Ngwe Saung လွမ်းချင်း

in #myanmar6 years ago (edited)

image
ဧည့်​ကြို​ကောင်​တာ​ရောက်​​တော့ကျွန်​​တော့်​ညီနာမည်​​ပြောပြီးသူ့ဧည့်​သည်​များဖြစ်​​ကြောင်း​ပြောလိုက်​သည်​။သူကြို​ပြောထားပုံရသည်​။ချက်​ချင်းဖုန်းဆက်​လိုက်​ပြီးကျွန်​​တော်​တို့ကိုခဏ​စောင့်​ရန်​​ပြောသည်​။ကျွန်​​တော့်​ညီထွက်​လာပြီးအထုတ်​အပိုးများကိုအကြို့အပို့ကား​ပေါ်တင်​တာကျွန်​​တော်​တို့လည်းတက်​လိုက်​ပြီးဘယ်​​နေရာတွင်​ဘာရှိ​ကြောင်း​လက်​လံ​ပြသ​နေသည်​။နံနက်​၄နာရီခွဲသာရှိ​သော​ကြောင့်​ပြသာပြ​နေသည်​ကျွန်​​တော်​တို့ကဘာမှမ​တွေ့ရ​ပေ။မနက်​မိုးလင်းမှလိုက်​ကြည့်​ရန်​အကြံ​ပေးသည်​။ဟို​ကွေ့ဒီ​ကွေ့နှင့်​သွားပြီးသိပ်​မကြာမီကျွန်​​တော်​တို့အခန်းကို​ရောက်​လာခဲ့​လေသည်​။အထုတ်​အပို်းများအခန်းထဲသို့ထည့်​ပြီးသူမနက်​ဂျူတီပြီးမှလာခဲ့မည်​ဖြစ်​​ကြောင်း​ပြောကာပြန်​သွားသည်​။ကျွန်​​တော်​က​တော့တစ်​လမ်းလုံးအိပ်​လာဖြင့်​အိပ်​​ရေးဝ​နေပြီဖြစ်​​သော်​လည်းကျန်​​လေး​ယောက်​မှာအိပ်​ချင်​မူးတူးပုံစံဖြစ်​​နေကြသည်​။စော​သေးသည့်​အတွက်​တစ်​​ရေစ​လောက်​အိပ်​ပြီးမှ​ရေဆင်းကူးကြရန်​တိုင်​ပင်​ကြပြီးအိပ်​ကြ​လေသည်​။
image
နံနက်​စာမှာလည်းဒီ​နေ့အတွက်​မပါသဖြင့်​အပြင်​မှာသွားစားကြရမည်​ဖြစ်​သည်​။ကျွန်​​တော်​က​တော့ဝိုင်​ဖိုင်​လိုင်း​ကောင်းသဖြင့်​youtubeထဲဝင်​​မွှေ​နေ​တော့သည်​။တစ်​နာရီ​လောက်​သုံးပြီးကျွန်​​တော်​လည်းအိပ်​ချင်​လာသဖြင့်​အိပ်​ချလိုက်​​တော့သည်​။
image
မျက်​နှာတွင်​ပူလာသဖြင့်​လက်​ဖြင့်​စမ်းကြည့်​လိုက်သည်​။ဘာမှမရှိ​ပေ။မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့စူးခနဲဖြစ်​သွားသဖြင့်​ပြန်​မှိတ်​ထားလိုက်​ရသည်​။နေ​ရောင်​သည်​နေရာအနည်းငယ်​ဟ​နေ​သောပြတင်း​ပေါက်​မှ်​မျက်​နှာ​ပေါ်သို့ကျ​နေခြင်းဖြစ်​သည်​။နေ​တော်​​တော်​မြင့်​​နေပြီဖြစ်​သည်​။နာရီကြည့်​လိုက်​​တော့ကိုးနာရီထိုး​နေပြီဖြစ်​သည်​။ကျန်​တဲ့​လေး​ယောက်​​ကြည့်​လိုက်​​တော့်​အိပ်​​မောကျ​နေကြသည်​။ 
![image](
image
ပင်​လယ်​နှင့်​​ဝေး​နေသည်​မှာအ​တော်​ကြာပြီဖြစ်​​သော​ကြောင့်​​စိတ်​လှုပ်​ရှား​နေမိသည်​။ဖြူ​ဖွေး​နေ​သောသဲ​သောင်​ပြင်​သို့တစ်​၀ုန်းဝုန်းနှင့်​ရိုက်​ခတ်​​နေ​သော​ရေလှိုင်းများနှင့်​မိုးကုတ်​စက်​၀ိုင်းအထိရှိ​နေ​သော​ရေပြင်​ကြီးကို​ဘွားကနဲ့​တွေ့လိုက်​ရ​သောအခါကျွန်​​တော်​တို့အကုန်​လုံးအပြုံးကိုယ်​စီနှင့်​ပီတီဖြစ်​​နေကြသည်​။ကျွန်​​တော်​တို့သည်​ဟိုတယ်​​ရှေ့မျက်​နှာစာမှထွက်​လာခြင်းမဟုတ်​ဘဲရွက်​​လှေသမားများ​လေ့ကျင့်​​သောဖက်​မှထွက်​လာခြင်းဖြစ်​သည်​။ရေကူးကန်​သည်​ဟိုတယ်​​ရှေ့မျက်​နှာစာမှာရှိသည်​။ကျွန်​​တော််​တို့ထွက်​လာသည့်​ဖက်​တွင်​မီးပြတိုက်​ပုံစံတူပြုလုပ်​ထားတာရှိသည်​။(ဆက်​ရန်​.)
@naylinn
MSC 196
Steemit မှမိတ်​​ဆွေအ​ပေါင်းချမ်းသာကိုယ်​စိတ်​မြဲပါ​စေ

