ​ကြောင့်​ မထွက်​​သေး ။ ကျွန်​မလဲ​နေထိုးတာ​ကြောင့်​​တော်​​တော်​လဲပူ​နေတာနဲ့ ​ရေ​သောက်​လိုက်​ သကြားလုံးစားလျှက်​ရှိ​နေပါသည်​။
သကြားလုံးခွံများကို ​ကျောပိုးအိတ်​ထဲသို့ ထည့်​လိုက်​ပါသည်​။ ဒါကိုလဲသူမ မြင်​ပါသည်​။ သူ့မကို​ပြောလိုက်​တာကို​ကျေနပ်​ပုံမရပါ ။ကျွန်​မလဲ မသိချင်​​ယောင်​​ဆောင်​​နေလိုက်​ပါသည်​။ မကြာမီ ကားလမ်းပိတ်​တာ​လျော့လာသဖြင့်​ ကားထွက်​ပါပြီ။ ကားမှာ​တ​ရွေ့​ရွေ့မှ အမြန်​နုန်းထားသို့​ပြောင်းကာ ​မောင်းလာခဲ့ပြီ ။ ထိုအချိန်​တွင်​ သူမမှာ ကျွန်​မကို​ကျော်​၍ ပြတင်း​ပေါက်​က​နေ မုန့်​ဖတ်​ထုတ်​ အမိုက်​ကို
ပစ်​ချလိုက်​ပါသည်​။
ကျွန်​မလဲ ဘာမှ​ပြောမထွက်​​တော့ ပါဘူး
အံ့သြခြင်းများစွာဖြင့်​ ပါးစပ်​ကိုပိတ်​ကာ သက်​ပြင်းရှည်​ကြီးချလိုက်​ပါ​တော့သည်​။ဒီလို လူမျိုး​တွေရှိ​နေသ၍ မြို့လည်​​ခေါင်​​နေရာ​တွေမှာ အမိုက်​​တွေနဲ့ အရုပ်​ဆိုး​စေ​တော့မည်​။
ကျွန်​မတို့နိုင်​ငံသည်​ ဖွံဖြိုးဆဲနိုင်​ငံ​လေး
တစ်​ခုသာရှိပါ​သေးသည်​။ သူများ​တွေလိုဖွံ့ဖြိုးပြီး​သော နိုင်​ငံတစ်​ခုအဖြစ်​ရပ်​တည်​ချင်​ရင်​ အဆင့်​မှီချင်​ရင်​​တော့ တစ်​ဦးတစ်​​ယောက်​တည်း​ကောင်းရုံနှင့်​မရပါ ။ အများအားလုံး​ကောင်းရမည်​ဟုမြင်​မိပါသည်​။ အ​သေးအဖွဲ့​လေးကအစ ပြင်​နိုင်​မှ​တော်​ရုံကျမည်​။
စင်္ကာပူ နိုင်​ငံ ကိုအားကျမိပါသည်​ ။ FB_IMG_1525332432409.jpg
Crd; singapore image
နိုင်​ငံ ချမ်းသာခြင်း မချမ်းသာခြင်းထက်​ စည်​ကမ်းရှိ​သောလူများကို မြင်​​တွေ့ရသလိုပါဘဲ။ သူတို့နိုင်​ငံမှာ စည်းကမ်းမဲ့စွာ အမိုက်​စွန့်​ပစ်​ခြင်းမရှိလို့ပါဘဲ ။
အမိုက်​ကစ ပြဿဒ်​ မီး​လောင်​ဆို​သော
စကားပုံကို သူမကို​တွေ့သည့်​​နေ့က ​ကောင်းစွာနားလည်​သွားပါသည်​။
ကျွန်​မသည်​ ကိုယ်​တိုင်​စည်းကမ်းရှိလှသည်​ဟု မမှတ်​ယူပါ။ဒါ​ပေမဲ့ အမှိုက်​တစ်​စမှမရှိတဲ့ လမ်းမှာ​တော့ အမှိုက်​ချရမှာအလွန်​ရှက်​ပါသည်​။
ထို့​ကြောင့်​ကျွန်​မသည်​ အမှိုက်​ပစ်​မည်​​ဆိုလျှင်​သူမကို​ပြေးမြင်​​ယောင်​မိပါသည်​။သူမသည်​ ကျွန်​မအတွက်​ အမှတ်​တရ​တွေ​ပေးခဲ့​ချေပြီ ။ ထို့​ကြောင့်​ သူမလိုလူများ ပ​ပျောက်​ကာ စိတ်​ဓာတ်​အဆင့်​အတန်းမြင့်​မား​သောသူများနှင့်
နိုင်​ငံကြီး ဖွံ့ဖြိုးလာနိုင်​​ပါ​စေ ဆု​တောင်းရင်း ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။
(စာ​ရေးသားမူ့တွင်​ အမှားပါသည်​က နားလည်​​ပေးကြပါရန်​ကြိုတင်​၍ ​မေတ္တာရပ်​ခံအပ်​ပါသည်)​။
ဆက်​ရန်​.......................
Thanks for steemit member all my fri
Credit by facebook image
MSC-233
@nwenwe

Sort:  

Congratulations @nwenwe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

စည်းကမ်းသညါလူ၏တန်းဖိုးဆိုတာ
နားမလည်၍ဖြစ်ပါလိမ့်မည်။

ဟုတ်​တယ်​လို့

ညီမ ရေ ကားပေါ်မှာ အမိုက်ပုံးပါဘူးလား
သူ့ ကိုပြောပြလိုက်ပါ
နောက်တွေ့ ရင် ဟီး

အဲ့တုန်းကမပါဘူး​လေ

အားလုံးကစိတ်​အားထက်​သန်​ပြီးလိုက်​နာမှအဆင်​​ပြေမှာပါ...

အမှန်​ဘဲ

စည်းကမ်းရှိမှတိုးတက်​မည်​ဆိုတဲ့စကားအညီ အမှိုက်​​တွေကိုစည်းကမ်းရှိရှိပစ်​ကြရင်​​တော့​ကောင်းတာ​ပေါ့ဗျာ

တစ်​ချို့ဆိုလမ်းတစ်​​လျှောက်​အမိုက်​ပုံးရှိတာ​တောင်
မထည့်​ကြဘူး စိတ်​ပျက်​တယ်

စည်းကမ်းမဲ့တဲ့သူတွေကြောင့် တို့နိုင်ငံကြီး ညစ်ပတ်နေတာပါ

ဟုတ်​တယ်

စည်းကမ်းရှိမှ နိင်ငံတိုးတက်မှာပေါ့ဗျာ😊😊

တက်‌သိသူ‌တွေ ‌ပေါတယ်‌ သိတက်‌သူ‌တွေ ရှားတယ်‌တဲ့။

ဟုတ်​တယ်

အရေးအသား တော်တော်ကောင်းတယ် ကားပေါ်မှာ အရိုက်မခံရတာ ကံကောင်းတယ် မှတ်

ဟုတ်​တယ်​ ရိုက်​​ပေါက်​မိ​တော့မလို့

ပွဲတစ်ပွဲပြီးရင် သိမ်းပေတော့ အမှိုက်တွေ အားလုံး လိုက်နာမှ အဆင်ပြေမှာ ဒါထက် ညီမ ပုံ crd ပေးတာ မှားနေတေ တစ်ရက်တော့ လာသင် ညီမရေ😊

ဟုတ်​ သင်​​ပေးပါ Pls

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54461.78
ETH 2294.45
USDT 1.00
SBD 2.28