မနောကွင်းသို့အလည်သွားမယ်
အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ
မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီနားမြို့ရဲ့ အလှကို တစ်ထောင့်တစ်နေရာက ဖော်ကျူးနေပါတယ၊် ယခုဖော်ပြမှာတော့ မြစ်ကြီးနားမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ မနောပွဲကျင်းပရာ မနောကွင်းရဲ့အလှတရားတွေအကြောင်းပါ
Steemit ညီအစ်ကိုမောင်နှမတွေကိုလည်း မြစ်ကြီးနားမြို့ရောက်ရင် မနောကွင်းကို ရောက်အောင်သွားလည်ကြဖို့ ဦးစွာဖိတ်ကြားပရစေ ခင်ဗျ
မနောကွင်းရောက်ရင် အမှတ်တရအဖြစ် ဓာတ်ပုံရိုက်စရာနေရာတွေလည်းအများကြီးရှိပါတယ်၊ သစ်ပင်တွေနဲ့ ရိုက်မလား၊ မနောတိုင်နဲ့ရိုက်မလား၊ မြက်ခင်းစိမ်းပေါ်မှာ ရိုက်မလား selfie သမားတွေတွက် နေရာကောင်းလေးတစ်ခုပါ။
အလည်လာတဲ့သူတိုင်း ဓာတ်ပုံမရိုက်ပဲ မပြန်သွားတဲ့ နေရာလေးကတော့ မနောတိုင်ကြီးရှိရာပေါ့၊ လူတော်တော်များများ ကမနောတိုင်ရှေ့မှာ ပိုစ့်အမျိုးမျိုးထုတ်ပြီး တစ်ယောက်တစ်လှည့် ရိုက်ပေးနေကြတာ မနောကွင်း ရောက်တိုင်းလိုလို တွေ့ရပါတယ်
သစ်ပင်တွေကလည်း စီစီရီရီနဲ့စနစ်တကျစိုက်ပျိုးထားတဲ့တွက် ဓာတ်ပုံရိုက်ဖို့ နောက်ခံကောင်းတစ်ခုပါပဲ၊ သစ်ပင်တွေက အကြီးကြီးတွေလည်း ဖြစ်တော့ အရိပ်ကောင်းကောင်းမရမှာတော့ ပူစရာမလိုပါဘူး ခင်ဗျ ၊ နွေရာသီဆို သစ်ပင်အောက်မှာ လေလေးတဖြူးဖြူးနဲ့ ဖျာလေးတစ်ချပ် အိမ်ကယူလာပီး အိပ်ရင်တော့ ဇိမ်ရမ်းကျပါတယ်။
မြက်ခင်းတွေဟာဆိုလည်း အမြဲစိမ်းစိုနေတာတွေ့ရတော့ ရင်ထဲအေးချမ်းမှုကို ခံစားရတယ်ခဗျ မြက်ခင်းတွေပေါ် အိပ်ရင်းပဲဖြစ်ဖြစ် ဘယ်လို ပိုစ့်ပေးပေး ဓာတ်ပုံကောင်းတစ်ခု ရမှာအသေချာပါပဲ ၊ မြက်ခင်းစိမ်းတွေပေါ် မှာ ပျော်ပျော်ပါးပါးမိသားစုလိုက်ဖြစ်ဖြစ် သူငယ်ချင်းတွေစုပီးဖြစ်ဖြစ် ပျော်ပွဲစားထွက်ရင်း အပန်းဖြေလို့လည်းရပါတယ်၊ အိမ်က မုန့်တွေ ဟင်းတွေထည့်ခြဲ့ပီး မြက်ခင်းပေါ် ဝိုင်းဖွဲ့ပီး စားသောက်ကြတာ တကယ့်ပျော်စရာကြီးခင်ဗျ ၊တိတ်ဆိတ်ငြိမ်သက်ပြီး အလွန်အေးချမ်းတဲ့ နေရာတစ်ခုပါ၊ လာလည်တဲ့ သူတွေ အဆင်ပြေအောင် သစ်ပင်တွေအောက် ထိုင်ခုံလေးတွေ တန်းစီဘဲ ထားပေးထားပါတယ် ။မနောကွင်းပြင်ကြီးကလုံးဝ ကျယ်လွန်းပါတယ၊် လာသူတွေ များတယ့်နေ့တွေတောင်နေရာတွေ က ရှိနေပါတယ် နောက်ကျလို့ လာလည်း နေရာမရှိစရာ မပူရတော့ဘူးပေါ့။
မနောကွင်းက အပန်းဖြေစရာ နေရာတစ်ခုဖြစ်ရုံမက စားသောက်ဆိုင်ကောင်းတွေလည်း ရှိသေးတယ်ခဗျ ၊ အိမ်ကအစားအသောက်တွေမပါလာလည်းစိတ်ပူစရာမလိုတော့ဘူးပေါ့၊ ဆိုင်တွေက သန့်လည်းသန့် ဧရာဝတီမြစ်ဘေးနားဆိုတော့ လေကောင်းလေသန့်လည်းရပါတယ် ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သီးသန့်စားနိုင်တဲ့ ဝါးထရံလေးတွေနဲ့ဆောက်ထားတဲ့ ဆိုင်လည်းရှိပါသေးတယ်။