Sort:  

လွမ်းချင်းလေးအရမ်းကောင်းတယ်။နောက်လည်း ခုလိုဗဟုသုတတိုးစေတဲ့အကြောင်းအရာလေးတွေများများတင်ပေးကြပါနော်။အမြဲတမ်းအားပေးလျက်ပါ

ဒီနှစ်​မသွားနိုင်​လို့ လွမ်း​နေတာ​ဗျာ

ငွေဆောင်ကမ်းခြေ ကို ကမ်ခြေထဲမှာ ပိုလှတယ်လို့ခံစားမိတယ်ဗျာ။ပျော်စရာကောင်းပါတယ်။

တစ်​ခြားကျွန်း​တွေကပိုလှတယ်​ မသွားနိုင်​​တော့လို့

တစ်ခေါက်လောက်တော့ ရောက်ဘူးချင်သေးတယ်

လာချင်​ရင်​ နီးနီး​လေး​ပါ​ဗျာ

ငွေဆောင် ကိုမရောက်ဖူးဘူး

သွားကြည့်​ပါ သာယာပါတယ်

ချောင်းသာ နဲ့​ငွေ​ဆောင်​ကို ပြန်​လည်​သတိရတယ်

နောက်​တစ်​​ခေါက်​ထပ်​သွား​ဗျာ

‌ပျော်‌စရာကြီး‌ပေါ့။

ဟုတ်​ကဲ့

ဆက်ဖတ်ဖို့စောင့်မျှော်နေပါ့မယ်ဗျ

ကျေးဇူးပါ

အုန်းစိမ်းရည် နဲ့ ပုဇွန်ကင် စားချင်တယ် ..

စားလို့​ကောင်းတယ်​ အန်​တီ

ငွေဆောင်တွင် ရေဆင်းကူးကြတော့မည်ဆိုသောအခါ

ကူးပြီ​လေ

ဒီpostဖတ်ပြီးတော့ ချောင်းသာသွားခဲ့တာကိုသတိရမိတယ် ကောင်းသောpostတစ်ခုပါ

ဟုတ် ​​ကျေးဇူးပါ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 58484.86
ETH 3100.06
USDT 1.00
SBD 2.40