ကျွန်တော်ကတော့ မနောကွင်းကို မြဲတမ်းသွားရောက်အနားယူတယ်၊ သူငယ်ချင်းအနည်းငယ်စုပြီး အစားအသောက်တွေ ထည့်ပြီး တစ်နေကုန် နေလေ့ရှိပါတယ်။ စိတ်အပန်းလည်းပြေသလို မြက်ခင်းစိမ်းပေါ်မှာလဲအိပ်ပြီး နေရတာကိုလည်း နှစ်သက်သဘောကျပါတယ်။ ကျွန်တော့ကတော့ ကျောင်းပိတ်တိုင်းလို ရောက်ဖြစ်တယ် အပန်းလည်းဖြေရင်း အတွဲလည်း ချောင်းရင်းပေါ့😜 အတွဲတွေ လည်း တစ်တွဲပြီးတစ်တွဲ လာလိုက်ပြန်လိုက်နဲ့ပါ😁
ညနေပိုင်းတွေဆို လူပိုစည်ပါတယ်ခင်ဗျ ၊ ဘာလို့ဆို အားကစားလာလုပ်တဲ့သူတွေ ရှိလို့ပါ ကွင်းပတ်ပြေးသူတွေ၊ ကြိုးခုံသူတွေ၊ လမ်းလျှောက်သူတေ၊ွ မြက်ခင်းပေါ်ဘက်စကတ်ဘောကစားသူတွေ စသဖြင့် လူစုံတွေ့ရပါတယ်။ ကိုယ်ဝါသနာပါရင် ဝင်ပြီးပါဝင်လို့ရပါတယ် ဖော်ရွေကြပါတယ်။
မနောကွင်းထဲမှာ ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်ခန်းတွေ လုပ်နိုင်တယ့် Gym အားကစားခန်းမလည်း ဖွင့်ထားသေးတယ် ခင်ဗျ ၊ ဝင်ရောက်လေ့လာလို့ရပါတယ်၊ ကျွန်တော်တော့ဝင်သွားပြီး စမ်းကြည့်ဖူးတယ် အလေးတုံးတွေက စိုက်စုံပါဘဲ မတောင်မကြည့်ခဲ့သေးတယ် အတော်လေးသား😁
မြစ်ကြီးနားမြို့မှာ ပွဲတော်တော်များများကို မနောကွင်းမှာစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတာတွေ့ရပါတယ်၊ ပွဲလုပ်တယ့် စင်ကြီးဟာလည်း အကြီးကြီးပါဘဲ ဂီတပွဲတွေ ကျင်းပလေ့ရှိတယ် ရမ်းစည်ပါတယ်။ ပွဲမရှိတယ့်ခါဆို စင်ကြီးပေါ်တက်ပြီး သီချင်းလျောက်ဆိုလိုက်၊ စလိုက်နောက်လိုက်နဲ့ ပျော်စရာကြီးပါ ။
မနောကွင်းမှာ တစ်ခါတစ်ခါ မနောပွဲကျင်းပတတွေ့ရပါတယ်၊ အကမျိုးစုံနဲကြက်ပျံ မကျစည်ကားလှပါတယ် ၊ ဒီနှစ်မနောပွဲ ကျင်းပဖြစ်ရင် steemit ညီအစ်ကိုမောင်နှမတွေကို ပြန်လည်ဝေမျှပေးသွားပါမယ် ခင်ဗျ။
Steemit ညီအစ်ကိုမောင်နှမတွေအားလုံကျေးဇူးတင်ပါတယ် ခင်ဗျ
Photo - credit
Author - @naythuya
Msc - 169
မြစ်ကြီးနားမြို့ကနေလို့ကောင်းတယ်ဘဒို ဘယ်နေရာသွားသွားအေးနေတာပဲ
ဟုတ်တယ် ခင်ဗျ😉
အလည်တစ်ခေါက် အရောက်လာချင်ပါတယ် Bro ရေ။
Welcome bro😉I follower to your steemit blog.
လည်ချင်စရာမြို့တစ်ခုပါ👌👌👌
Welcome to myitkyina😉
ဒီနှစ်မနောပွဲလုပ်ဖြစ်သလားbro
မသိဘူးခင်ဗျ လုပ်ဖြစ်မလား မနှစ်ကတော့မလုပ်ဘူး
လာလည်ချင်ပါတယ်bro
လာလည်လေ အစ်ကို လည်စရာတွေရှိသေး😉
တစ်နေ့နေ့တော့အလည်ရောက်ဖြစ်အောင် လာပါဦးမယ်ဗျာ
Welcome bro😉
တစ်နေ့အတူတူအတ်ဲချောင်းတာပေါ့😝
ကြာသလားလို့😝
တနေ့တော့အရောက်လာမယ်ဗျို့
ဟုတ်ကဲ့ လာလည်လေအစ်ကို😉
ဖတ်လို့ကောင်းပါတယ် အစ်ကို
Thank you😉
လေ့ကျင့်ခန်းလုပ်ရင်း အတွဲလိုက်ချောင်းကြမယ်ဗျာ😁😁
😁ကြာသလားလို့ shake shake😛